Posts

Showing posts from October, 2019

သုံးနိုင်ငံခေတ်(၉၂)

Image
အခန်း (၉၂) "ကျောက်ယွင်"(Zhao Yun) သည် စစ်သူကြီးငါးဦးကိုသတ်ခဲ့ခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) သည် မြို့သုံးမြို့ကိုသိမ်းခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) ၏ တပ်သည် မြောက်ဘက်သို့စစ်ချီခဲ့ရာ "မာချောင်း"(Ma Chao) ၏အုတ်ဂူရှိသည့်မြန်ရန်သို့ရောက်လာသည်။ သေဆုံးသွားသော ကျားစစ်သူကြီးကိုအမှတ်ရသည့်အနေဖြင့် "ကျူးကဲလျန့်"(Zhuge Liang) သည် ပူဇော်ပသကာ ထိုပူဇော်ပွဲတွင် "မာချောင်း"(Ma Chao) ၏ညီဝမ်းကွဲဖြစ်သော "မာတိုက်"(Ma Dai) ကိုဦးဆောင်စေသည်။ ထိုသို့ပြုလုပ်ပြီးသော် စစ်သေနာပတိသည် သူ၏အစီအစဉ်များကိုတိုင်ပင်နေစဉ် သူလျှိုတို့ထံမှသတင်းရောက်လာသည်။ "ဝေဧကရာဇ် ချောင်ရေ့(Cao Rui) ဟာ အနောက်ဘက်နယ်ကတပ်တွေကို ရှဟိုမောက်(Xiahou Mao) လက်ထဲအပ်လိုက်တယ်" ထိုအခါ "ဝေရန်"(Wei Yan) မှရှေ့ထွက်ပြီး အကြံပြုသည်။ "ရှဟိုမောက်(Xiahou Mao) က ချမ်းသာကြွယ်ဝတဲ့မိသားစုကလာတာဆိုတော့ ပျော့ညံ့ပြီးနုံအတယ်။ ကျွန်တော့ကို တပ်သားငါးထောင်ပေးပါ။ ကျွန်တော် ပေါက်ကျုံးကနေ အရှေ့ဘက် ချင်လင်တောင်၊ ပြီးတော့ ကျီဝူလျှိုမြောင်ကိုသွားပြီး မြောက်ဘက်က

သုံးနိုင်ငံခေတ်(၉၁)

Image
အခန်း (၉၁) ကင်းမြီးကောက်မြစ်တွင် ယဇ်ပူဇော်ကာ ဝန်ကြီးချုပ်သည် ဒေသဌာနေသို့ပြန်ခဲ့ခြင်း။ ဝေပြည်ကိုတိုက်ရန် ဝူရှန်သခင်သည် သဝဏ်လွှာဆက်သခြင်း။ မြစ်ကိုဖြတ်ကူးရန်ပြုသော်လည်း ရုတ်တရတ်ကြီးမားသောမုန်တိုင်းကျသောကြောင့် "မုန့်ဟော်"(Meng Huo) အားခေါ်၍မေးရာ "မုန့်ဟော်"(Meng Huo) မှ "ဒီမြစ်ကိုဖြတ်ကူးတဲ့အခါ ဝိညာဉ်တွေက မကြာခဏနှောင့်ယှက်တတ်တယ်။ ဒါကြောင့် အဲ့လိုမဖြစ်အောင် ယဇ်ပူဇော်ရမယ်" "ဒါဆို ဘာနဲ့ပူဇော်မှာလဲ" "ဟိုးအရင်တုန်းကတော့ ဒီလိုကံဆိုးမိုးမှောင်ကျစေရင် လူခုနစ်ယောက်ရဲ့ဦးခေါင်းနဲ့ပူဇော်ရတယ်။ ဒါ့အပြင် အနက်ရောင်နွားနဲ့အဖြူရောင်ဆိတ်ကိုသတ်ပြီး ပူဇော်ရတယ်။ အဲ့လိုမှသာ လေငြိမ်ပြီး ရေစီးလည်းမသန်တော့မှာဖြစ်တယ်။ သီးနှံအထွက်တိုးအောင်လည်း အဲ့လိုပဲလုပ်ရတယ်" "အခု စစ်ပွဲပြီးသွားပြီး ငြိမ်းချမ်းသွားတဲ့အချိန်မှာ ဘာအကြောင်းမှမရှိပဲ ဘာလို့လူတွေကိုသတ်ရမှာလဲ" "ကျူးကဲလျန့်"(Zhuge Liang) သည် သူကိုယ်တိုင်မြစ်နားသွားကြည့်သည်။ မြောက်ဘက်လေသည် အပြင်းအထန်တိုက်နေပြီး လှိုင်းလုံးတို့လည်းကြီးနေသည်။ လူရော၊ မြင်းများပါကြောက်လန့်နေခဲ့သည်။ "ကျူ

သုံးနိုင်ငံခေတ်(၉၀)

Image
အခန်း ( ၉၀ ) တောရိုင်းတိရစ္ဆာန်တို့ကိုမောင်းထုတ်ကာ ဝန်ကြီးချုပ်သည် မန်တို့ကို ဆဋ္ဌမအကြိမ်အနိုင်ယူခြင်း။ ကြိမ်သံချပ်ကာတို့ကိုမီးရှို့ကာ " ကျူးကဲလျန့် "(Zhuge Liang) သည် " မုန့်ဟော် "(Meng Huo) ကို သတ္တမအကြိမ်ဖမ်းခဲ့ခြင်း။ အကျဉ်းသားအားလုံးကိုပြန်လွှတ်ခဲ့ပြီးနောက် " ရန်ဖုန်း "(Yang Feng) နှင့်သူ့သားတို့ရာ ရာထူးများပေးကာ သူ့လူတို့ကို လက်ဆောင်များပေးခဲ့သည်။ သူတို့သည် ကျေးဇူးတင်ပြီးနောက် ပြန်သွားကြလေသည်။ ထိုအချိန်တွင် " မုန့်ဟော် "(Meng Huo) နှင့်ညီဖြစ်သူသည် သူတို့အိမ်ဖြစ်သော ငွေကျင်းတောင်ကုန်းသို့ အလျင်အမြန်သွားနေခဲ့သည်။ ထိုလျှိုမြောင်၏အပြင်ဘက်တွင် လုမြစ်၊ ကန်းနန်မြစ်နှင့် ရှီးချန်မြစ်ဟူ၍ မြစ်သုံးမြစ်ရှိသည်။ ထိုမြစ်သုံးမြစ်တို့ကိုပေါင်းပြီး မြစ်သုံးသွယ်ဟုခေါ်သည်။ ထိုလျှိုမြောင်၏မြောက်ဘက်နားတွင် ကျယ်ပြန့်ပြီး မြေဩဇာကြွယ်ဝသောလွင်ပြင်ကြီးရှိပြီး အနောက်ဘက်တွင် ဆားကျင်းများရှိသည်။ လုမြစ်သည် အနောက်တောင်ဘက် မိုင်ခုနစ်ဆယ်အထိစီးဆင်းပြီး တောင်ဘက်တွင် လျန်တုလျှိုမြောင်ရှိလေသည်။ ဘေးပတ်လည်တွင်လည်း တောင်ကုန်းများရှိပြီး ထိုထဲ