Posts

Showing posts from September, 2015

Toyotomi Hideyoshi (1536 - 1598)

ဒဏ္ဍာရီထဲက ပုံပြင် တစ်ပုဒ် သို့မဟုတ် Hideyoshi ၏ ငယ်ဘဝ Toyotomi Hideyoshi ဟာ သာမန် လယ်သမား မျိုးရိုးကနေ ဆင်းသက်လာတဲ့ သူလို့ဆိုပါတယ်။ 1570 မတိုင်ခင်အထိ သူ့အကြောင်းဟာ သမိုင်းမှတ်တမ်းမှာ မရှိခဲ့ပါဘူး။ ပါးစပ်ရာဇဝင်တွေအရကတော့ သူဟာ Owari ပြည်နယ် Nakamura ရွာမှာ မွေးဖွားခဲ့ပြီး Yaemon ဆိုတဲ့ လယ်သမားတစ်ဦးရဲ့ သား ဖြစ်တယ်လို့ဆိုပါတယ်။ သူ့ရဲ့ ငယ်နာမည်ကတော့ Hiyoshimaru ဖြစ်ပြီး ငယ်စဉ်က ဘုံကျောင်းကို အပို့ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ Kinoshita Tōkichirō ဆိုတဲ့ နာမည်ပြောင်းခဲ့ပြီး Imagawa Yoshimoto ဆီမှာ အလုပ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 1557 လောက်မှာ Owari ပြည်နယ်ကို ပြန်လာပြီး Oda ဆီမှာ သာမန်စစ်သားဘဝကနေ စခဲ့ပါတယ်။ သူဟာ 1560 မှာ Okehazama တိုက်ပွဲမှာ ပါခဲ့တယ်လို့ ဆိုကြပြီး 1564 မှာ Mino ရဲ့ စစ်သူကြီးတွေကို လာဘ်ထိုးပြီး Oda ဘက်ပါအောင် လုပ်ပေးနိုင်ခဲ့ပြီး Kinoshita Hideyoshi ဆိုတဲ့ နာမည်နဲ့ လူသိများလာခဲ့တယ်။ 1573 မှာတော့ Hideyoshi ဟာ Oda ရဲ့ နာမည်ကြီး စစ်သူကြီး နှစ်ယောက်ဖြစ်တဲ့ Niwa Nagahide နဲ့ Shibata Katsuie တို့ရဲ့ နာမည်ကို ယူပြီး Hashiba Hideyoshi ဆိုပြီး နာမည်ပြောင်းခဲ့ပါတယ်။ အဲ့အချိန်လောက်မှ