YAMADAKUN to 7 NANANIN no MAJO

YAMADAKUN to 7 NANANIN no MAJO



-- ဇာတ်လမ်းအကျဉ်း --


ယာမာဒါ ရုတစ်ယောက် အထက်တန်းကျောင်းရောက်လာတော့ ဘဝသစ်စတင်ပြီးတော့ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး ကျောင်းသားဘဝကိုဖြတ်သန်းချင်ခဲ့တယ်။ ဒါ့ကြောင့်ပဲ ကြမ်းတမ်းတဲ့ ဆိုးသွမ်းလူငယ် ဆိုတဲ့ဂုဏ်ပုဒ်ကို လူမသိလောက်တဲ့ ဆူဇာကုအထက်တန်းကျောင်းကိုတက်ဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် သူ့ကိုချဉ်တဲ့သူတွေများလာကြောင့် နောက်ပိုင်း စိတ်ပျက်စရာဖြစ်လာခဲ့တယ်။ ယခုဒုတိယနှစ်မှာလဲ သူဟာယခင်အတိုင်းပဲ အတန်းထဲမှာ ဆိုးဆိုးဝါးဝါးအဆင့်နဲ့ လမ်းပေါ်ရန်ပွဲတွေနဲ့ပဲ နှစ်ပါးသွားနေတော့တယ်။ တစ်ရက်မှာတော့ ကျောင်းရုံးခန်းထဲကိုရောက်ပြီးတဲ့နောက် စာတော်ပြီးချောမာလှပတဲ့ ရှီရအိချိ အူရာရာနဲ့တွေ့ဆုံခဲ့တယ်။ သူတို့နှစ်ယောက် လှေကားပေါ်ကနေခြေချော်ကျပြီး အလဲလဲအကွဲကွဲဖြစ်ပြီးတဲ့နောက် အမှတ်မထင် နမ်းမိသွားတယ်။
သူတို့နှစ်ယောက်ဟာ နမ်းလိုက်ရုံနဲ့ခန္ဓာကိုယ်ချင်းလဲလှယ်နိုင်ကြောင်း တွေ့ရှိခဲ့ပြီးနောက် ၎င်းအစွမ်းကပင် သူတို့မှာ ပြဿနာတွေ၊ အဆင်မပြေမှုတွေ ဝိုင်းဝိုင်းလည်နေကြောင်းကို သက်သေပြလိုက်လေသည်။ သူတို့ရဲ့အစွမ်းကို ရိပ်မိသွားတဲ့ ကျောင်းသားကောင်စီနဲ့ သဘာဝဖြစ်ရပ်ဆန်းလေ့လာရေးအသင်းရဲ့ တစ်ဦးတည်းသောအသင်းဝင် မီယာမူရာ တိုရာနိုဆူကဲက သူ့အသင်းထဲသွတ်သွင်းပါတော့တယ်။ နောက်ပိုင်းမှာတော့ အများနှင့်မတူဘဲ သဘာဝဖြစ်ရပ်ဆန်းတွေကိုမှ စိတ်ဝင်စားတတ်တဲ့ အီတိုအု မီယာဘီ ကပါအသင်းထဲဝင်လာခဲ့ပြီး ဆူဇူကာအထက်တန်းကျောင်းရဲ့  ဒဏ္ဍာရီလာကဝေခုနှစ်ဖော်နဲ့ ၎င်းတို့ရဲ့စွမ်းအင်အသီးသီးကို ပိုင်ဆိုင်ရရှိထားတဲ့ ကျောင်းသူခုနှစ်ယောက်ကို အနမ်းမှတစ်ဆင့် ရှာဖွေတွေ့ရှိနိုင်ကြောင်းသိလိုက်ရတယ်။ သူတို့ရဲ့  သဘာဝဖြစ်ရပ်ဆန်းလေ့လာရေးအသင်းဟာ ပထမဆုံးသောတာဝန်အနေနဲ့ ကဝေပျိုအားလုံးရဲ့ အထောက်အထားတွေကို  စတင်ရှာဖွေကြပါတော့တယ်။

[ ကိုးကား MAL]

 အကြောင်းအရာ
အမျိုးအစား။။ တီဗီဇာတ်လမ်းတွဲ
အပိုင်းပေါင်း။။ ၁၂
အခြေအနေ။။ ထုတ်လွှင့်ပြီး
ထုတ်လွှင့်။။ ဧပြီ ၁၂၊ ၂၀၁၅ မှ ဂျွန် ၂၈၊ ၂၀၁၅
အမျိုးအစား။။ Harem, Mystery, Comedy, Supernatural, Romance, School, Shounen
ကြာချိန်။။ တစ်ပိုင်းလျှင် ၂၄ မိနစ်
Rating: PG-13 - ၁၃နှစ်နှင့်အထက်

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12

Comments

Anonymous said…
Drive source error from6to12

Popular posts from this blog

Lookism