Posts

Showing posts from May, 2014

Magi ရှင်းတမ်း

Image
Characters Solomon ဒီ anime မှာ Solomon ဆိုတဲ့ နာမည်ကို မကြာခဏ ပြောတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနာမည်ကတော့ အာရေဗျစ် ဘာသာစကားနဲ့ဆို "ငြိမ်းချမ်းမှု" ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ King Solomon ဟာ သမိုင်းအရ အစ္စရေးနိုင်ငံ ဘုရင် ဖြစ်ခဲ့ပြီး ခရစ်ယာန်ကျမ်းစာ၊ အစ္စလမ်ကျမ်းစာ၊ ဟီဗရူးကျမ်းစာတွေမှာ အညွှန်းခံရတဲ့ ဘုရင်ပဲ ဖြစ်ပါတယ်။ မကောင်းဆိုးဝါးတွေကို နှိမ်နှင်းနိုင်တယ်လို့လဲ ဆိုကြပါတယ်။ Ref:   http://magi.wikia.com/wiki/Solomon Aladdin Aladdin ကတော့ ဒီ anime ရဲ့ အဓိကဇာတ်ကောင် ဖြစ်ပါတယ်။ "တစ်ထောင့်တစ်ည ပုံပြင်"ထဲက ဇာတ်ကောင် ရဲ့ နာမည်ကို ယူထားတာ ဖြစ်ပါတယ်။ ဒီထဲမှာတော့ သူဟာ Magi တစ်ယောက်ဖြစ်ပြီး Solomon ရဲ့  ဉာဏ်ပညာကို ရထားတယ်လို့ ဆိုပါတယ်။ Ref: http://magi.wikia.com/wiki/Aladdin Alibaba Saluja Alibaba ဟာလဲ "တစ်ထောင့်တစ်ည ပုံပြင်" ကပဲ ဖြစ်ပြီး ဒီ anime မှာတော့ Aladdin နဲ့ သူငယ်ချင်း ဖြစ်ပါတယ်။ Ref: http://magi.wikia.com/wiki/Alibaba_Saluja Morgiana Morgiana ဟာ "တစ်ထောင့်တစ်ည ပုံပြင်"  ထဲက Alibaba ကို ကယ်ခဲ့တဲ့ သ

Magi

Image
Episodes - Season 1 - 25 episodes, Season 2 - 25 episodes ဒီ anime ရဲ့ manga ကို Shinobu Ohtaka က ရေးတာဖြစ်ပါတယ်။ အာရေဗျီရ တစ်ထောင့်တစ်ည ပုံပြင်(Arabian Nights) ထဲက ဇာတ်ကောင်တွေကို အခြေခံပြီး ဇာတ်အိမ် ဖွဲ့ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ genre ကတော့ adventure, comedy, shounen genre ဖြစ်ပါတယ်။ ဒီမှာ Rukh ဆိုတာ soul (ဝိညာဉ် လို့သုံးမယ် ထင်တယ်) ဖြစ်ပါတယ်။ "Magi" ကတော့ Rukh တွေရဲ့ အကူအညီနဲ့ အစွမ်းထက်ပြီး magi ရဲ့ တာဝန်ဟာ ဘုရင် ရွေးချယ်ရမယ့် တာဝန်လို့ ဆိုပါတယ်။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Aladdin ဟာ magi ဖြစ်ပြီး နောက်ပိုင်းမှာတော့ Alibaba၊ Morgiana တို့နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး စွန့်စားခန်းခရီးအတူတူ ထွက်ခဲ့ပါတယ်။ Season 2 မှာတော့ တစ်ယောက် တစ်နေရာဆီသွား၊ ပညာတွေရှာပြီး တိုးတက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Animation ကလဲ တော်တော်ကောင်းပြီး အဆောက်အအုံ ပုံစံ၊ ဝတ်စားဆင်ယင်မှုတွေကို အဲ့ခေတ်အဲ့အခါနဲ့ လိုက်လျောညီအောင် ဆွဲထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ sound effect တွေဘာတွေလဲ တော်တော် ကောင်းတာ တွေ့ရမှာ ဖြစ်ပါတယ်။ Character တွေကလဲ တော်တော် unique ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဥပမာပြောရရင် Ala