Posts

Showing posts from November, 2016

သုံးနိုင်ငံခေတ်(၄၄)

Image
အခန်း(၄၄) "ကျူးကဲလျန့်"(Zhuge Liang) သည် "ကျိုးယွီ"(Zhou Yu) အား လှုံ့ဆော်ခြင်း။ "စွန်းချွမ်"(Sun Quan) သည် "ချောင်ချောင်း"(Cao Cao) ကိုတိုက်ရန်ဆုံးဖြတ်လိုက်ခြင်း။ ဝူအမျိုးသမီး၏နောက်ဆုံးစကားမှာ - "အတွင်းရေးကိစ္စဆိုရင် ကျန်းကျောက်(Zhang Zhao) နဲ့တိုင်ပင်ပြီး ပြင်ပကိစ္စဆိုရင်တော့ ကျိုးယွီ(Zhou Yu) ရဲ့အကူအညီယူပါ" ဟူ၍ဖြစ်သည်။ သို့နှင့် "ကျိုးယွီ"(Zhou Yu) ကိုဆင့်ခေါ်လိုက်သည်။ "ကျိုးယွီ"(Zhou Yu) မှာ လမ်းခရီးတွင်ရောက်နေခဲ့ပြီဖြစ်သည်။ ပထမသော် ဖိုရန်ရေကန်တွင် ရေတပ်လေ့ကျင့်နေခဲ့သော်လည်း "ချောင်ချောင်း"(Cao Cao) စစ်ချီတက်လာသောသတင်းကိုကြားသည်နှင့် ချက်ချင်းပြန်လာခြင်းဖြစ်သည်။ "ကျိုးယွီ"(Zhou Yu) ရောက်သည်နှင့် မိတ်ဆွေဖြစ်သော "လူဆု"(Lu Su) မှသွားတွေ့သည်။ "ကျိုးယွီ"(Zhou Yu) မှ "စိတ်မပူပါနဲ့၊ ကျုပ်ဒီကိစ္စကိုဖြေရှင်းနိုင်မှာပါ။ ခင်ဗျား ကျူးကဲလျန့်(Zhuge Liang) ကိုခေါ်လာခဲ့ပါ" ဟု ပြောလိုက်သည်။ "ကျိုးယွီ"(Zhou Yu) ပြန်ရောက်သောသတင်းကိုကြားသည်နှင့် ဧည့်သည်များတဖွဲဖွဲ

သုံးနိုင်ငံခေတ်(၄၃)

Image
အခန်း(၄၃) "ကျူးကဲလျန့်"(Zhuge Liang) သည် တောင်ပိုင်းနယ်မှ ပညာရှိတို့နှင့် စကားစစ်ထိုးခြင်း။ "လူဆု"(Lu Su) သည် အများဆန္ဒနှင့် ဆန့်ကျင်ခြင်း။ ချိုင်စန်းသို့သွားရာလမ်း သင်္ဘောပေါ်ဝယ် ခရီးသွားနှစ်ဦးတို့သည် တိုင်းရေးပြည်ရာအကြောင်း ဆွေးနွေးနေကြသည်။ "လူဆု"(Lu Su) မှ "ခင်ဗျား ကျွန်တော့်သခင်နဲ့တွေ့ရင် ချောင်ချောင်း(Cao Cao) ရဲ့စစ်သည်အင်အားအရေအတွက်အမှန်ကို မပြောပါနဲ့" ဟု ဆိုသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ "ခင်ဗျား ကျွန်တော့်ကိုပြောဖို့မလိုပါဘူး။ ကျွန်တော်ဘယ်လိုပြန်ဖြေရမယ်ဆိုတာ သိပါတယ်" ဟု ပြန်ပြောသည်။ သင်္ဘောဆိပ်ကမ်းကပ်ပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) အား ဧည့်ဆောင်တွင်နေစေပြီး "လူဆု"(Lu Su) သည် သူ၏သခင်နှင့်သွားတွေ့သည်။ ထိုအချိန်တွင် "စွန်းချွမ်"(Sun Quan) သည် အမှုထမ်းတို့နှင့် အစည်းအဝေးပြုနေသည့်အချိန်ဖြစ်သည်။ "စွန်းချွမ်"(Sun Quan) သည် "ချောင်ချောင်း"(Cao Cao) ထံမှစာကို "လူဆု"(Lu Su) အားပေးလိုက်ပြီး "ဒီစာ မနေ့ကရောက်လာတာ။ အခုလူတွေကိုစုဝေးရတာက ဒီအတွက်တိုင်ပင်မလ