Posts

Showing posts from April, 2016

သုံးနိုင်ငံခေတ်(၁၂)

Image
အခန်း(၁၂)"ထောင်ချန်"(Tao Qian) က ရွှီကျိုး နယ်စားရာထူးကို “လျူဘေ့”(Liu Bei) အား (၃) ကြိမ်တိုင်တိုင် ကမ်းလှမ်းခြင်း။ “လွီပု”(Lu Bu) ထံမှ ရန်ကျိုး ကို “ချောင်ချောင်း”(Cao Cao) က ပြန်လည်သိမ်းပိုက်ခြင်း။  ရှေ့အခန်းတွင် “ချောင်ချောင်း”(Cao Cao) အသက်ဘေးကြုံနေသည်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုစဉ် “ရှဟိုတွန်း”(Xiahou Dun) စစ်ကူရောက်လာသည်။ “ချောင်ချောင်း”(Cao Cao) ကို လိုက်လံဖမ်းဆီးနေသော “လွီပု”(Lu Bu) တပ်များကို တားဆီးလိုက်နိုင်ပြီး ညနေစောင်းထိ ဆက်လက်တိုက်ခိုက်ကြသည်။ မိုး သည်းထန်စွာ ရွာပြီး အရာအားလုံး ရေလွှမ်းသွားသလို အလင်းရောင်လည်း နည်းလာသဖြင့် တိုက်ပွဲကို ရပ်နားလိုက်သည်။ “ချောင်ချောင်း”(Cao Cao) စခန်းပြန်ရောက်သော် “တျန်ဝေ”(Dian Wei) ၏စွမ်းဆောင်မှုအတွက် ရက်ရောစွာ ဆုချပြီး ရာထူးတိုးမြှင့်ပေးလိုက်သည်။  “လွီပု”(Lu Bu) စခန်းပြန်ရောက်သော် အကြံပေး “ချန်ကုန်း”(Chen Gong) ကို ခေါ်ယူသည်။ “ချန်ကုန်း”(Chen Gong) က “ပုရန် မှာ ထျန်း မျိုးနွယ် မိသားစု ရှိတယ်။ သူတို့က အင်အားတောင့်တယ် ၊ ချမ်းသာတယ်။ သူတို့ထဲက တစ်ယောက်ကို “ချောင်ချောင်း”(Cao Cao) ဆီသွားခိုင်းပြီး အရှင်ရဲ့ ခက်ထန်ကြမ်းတမ်းပုံေ

သုံးနိုင်ငံခေတ် (၁၁)

Image
အခန်း(၁၁) လျူဘေ့(Liu Bei) သည် ပေဟိုင်မှ ခုံးရုံ (Kong Rong) ကို ကယ်တင်ခြင်း။ လွီပု(Lu Bu) မှ ချောင်ချောင်း(Cao Cao) ကို တိုက်ခြင်း "ချောင်ချောင်း"(Cao Cao) ကို အနိုင်တိုက်နိုင်ကြောင်း ရဲရဲဝံ့ဝံ့ပြောသူမှာ "မီကျူ"(Mi Zhu) ဖြစ်သည်။ သူသည် တုန်းဟိုင်ရှိ ချမ်းသာသော ကုန်သည်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး လော့ရန်တွင် ကုန်ရောင်းခြင်းအမှုပြုသည်။  တစ်နေ့သော် ကုန်သွယ်ရာ လမ်းတွင် အင်မတန်ချောမောသော မိန်းမပျိုကို တွေ့သည်။ ထိုအမျိုးသမီးက သူနှင့်အတူ ခရီးတစ်လျှောက် လိုက်ပါလိုကြောင်းပြောလေရာ "မီကျူ"(Mi Zhu) ကလည်း ခွင့်ပြုလေသည်။ "မီကျူ"(Mi Zhu)  က ထိုအမျိုးသမီးကို သူထိုင်သောနေရာတွင် ထိုင်ရန် ဖယ်ပေးသည်။ ထိုအမျိုးသမီးက "မီကျူ"(Mi Zhu)  ကို အတူတူထိုင်ရန် ခေါ်သောအခါ "မီကျူ"(Mi Zhu) က အတူတူထိုင်သော်လည်း ထိုအမျိုးသမီးကို လှည့်၍ပင် မကြည့်ချေ။ လိုရာခရီးသို့ ရောက်သောအခါ ထိုအမျိုးသမီးသည် "မီကျူ"(Mi Zhu)  အား ကျေးဇူးတင်စကား ပြောပြီး ထွက်ခွာခါနီးတွင် "ငါက တောင်ဘက်က မီးနတ်ဖုရားပဲ။ ငါက နတ်ဘုရားရဲ့အမိန့်နဲ့ မင်းအိမ်ကို မီးလောင်တိုက်သွင်းဖို့

သုံးနိုင်ငံခေတ်(၁၀)

Image
အခန်း(၁၀) "မာထန်"(Ma Teng) သည် ဘုရင်ကို ကယ်ရန် ကြိုးပမ်းခြင်း။ "ချောင်ချောင်း"(Cao Cao) သည် သူ့အဖေအတွက် လက်စားချေခြင်း။ ရှေ့အခန်းတွင် သူပုန်ခေါင်းဆောင်နှစ်ဦးဖြစ်သည့် "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့သည် "ရှန်"(Xian) ဧကရာဇ်ကို သတ်ရန်ကြံစည်ကြလေသည်။ သို့သော်လည်း အခြားခေါင်းဆောင်နှစ်ဦးဖြစ်သည့် "ကျန်းကျိ"(Zhang Ji) နှင့် "ဖန်ချိုး"(Fan Chou) တို့က ကန့်ကွက်ကြသည်။ "မဟုတ်ဘူး၊ ဒီအချိန်မှာ ဘုရင်ကို သတ်လိုက်ရင် တိုင်းသူပြည်သားတွေက လက်ခံမှာ မဟုတ်ဘူး၊ သူ့ကို အာဏာပေးချင်ယောင်ဆောင်လိုက်၊ ပြီးရင် မြို့တော်ချန်အန်းကို ငါတို့ခြေ၊ ငါတို့လက်ဖြစ်အောင်လုပ်ရမယ်။ နောက်ပိုင်း ဘုရင်ကို ထောက်ခံသူတွေကို ရှင်းပြီးမှသာလျှင် သူ့ကို သတ်ဖို့ ကြံရမှာ ဖြစ်တယ်။ ဒီလိုဆိုရင်တော့ တိုင်းပြည်ကြီးက ငါတို့လက်ထဲမှာပဲပေါ့" သို့နှင့် ဘုရင်ကို မသတ်တော့ချေ။ ဘုရင်သည် ပြဿာဒ်မှနေကာ မိန့်ဆိုသည်။ "အသင်တို့၊ ဘာလို့ နေနေသေးတာတုန်း။ ဝမ်ယွင်(Wang Yun) ကို သတ်ပြီးပြီမဟုတ်လား၊ စစ်တပ်တွေကို ပြန်ဆုတ်ခိုင်းတော့လေ" "ကျွန်တော်