Posts

Showing posts from October, 2013

Tsunade

Image
Tsunade ဟာ သူ့ ဆရာလဲ ဖြစ်၊ 3rd Hokage လဲ ဖြစ်တဲ့ Sarutobi Hiruzen သေဆုံးပြီး နောက်ပိုင်းမှာ Hokage ဖြစ်လာတဲ့ လူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူက First Hokage ဖြစ်တဲ့ Senju Hashirama နဲ့ Uzumaki Mito ရဲ့ မြေး ဖြစ်တဲ့ အတွက် Senju clan နဲ့ Uzumaki clan နှစ်ခုလုံးရဲ့ မျိုးဆက်လို့ ဆိုရင်လဲ မမှားပါဘူး။ Tsunade၊ Orochimaru နဲ့ Jiraiya တို့ဟာ sannin 3 ယောက် ဆိုပြီး ကျော်ကြားခဲ့ပြီး Tsunade ကို လောကမှာ အစွမ်းဆုံး "kunoichi"(အမျိုးသမီး ninja) အဖြစ် သိကြတဲ့ အပြင် သူ့ရဲ့ ဆေးပညာ စွမ်းရည်ကလဲ စံ ထားရလောက်အောင် အစွမ်းထက်ပါတယ်။ နောက်ပြီး Tsunade ကို အခြားသော သူတွေက "မင်းသမီး" (Hime) လို့လဲ ခေါ်ကြပါတယ်။ (ခုတော့လဲ Ba-chan ပေါ့ :P) Tsunade ဟာ First Hokage ရဲ့ မြေးဦးဖြစ်တဲ့ အတွက် Hashirama က သူ့ ကို အရမ်း အလို လိုက်ထားတယ်လို့ ဆိုပါတယ်။ သူ လောင်းကစား လုပ်တတ်အောင်လဲ First Hokage ကပဲ သင်ပေးထားတယ်လို့ ဆိုပါတယ်။ Jutsu Body Pathway Derangement Chakra Enhanced Strength Chakra Scalpel Chakra Transfer Technique Creation Rebirth Heavenly Foot of Pain Mystical Palm Technique Remote Healing

Danganronpa : The Animation

Image
Episodes: 13 Status: Finished Airing Aired: Jul 5, 2013 to Sep 27, 2013 Genres: Action, Mystery, Horror, Psychological Duration: 24 min. per episode ဒီ anime ကတော့ Visual Novel အနေနဲ့ စတင် ထွက်ခဲ့ပြီး 2010 မှာ psp game အနေနဲ့ ထွက်ရှိခဲ့ပါတယ်။ 2012 August မှာ iOs နဲ့ android version game တွေ ထွက်ခဲ့ပြီး animation ကတော့ 2013 မှသာ ထွက်တာ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ အဓိကဇာတ်ကောင် ဖြစ်တဲ့ Naegi မှ အပ နယ်ပယ် အသီးသီးမှာ ထူးချွန်တဲ့ ကျောင်းသား တွေဟာ ဒိတ်ဒိတ်ကြဲ ကျောင်းမှာ စပြီး ကျောင်းတက်ပုံနဲ့ စထားတာ ဖြစ်ပါတယ်။ အဲ့ကျောင်းက အောင်သွားတဲ့ လူဟာ ဘဝမှာ အောင်မြင်ဖို့ သေချာသွားလောက် တဲ့ လူလို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့ ကျောင်းကို စစချင်းတက်တဲ့ နေ့မှာ "Monokuma" ဆိုတဲ့ ဝက်ဝံက သူ့ကိုယ်သူ ကျောင်းအုပ်လို့ ပြောပြီး ကျောင်းကြီးကို သိမ်းလိုက်ပြီလို့လဲ ပြောပါတယ်။ အကယ်၍ ကျောင်းကနေ ထွက်ချင်ရင် တစ်ယောက်ယောက်ကို သတ်ပြီးမှ ထွက်လို့ ရမယ်လို့ ဆိုပါတယ်။ နောက်ပြီး တစ်ယောက်ယောက် သေဆုံးသွားပြီဆိုရင် class trial ဆိုတာ လုပ်ပါတယ်။ အဲ့မှာ ဘယ်သူ လူသတ်သမားလဲ ဆိုတာ သဲလွန်စတွေနဲ့ ကောက်ချက်ချရမှာ ဖြစ်ပြီ

Shinsengumi

Image
1853 ခုနှစ်၊ ဂျပန်နိုင်ငံ တံခါးပိတ်ဝါဒ ဖျက်သိမ်းပြီး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံတဲ့ အချိန်မှာ နိုင်ငံရေး အခြေအနေဟာ ရှုပ်ထွေးလာခဲ့တယ်။ ဂျပန်ဘုရင်ကို ထောက်ခံတဲ့ သူတွေဟာ Tokyo တစ်ဝိုက်မှာ ရာဇဝတ်မှုတွေ ကျူးလွန်လာတယ်။ ဒါကြောင့် Tokugawa အစိုးရဟာ 1863 မှာ ronin (အလုပ်လက်မဲ့ samurai) 234 ယောက်နဲ့ Roshigumi((浪士組) လို့ အမည်ရတဲ့ အဖွဲ့ကို ဖွဲ့ခဲ့တယ်။နောက်ပိုင်းမှာ Roshigumi အဖွဲ့ဟာ Edo ကို ပြန်သွားခဲ့ပြီး ကျန်ခဲ့တဲ့ တစ်ဆယ့်သုံး ယောက်နဲ့ နောက်ဝင်လာတဲ့ လူ ငါးယောက်ပေါင်းပြီး" အသစ် ဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့" လို့ အဓိပ္ပာယ်ရတဲ့ "Shinsengumi" ကို ဖွဲ့ခဲ့တယ်။ ရှစ်ယောက်အဖွဲ့ ကိုဦးဆောင်တဲ့ Kondo Isami၊ နောက်ငါးယောက်အဖွဲ့ ကိုဦးဆောင်တဲ့ Serizawa Kamo၊ ကျန် ငါးယောက် အဖွဲ့ကို အမည်ခံသာ ခေါင်းဆောင်တဲ့ Niimi Nishiki တို့ သုံးယောက်ဟာ Shinsengumi ရဲ့ အဓိက  ခေါင်းဆောင် သုံးယောက် ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ Niimi က အပြစ်ရှိတယ်ဆိုပြီး အပြစ်ဒဏ် အနေနဲ့ Seppuku(ကိုယ့်ကိုယ်ကို သတ်သေခြင်း) လုပ်ခဲ့ရပြီး Serizawa ကလဲ Hijikata Toshizo၊ Okita Soji နဲ့ Kondo ကို သစ္စာရှိတဲ့ အခြားနှစ်ယောက်တို့က ပေါင်းပြီး သတ်တာ ခ

Top 10 Most Beautiful Women in Animes

Image
လူတစ်ယောက်နဲ့ တစ်ယောက်ကတော့ အကြိုက်မတူနိုင်ပါဘူး။ ဒါကတော့ ကျနော် ကြိုက်တဲ့ Female Character List ပါ။ (တချို့ character တွေကတော့ Site တွေ ဘာတွေကြည့်ပြီး Top Ten List ထဲမှာ ထည့်လိုက်တာလဲ ရှိပါတယ်။) Top 10 Most Beautiful Women in Animes တွေကတော့ နံပတ်နဲ့ အစဉ်အလိုက် တပ်ထားပါတယ်။ အဲ့ဒါကတော့ ဘယ်သူက 1st, ဘယ်သူက 2nd စသည်ဖြင့် မဟုတ်ပါဘူး။ ဘယ်လို rank လုပ်ရမှန်း မသိလို့ ဒီလိုပဲ 10 ယောက် ရှိကြောင်း နံပတ်တပ်ထားခြင်းသာ ဖြစ်ပါတယ်။ (ကိုယ့်ဟာကိုယ် rank ကြပါကုန်) :p 1. Boa Hancock (One Piece) သူကတော့ Shichibukai (7 Warlords) မှာ တစ်ဦးတည်းသော အမျိုးသမီး ဖြစ်ပါတယ်။ Pirate Empress ဆိုပြီး သိကြတဲ့အပြင် Amazon Lily ဆိုတဲ့ မိန်းကလေး တွေပဲ ရှိတဲ့ ကျွန်းရဲ့ Snake Princess ဖြစ်ပါတယ်။ One Piece ရဲ့ main protagonist ဖြစ်တဲ့ Luffy ကို ကြိုက်နေတဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ bounty ကတော့ 80,000,000 Beli ဖြစ်ပါတယ်။ 2. Erza Scarlet (Fairy Tail) Erza ကတော့ Fairy Tail Guild ရဲ့ S-Class Wizard ဖြစ်ပြီး Requip magic ကို သုံးတဲ့ mage တစ်ယောက် ဖြစ်ပါတယ်။ Natsu team မှာ ပါပြီး Fairy Tail series ရဲ့ protagonist တွေထဲ

Durarara!

Image
Anime Name: Durarara! Genre: Action, Mystery, Supernatural Length: Television series, 24 episodes, 24 minutes each ဒီ anime ကတော့ Tokyo ရဲ့ မြို့လယ်ခေါင် ဖြစ်တဲ့  Ikebukuro မှာ ဖြစ်ပျက်တာလေးတွေကို ပြထားတဲ့ anime ပဲ ဖြစ်ပါတယ်။ ထူးခြားတာကတော့ တခြား anime တွေလို protagonist ကို အဓိက ပြတာ မဟုတ်ပဲ character တစ်ယောက် အလိုက်၊ အဖြစ်အပျက်တစ်ခု စီ အလိုက် ပြထားတဲ့ anime ဖြစ်ပါတယ်။ Anime ရဲ့ အစမှာတော့ မြို့ပြဘဝရဲ့ စိတ်လှုပ်ရှားမှုကို လိုချင်တဲ့ Ryugamine Mikado က သူ့ ငယ်သူငယ်ချင်း ရဲ့ ဖိတ်ခေါ်မှုနဲ့ Tokyo ကို ပြောင်းလာတာ ကို ပြထားပါတယ်။ ဆက်ပြောရင် spoiler ဖြစ်သွားမှာ စိုးလို့ မပြောတော့ပါဘူး :P Characters Ryugamine Mikado သူကတော့ ဒီ anime ရဲ့ main male protagonist ဖြစ်ပါတယ်။ Episode 1 မှာ တောကတက်လာတဲ့ ကောင်ပေါ့ :P Masaomi Kida Mikado ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်ပြီး Mikado ကို Tokyo လာဖို့ ဖိတ်ခေါ်ခဲ့သူလဲ ဖြစ်ပါတယ်။ Anri Sonohara သူကတော့ Kida, Mikado တို့နဲ့ တစ်ကျောင်းထဲ ဖြစ်ပြီး class representative လဲ ဖြစ်ပါတယ်။ Celty Sturluson သူကတော့ Black Rider/ Headless Ri

Shirohige

Image
White Beard (အမည်ရင်း Edward Newgate) ဟာ White Beard Pirates တွေရဲ့ captain ဖြစ်ပြီး Gold D Roger သေပြီး နောက်ပိုင်းမှာ လောကမှာ အစွမ်းအထက်ဆုံး (世界最強の男 Sekai Saikyō no Otoko) လို့ သိကြတဲ့ pirate တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူကတော့ New World မှာ လွှမ်းမိုးတဲ့ Four Emperors (Yonko) ထဲက တစ်ယောက်လဲ ဖြစ်ပါတယ်။ White Beard ရဲ့ skill တွေက တော့ Gura Gura no Mi Devil Fruit ကို စားထားတဲ့ Devil Fruit User တစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ ဖျက်ဆီးနိုင်မှုက Island Level လို့တောင် ဆိုပါတယ်။သူ့ skill နဲ့ စူနာမီ တွေ ဘာတွေတောင် ဖန်တီး နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် White Beard က Conqueror's Haki ဆိုတဲ့ လူအနည်းငယ်သာ သုံးနိုင်တဲ့ Haki ကိုသုံးတဲ့ Haki User လဲ ဖြစ်ပါတယ်။ စရိုက် အနေနဲ့ ပြောရရင်တော့ ပျော်ပျော်နေတတ်ပြီး ဘာမှ ဂရုမစိုက်တဲ့ စရိုက်ရှိတယ်လို့ထင်ရပေမဲ့ အချို့သော လုပ်ဆောင်မှုတွေ ကြည့်ရင် အမြော်အမြင် ကြီးတယ်ဆိုတာ သိသာပါတယ်။ (ဥပမာ Fishman Island ကို သူ့နယ်မြေဆိုပြီး ကြေညာ သလိုမျိုးပေါ့) နောက်ပြီး White Beard က pirate ဖြစ်သော်ငြားလဲ အဖိုးတန် ရတနာ တွေ မမက်မောပဲ စွန့်စားမှုနဲ့ မိသာစုဆိုတာကိုပဲ မက်မောပြီး သူ့ crew ေ