Posts

Showing posts from 2017

သုံးနိုင်ငံခေတ် (၆၄)

Image
အခန်း(၆၄) "ကျူးကဲလျန့်"(Zhuge Liang) သည် "ကျန်းရန်"(Zhang Ren) ကိုဖမ်းရန်စီစဉ်ခြင်း။ "ရန်ဖူ"(Yang Fu) သည် တပ်ဖွဲ့ငှားရမ်းကာ "မာချောင်း"(Ma Chao) ကိုချေမှုန်းခြင်း။ "ဒီနေရာနဲ့လော့ချန်တစ်လျှောက်ခံတပ်တွေက ကျွန်တော့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်။ ဒါ့အပြင် တပ်ဖွဲ့အသီးသီးကခေါင်းဆောင်တွေကို ကျွန်တော်က အုပ်ချုပ်ရတာ။ ခင်ဗျားရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့အတွက် ကျွန်တော် သူတို့လက်နက်ချအောင် ဖြောင်းဖျပါ့မယ်။ ကျွန်တော့်ကိုအရှေ့ဆုံးက ချီတက်ခွင့်ပေးပါ။ ကျွန်တော် သူတို့ကို လက်နက်ချအောင်လုပ်ပါ့မယ်" "ကျန်းဖေး"(Zhang Fei) သည် အကြိမ်ကြိမ် ကျေးဇူးတင်စကားဆိုပြီးနောက် စစ်ချီတက်ရန်ပြင်ဆင်သည်။ ခံတပ်တစ်နေရာသို့ရောက်လျှင် "ရန်ရန်"(Yan Yan) သည် ထိုခံတပ်ရှိခေါင်းဆောင်ကိုခေါ်ကာ လက်နက်ချစေသည်။ အချို့သောခေါင်းဆောင်တို့သည် လက်နက်ချရန် ဝန်လေးနေပါက "ရန်ရန်"(Yan Yan) မှ ဤသို့ပြောသည်။ "ကျုပ်တောင် လက်နက်ချခဲ့ပြီးပြီ။ ခင်ဗျားက ဘာများလုပ်နိုင်မှာလဲ" ဤသို့ဖြင့် သွေးမြေမကျခဲ့သော အောင်မြင်မှုတို့ဆက်တိုက်ရခဲ့ပြီးနောက် ဆက်လက်ချီတက်လာခဲ့လေ

သုံးနိုင်ငံခေတ် (၆၃)

Image
အခန်း (၆၃) "ကျူးကဲလျန့်"(Zhuge Liang) က "ဖန်ထုံ"(Pang Tong) အတွက် ဝမ်းနည်းခြင်း။ "ကျန်းဖေး"(Zhang Fei) က "ရန်ရန်"(Yan Yan) ကိုလွှတ်ပေးလိုက်ခြင်း။ "ဖာကျန့်"(Fa Zheng) နှင့်ဧည့်သည်တို့သည် ပျော်ရွှင်စွာဖြင့် ရယ်မောကြပြီး နှုတ်ဆက်လေသည်။ "သူက ကွမ်းဟန်က သူရဲကောင်းတစ်ဦးပါ။ သူ့အပြောအဆိုက ပြတ်သားတာကြောင့် နယ်စားလျူကျန်း(Liu Zhang) ကိုစော်ကားသလိုဖြစ်သွားခဲ့ပြီး နယ်စားက သူ့ကို ဆံပင်တွေရိတ်စေပြီး သာသနာ့ဘောင်ထဲဝင်စေခဲ့တယ်။ ဒါကြောင့် သူ့ဆံပင်တွေက ရှည်နေတာ" ထိုအခါ "ဖန်ထုံ"(Pang Tong) သည် ဧည့်သည်အား လေးစားစွာဆက်ဆံပြီး လာရသည့်အကြောင်းကိုမေးလေသည်။ "ခင်ဗျားတို့ရဲ့ စစ်သားတွေကို ကယ်တင်ချင်လို့ပါ။ စစ်သူကြီး လျူဘေ့(Liu Bei) လာရင်ရှင်းပြပါ့မယ်" သို့နှင့် "လျူဘေ့"(Liu Bei) ထံအကြောင်းကြားစေပြီးနောက် "လျူဘေ့"(Liu Bei) ရောက်လာသည်။ "စစ်သူကြီးဆီမှာ တပ်သားဘယ်လောက်ရှိပါသလဲ" "လျူဘေ့"(Liu Bei) ကလည်း ပြောပြလိုက်သည်။ "ခေါင်းဆောင်တစ်ယောက်အနေနဲ့ မြေပြင်နေရာအခြေအနေကို မသိလို့မဖြစ်ဘ