Posts

Showing posts from August, 2014

No Game No Life

Image
Sora နဲ့ Shiro ဆိုတဲ့ မောင်နှမ နှစ်ယော က်ဟာ Game မှာ အလွန်တော်တဲ့ Gamer နှစ်ယောက်ဖြစ်ပါတယ်။ သူတို့ဟာ Game တွေများစွာကို ဆရာ ကျအောင် ဆော့ပြီး Blank ဆိုပြီး သိကြတဲ့ နာမည်ကြီး Gamer နှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ အစ်ကို ဖြစ်တဲ့ Sora ဟာ အလုပ်မရှိ အကိုင်မရှိတဲ့ NEET တစ်ဦးဖြစ်ပြီး သူ့ ညီမ Shiro ကတော့ ကျောင်းဘယ်တော့မှ မသွားတဲ့ Hikikomori ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ လက်တွေ့ဘဝကြီးကို မကောင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပျင်းဖို့ ကောင်းတဲ့ Game တစ်မျိုးဆိုပြီး ခံယူထားကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ နှစ်ယောက်ဆီကို တစ်ခြားလောကက နတ်ဘုရား ဖြစ်တဲ့ Tet ဆီက Msg တစ်စောင်ရောက်လာပြီး သူတို့ကို အရာရာကို Game နဲ့ပဲ ဆုံးဖြတ်တဲ့ လောကကြီးကို ခေါ်သွားပါတယ်........... သူတို့ ရောက်သွားတဲ့ လောကမှာ စည်းမျဉ်းစည်းကမ်း ဆယ်ချက် ရှိပြီး အဲ့ စည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ Story ကတော့ တော်တော် ကောင်းပါတယ်။ ဇာတ်လမ်းမှာ တစ်ဦးနဲ့ တစ်ဦးပြိုင်တဲ့ အခန်းတွေမှာဆိုရင် နိုင်မလား၊ ရှုံးမလား ဆိုပြီး ကြည့်နေရတာ မဟုတ်ပဲ ဘယ်လိုနည်းနဲ့ နိုင်မလဲလို့ပဲ ကြည့်ရတဲ့ anime ဖြစ်ပါတယ်။ Chracter တွေကလဲ unique