Posts

Showing posts from August, 2019

သုံးနိုင်ငံခေတ်(၈၈)

Image
အခန်း(၈၈) ကင်းမြီးကောက်မြစ်ကိုဖြတ်ကာ မန်ဘုရင် ဒုတိယအကြိမ်ချုပ်နှောင်ခံရခြင်း။ ဒုတိယအကြိမ် ဟန်ဆောင်လက်နက်ချခြင်းကိုအသိအမှတ်ပြုပြီးနောက် မုန့်ဟော်(Meng Huo) သည် တတိယအကြိမ်အဖမ်းခံရခြင်း။ အမှုထမ်းတို့သည် မန်ဘုရင်ကိုပြန်လွှတ်ခြင်းနှင့်ပတ်သတ်ပြီး သဘောမတူခဲ့ပေ။ သူတို့သည် "ကျူးကဲလျန့်"(Zhuge Liang) ၏ရွက်ဖျင်တဲသို့ရောက်လာကာ "မုန့်ဟော်(Meng Huo) က မန်မျိုးနွယ်စုတွေရဲ့အဓိကအရေးပါတဲ့လူပဲ။ သူ့ကိုဖမ်းဆီးတာက တောင်ပိုင်းကိုငြိမ်းချမ်းစေဖို့အတွက် အဓိကကျတယ်။ အဲ့ဒါကို ဘာလို့ဝန်ကြီးချုပ်က ပြန်လွှတ်လိုက်ရတာလဲ" "ကျုပ်အင်္ကျီအိတ်ထဲက ပစ္စည်းထုတ်သလိုမျိုး သူ့ကိုပြန်ဖမ်းနိုင်တယ်။ ကျုပ်လုပ်ချင်တာက သူ့စိတ်ကိုအောင်နိုင်ဖို့ပဲ၊ ပြီးရင်တော့ ငြိမ်းချမ်းမှုက သူ့အလိုလိုရောက်လာမှာဖြစ်တယ်" သူတို့သည် နားထောင်သော်လည်း ထိုအစီအစဉ်သည်အောင်မြင်လိမ့်မည်ဟုမထင်ကြပေ။ ထိုအချိန်ဝယ် "မုန့်ဟော်"(Meng Huo) သည် လုမြစ်သို့ရောက်သွားပြီဖြစ်ပြီး စစ်ရှုံးနိမ့်သောခေါင်းဆောင်အချို့နှင့်ပြန်တွေ့ရာ ထိုသူတို့က ဘုရင်၏အဖြစ်အပျက်တို့ကိုမေးမြန်းကြသည်။ သူတို့သည် အံ့ဩဝမ်းသာသွားကြပြီး "ဘုရင်ကြီးက ဘ

Lord El-Melloi II Sei no Jikenbo: Rail Zeppelin Grace Note

Image
Lord El-Melloi II Sei no Jikenbo: Rail Zeppelin Grace Note Episode 00 Episode 01 Episode 02 Episode 03 Episode 04 Episode 05 Episode 06 Episode 07

သုံးနိုင်ငံခေတ်(၈၇)

Image
အခန်း(၈၇) တောင်ပိုင်းမန်ကိုအနိုင်ယူရန်အတွက် ဝန်ကြီးချုပ်စစ်ချီခြင်း။ ကောင်းကင်တပ်တို့ကိုဆန့်ကျင်ကာ မန်ဘုရင်အဖမ်းခံရခြင်း။ မြစ်ပြည်နယ်နှစ်နယ်တွင် "ကျူးကဲလျန့်"(Zhuge Liang) ၏အုပ်ချုပ်မှုကြောင့် ပြည်သူတို့ချမ်းသာကြွယ်ဝကာ ပျော်ရွှင်ခဲ့ကြသည်။ ငြိမ်းချမ်းသည့်အတွက်ကြောင့် ညအခါတွင် တံခါးတို့ကိုခတ်ထားစရာမလိုပေ။ လမ်းတွင် ပစ္စည်းကျသွားပြီး ထိုကျသွားသည့်နေရာတွင် ပြန်လာကြည့်ပါက ထိုပစ္စည်းမှာ ပုံမပျက်ပဲရှိနေသည်။ ထို့အပြင် တစ်နှစ်ထက်တစ်နှစ် ကောက်ပဲသီးနှံအထွက်တိုးသောကြောင့် လူကြီးလူငယ်တို့သည် ဗိုက်လုံးနေအောင်စားကြရအောင် ကောင်းစွာဝတ်စားနိုင်ကာ ပျော်ရွှင်စွာတေးသီဆိုနိုင်ကြသည်။ လူတို့သည် အလျင်အမြန်ဖြင့် တိုင်းပြည်တာဝန်ထမ်းဆောင်ရန်ကြိုးပမ်းကြပြီး အနုပညာဘက်တွင်လည်း တိုးတက်မှုများရှိခဲ့သည်။ စစ်ပွဲအတွက်ပြင်ဆင်မှုများမှာလည်း ပြီးပြည့်စုံနေပြီး ဂိုထောင်တို့မှာ စပါးတို့ဖြင့်ပြည့်ကာ ဘဏ္ဍာတိုက်မှာလည်း ပြည့်မောက်နေသည်။ ကျန့်ရှင့်နှစ် တတိယနှစ် (အေဒီ ၂၂၅) တွင် ယီကျိုးမှသတင်းတစ်ခု မြို့တော်ကိုရောက်လာသည်။ "မန်ဘုရင် မုန့်ဟော်(Meng Huo) ဟာ မန်မျိုးနွယ်စုတပ်တစ်သိန်းနဲ့အတူ တောင်ပိုင်းကိုကျူးကျော်လာပြီး