Posts

Showing posts from September, 2016

သုံးနိုင်ငံခေတ်(၃၇)

Image
အခန်း(၃၇) "စီးမာဟွေး"(Sima Hui) မှ စာပေပညာရှင်တစ်ဦးကို "လျူဘေ့"(Liu Bei) ထံ ထောက်ခံပေးခြင်း။ "လျူဘေ့"(Liu Bei) သည် 'အိပ်ပျော်နေသောနဂါး' တောင်ထိပ်သို့ သုံးကြိမ်သုံးခါသွားခြင်း။ "ရွှီရှူ"(Xu Shu) မြို့တော်သို့ရောက်သောအခါ "ရွှင်ယွီ"(Xun Yu) နှင့် "ချန်ယွီ"(Cheng Yu) တို့မှကြိုဆိုပြီး ဝန်ကြီးချုပ်အိမ်တော်သို့ အလျင်ခေါ်သွားသည်။ "ချောင်ချောင်း"(Cao Cao) မှ "ခင်ဗျားလို ပညာရှိက ဘာလို့ လျူဘေ့(Liu Bei) လိုလူအောက်မှာ အမှုထမ်းရတာလဲ" ဟု ဆိုသည်။ "ရွှီရှူ"(Xu Shu) မှ "ကျွန်တော်ငယ်ရွယ်တုန်းက ပြစ်မှုတစ်ခုကြောင့်ထွက်ပြေးခဲ့ပြီး နေရာအနှံ့သွားရင်းနဲ့ ရှင်းရဲ့မှာ သူနဲ့တွေ့ပြီး မိတ်ဆွေဖြစ်ခဲ့တာပါ။ အခု ကျွန်တော့်အမေက ဒီမှာရှိတော့ ဒီကိုလာခဲ့တာ" ဟု ဆိုသည်။ "ခင်ဗျား ဒီကိုလာတော့ ခင်ဗျားအမေကိုအမြဲဂရုစိုက်နိုင်တော့မယ်၊ ကျုပ်ကလည်း ခင်ဗျားရဲ့အကူအညီတွေ ရမယ်" ထို့နောက် "ရွှီရှူ"(Xu Shu) သည် ဝန်ကြီးချုပ်အိမ်မှ သူ့အမေထံသွားလေသည်။  "ရွှီရှူ"(Xu Shu) သည် သူ့အမေဖြစ်သူထံ ငိုယြို

သုံးနိုင်ငံခေတ်(၃၆)

Image
အခန်း(၃၆) "ရှန်ဖူ"(Shan Fu) ၏ ဗျူဟာ၊ ဖန်ခိုကိုသိမ်းယူခြင်း။ "ရွှီရှူ"(Xu Shu) ၏သံယောဇဉ်၊ "ကျူးကဲလျန့်"(Zhuge Liang) အား ခေါ်ယူရန် အကြံပေးခြင်း။ စစ်သားများဆုံးရှုံးသွားသောကြောင့် "ချောင်ရန်"(Cao Ren) သည် ဒေါသထွက်ကာ လက်စားချေရန်အတွက် ယွီမြစ်ကိုဖြတ်ပြီးရှင်းရဲ့သို့ချီတက်သည်။ "ရှန်ဖူ"(Shan Fu) သည် မြို့တွင်းသို့ဝင်ပြီး "လျူဘေ့"(Liu Bei) ထံသွားကာ "ဖန်ချန်မှာရှိတဲ့ ချောင်ရန်(Cao Ren) က သူ့စစ်တပ်ရှုံးသွားတာကြားတော့ ဒီကိုလာပြီးတိုက်လိမ့်မယ်" ဟုပြောရာ "လျူဘေ့"(Liu Bei) မှ "သူတို့ကိုဘယ်လိုတန်ပြန်တိုက်ရင် ကောင်းမလဲ?" ဟု မေးသည်။ "သူက ဒီကိုစစ်တပ်အလုံးအရင်းနဲ့လာတိုက်မှာဆိုတော့ သူ့မြို့မှာ အစောင့်တွေထားခဲ့မှာမဟုတ်ဘူး။ ဒါကိုအခွင့်ကောင်းယူရမယ်" "ဘယ်လိုနည်းနဲ့လဲ" ထိုအခါ "ရှန်ဖူ"(Shan Fu) က "လျူဘေ့"(Liu Bei) နားကပ်ကာ တီးတိုးပြောသည်။ ထိုအကြံကြားသော် "လျူဘေ့"(Liu Bei) သဘောကျပြီး ပြင်ဆင်မှုများပြုလုပ်သည်။ မကြာမီပင် "ချောင်ရန်"(Cao Ren) သည် စစ်တပ်အလ