Posts

Showing posts from March, 2020

သုံးနိုင်ငံခေတ်(၁၀၃)

Image
အခန်း(၁၀၃) ဘူးသီးတောင်ကြားတွင် "စီးမာယီ"(Sima Yi) ပိတ်မိသွားခြင်း။ ဝူကျန်းတောင်ကုန်းပေါ်တွင် "ကျူးကဲလျန့်"(Zhuge Liang) သည် ကြယ်တာရာတို့ကိုတိုင်တည်ခြင်း။ စစ်ရှုံးသွားခဲ့သော "စီးမာယီ"(Sima Yi) သည် လှံတစ်ချောင်း၊ မြင်းတစ်ကောင်နှင့်အတူ ထွက်ပြေးခဲ့ရသည်။ အဝေးတွင် ထူထပ်သောတောအုပ်ကိုမြင်သောအခါ အနားယူရန် သွားခဲ့သည်။ "ကျန်းယီ"(Zhang Yi) သည် အနောက်ပိုင်းတပ်မကြီးကို ရပ်နားခဲ့ပြီး "လျောင်ဟွာ"(Liao Hua) သည် တောအုပ်ဘက်သို့ထွက်ပြေးသွားသောရန်သူထံသို့ ဆက်လိုက်ခဲ့သည်။ "စီးမာယီ"(Sima Yi) သည် ရန်သူတို့နောက်မှလိုက်လာသောအခါ သူ၏အသက်ဘေးကိုစိုးရိမ်သဖြင့် သစ်ပင်တစ်ပင်မှတစ်ပင်သို့ ပြေးခဲ့ရလေသည်။ တစ်ကြိမ်တွင် "လျောင်ဟွာ"(Liao Hua) သည် ရန်သူအား လှမ်းခုတ်နိုင်သည့်အကွာအဝေးခန့်ရောက်လာခဲ့ရာ ဓားဖြင့်လှမ်းခုတ်လိုက်သော်လည်း လွဲသွားပြီး သစ်ပင်ကိုသာခုတ်မိသွားသည်။ "လျောင်ဟွာ"(Liao Hua) သည် သူ၏ဓားကိုပြန်နှုတ်နေစဉ်တွင် "စီးမာယီ"(Sima Yi) သည် ထွက်ပြေးသွားခဲ့သည်။ "လျောင်ဟွာ"(Liao Hua) သည် ကွင်းပြင်ဘက်ကိုရောက်လာသောအခါ မည်

သုံးနိုင်ငံခေတ်(၁၀၂)

အခန်း(၁၀၂) "စီးမာယီ"(Sima Yi) သည် ပြိဿမြစ်ကမ်းကိုသိမ်းခဲ့ခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) သည် နွားသိုးနှင့်မြင်းစက်ယန္တရားရုပ်များတည်ဆောက်ခြင်း။ ထိုစစ်ချီတက်မှုကိုကန့်ကွက်သူမှာ "ချောင်ကျိုး"(Qiao Zhou) ဖြစ်ပြီး သမိုင်းပညာရှင်ဖြစ်သလို နက္ခတ္တဗေဒကိုကျွမ်းကျင်သူဖြစ်သည်။ "ကျွန်တော်လက်ရှိတာဝန်တစ်ခုက နတ္ခတ်တာရာကြည့်စင်ကနေ စောင့်ကြည့်ရတဲ့တာဝန်ဖြစ်ပါတယ်။ ပြီးတော့ ကံဆိုးမှု၊ ကံကောင်းမှုတွေဖြစ်လာမယ့်အကြောင်းကိုပြောရပါတယ်။ မကြာသေးခင်က တောင်ပိုင်းကထောင်ပေါင်းများစွာသောငှက်တွေပျံလာပြီး ဟန်မြစ်ထဲထိုးကျသွားပြီး ရေနစ်သေဆုံးကုန်ပါတယ်။ ဒါဟာ မကောင်းတဲ့နိမိတ်ပါပဲ။ ဒါ့အပြင် ကောင်းကင်ကြီးကိုလေ့လာကြည့်တဲ့အခါမှာ 'မြေခွေး' ကြယ်တန်းစုဟာ သောကြာဂြိုဟ်ကိုလွှမ်းမိုးနေပါတယ်။ မြောက်ဘက်မှာ အေးချမ်းမယ့်နိမိတ်ဖော်နေတာကြောင့် ဝေပြည်ကိုတိုက်တာက ကျွန်တော်တို့အတွက် အကျိုးမရှိပါဘူး။ ဒါ့အပြင် ညအခါမှာ ထင်းရှူးပင်တွေက အသံတွေကြားရတယ်လို့ ချန်တူးကပြည်သူတွေပြောသံကြားပါတယ်။ ဒီလိုများပါးတဲ့မကောင်းတဲ့နိမိတ်တွေကြောင့် ဝန်ကြီးချုပ်က စစ်မချီပဲ ကိုယ့်နယ်မြေကိုပဲ ကာကွယ်သင့်ပါတယ်" "