Gundam 00 Season I

Mobile Suit Gundam 00

Season I


Gener: Action, Military, Sci-Fi, Space, Drama, Mecha
Imdb 8.2; Myanimelist 8.2
Total Episode 25

Major Award-Anime Grandpix(2nd Position-ဒုတိယဆု) ။ အဆိုပါနှစ်အတွက် anime grandpix ပထမဆုရှင်ကတော့ ကျွန်တော့်အကြိုက်ဆုံးနဲ့ epic အဖြစ်ဆုံး anime ကြီး
Code Geass ဖြစ်ပါတယ်။
Sypnosis ကမ္ဘာကြီးမှာဇီဝရုပ်ကြွင်းလောင်စာတွေကုန်ခမ်းလာတဲ့အတွက် ၂၁ ရာစုအကုန်မှာ ကမ္ဘာ့မဟာအင်အားကြီးအဖွဲ့ကြီးသုံးဖွဲ့ဖြစ်တဲ့ Union, AEUနဲ့ Human Reform League တို့ဦးဆောင်ပြီးတော့ စွမ်းအားရင်းမြစ်သစ်တစ်ခုဖြစ်တဲ့နေစွမ်းအင်ဘက်ကိုခြေဦးလှည့်ခဲ့ကြပါတော့တယ်။ ကီလိုမီတာ5သောင်းကျော်ရှည်လျားတဲ့ကမ္ဘာပတ်ဓာတ်လှေကားကြီး3ခုကိုနှစ်200နီးပါးအချိန်ယူတည်ဆောက်အပြီး10နှစ်အကြာ AD2307မှာ လူတွေဟာ ထင်မှတ်မထားတဲ့အဖြစ်ကြီးတစ်ရပ်နဲ့ကြုံတွေ့ရပါတော့တယ်။အဲဒါကတော့ စစ်ပွဲတွေကိုရှင်းထုတ်ပစ်မယ်လို့ကြွေးကြော်လာတဲ့ Celestial Being ဆိုတဲ့အဖွဲ့ပါ။
မကုန်ခမ်းနိုင်တဲ့နေစွမ်းအင်ကြီးရတဲ့အထိကို တစ်ဖက်နဲ့တစ်ဖက်ရန်စောင်တာတွေ အကြမ်းဖက်မှုတွေရှိနေသေးတဲ့လောကကြီးဟာCelestial Beingပေါ်ထွက်လာတဲ့အခါမှာ
အတော်ကိုပြောင်းလဲသွားပါတယ်
ပြောင်းလဲမှုကတော့အကောင်းရော
အဆိုးရောဒွန်တွဲနေခဲ့တာပါ။ Celestial Being ရဲ့ တာဝန်တွေဟာ Gundam ဆိုတဲ့အလွန်အစွမ်းထက်တဲ့  mobile suit ၄ စင်းကြောင့် အထူးအောင်မြင်ခဲ့ပြီးသူတို့အကြောင်းဟာ ဟိုးဟိုးကျော်ဖြစ်လာပါတော့တယ်။
တစ်ဖက်မှာလဲ သူတို့ရဲ့အင်အားသုံးကြားဝင်ဖွက်ဖက်ရေး
ဝါဒကိုဆန့်ကျင်သူတွေ၊ မိမိတိုင်းပြည်ပိုမိုအင်အားကြီးလာစေရေးအတွက် Gundam တွေကို လုယူချင်တဲ့အင်အားစုကြီး3စုတို့ဟာ
Celestial Being ကိုအာခံခဲ့ပါတယ်။
Celestial Being ရဲ့ရည်မှန်းချက်ကြီးကရော အောင်မြင်မှာလား။သူတို့ရန်သူတွေကရော ဘယ်လိုတွေများ သူတို့ပျက်စီးကိန်းကိုကြံနေကြတာလဲ။
ဒီလောကကြီးမှာ ဘာတွေဆက်ဖြစ်လာမှာများပါလဲ။
ပြီးတော့ Gundam မောင်းနှင်သူ တစ်ယောက်ချင်းစီရဲ့ Character Development နဲ့ တခြားစီးရီးတွေနဲ့မတူဘဲ အထူးတိုးပြီးထည့်ထားတဲ့ plot twist တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။Mecha  Actionကတော့OOကိုမှီတဲ့
mechaတော်တော်ရှားပါတယ်။
ဇာတ်လမ်းရဲ့အစပိုင်းမှာတော့ character development ကို တဖြည်းဖြည်းပြမှာဖြစ်ပြီး နောက်အပိုင်းတွေကစလို့ မရိုးနိုင်တဲ့plot twistတွေ၊ epic battle တွေကိုဇာတ်ရှိန်မကျစတမ်းကို ကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျာ။
OOရဲ့အထူးအားသာချက်ကတော့ Characterတွေရဲ့ခံစားချက်တွေကို ပရိသတ်အနေနဲ့ ထင်းထင်းကြီးကိုမြင်ယောင်ခံစားနိုင်အောင်ပြပေးနိုင်တာပါပဲ။ Mechaနဲ့Gundam Anime fanတွေ လက်မလွှတ်သင့်တဲ့ series ကောင်းတစ်ခုဖြစ်ကြောင်းပြောကြားရင်းနဲ့ပဲ..... ..... akpmzero11

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Download 8 to 25

Go to translated songs & video page.

Comments

Unknown said…
Season 2 ထပ်မတင်တော့ဘူးလား မင်မင်

Popular posts from this blog

Lookism