Posts

Showing posts from June, 2016

Anime အမျိုးအစားများ (၁)

Image
အကယ်၍ သင်ဟာ anime တွေကို စွဲစွဲမြဲမြဲကြည့်နေတဲ့သူတစ်ယောက်သာဆိုရင် anime တွေမှာ အမျိုးအစား genre တွေနဲ့ခွဲထားတာကို သတိပြုမိပါလိမ့်မယ်။ Genre အမျိုးအစားတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် နာမည်ကြီးတဲ့ genre အမျိုးအစားအချို့ကိုဖော်ပြပေးသွားပါမယ်။ ၁။ Action ဒါကတော့ ထွေထွေထူးထူးပြောစရာတော့ မလိုပါဘူး။ ဒီထဲမှာ တိုက်ခန်း၊ဖိုက်တင်ခန်းတွေ အဓိကပါဝင်မှာဖြစ်ပြီး  ရင်သပ်ရှုမောဖွယ်တိုက်ခိုက်မှုတွေကို ကြည့်နေရမှာပါ။ Action anime အချို့ကတော့ - Fullmetal Alchemist - Deadman Wonderland - Kill la Kill တို့ ဖြစ်ပါတယ်။ ၂။ Adventure ဒီမှာကတော့ စွန့်စားခန်းတွေဘာတွေပေါ့လေ၊ တချို့ဟာတွေမှာဆိုရင်တော့ မတူညီတဲ့လောကတို့၊ စကြာဝဠာထိတို့တောင် သွားပြီး စွန့်စားခန်းတွေဖွင့်တာတွေရှိပါတယ်။ အဓိကအားဖြင့်တော့ ဇာတ်လိုက်ဟာ တစ်ခုတည်းသော ရည်ရွယ်ချက်အတွက်နဲ့ စွန့်စားခန်းဖွင့်နေကြတာ မြင်ရပါလိမ့်မယ်။ ဥပမာ- - One Piece - Hunter x Hunter - Gurren Lagann ၃။ Comedy ဒီဟာကတော့ ပရိသတ်ကို ရယ်မောစေဖို့အတွက် ရည်ရွယ်ထားတဲ့ အမျိုးအစားပါ။ Comedy genre အချို့ကတော့ - Baka to Test to Shoukanjuu - Gekkan Shoujo Nozaki-kun -

သုံးနိုင်ငံခေတ်(၂၆)

Image
အခန်း (၂၆) “ယွမ်ရှောက်”(Yuan Shao) သည် နောက်ထပ်ခေါင်းဆောင်တစ်ဦး ဆုံးရှုံးရခြင်း ၊ “ကွမ်းယွီ”(Guan Yu) က ရာထူးနှင့် စည်းစိမ်များကို စွန့်လွှတ်ခြင်း။ ရှေ့အခန်းတွင် “လျူဘေ့”(Liu Bei) ကို သတ်မိန့်ပေးသည်အထိ ဖော်ပြခဲ့ပြီးဖြစ်သည်။ သို့သော် “လျူဘေ့”(Liu Bei) က ထကာ “မသတ်ခင် တစ်ခွန်းလောက် ပြောခွင့်ပြုပါ အရှင် ၊ ရွှီကျိုးမှာကံဆိုးမိုးမှောင်ကျပြီးကတည်းက ငါ့ညီကို မတွေ့ရတော့ပါဘူး။ “ကွမ်းယွီ”(Guan Yu) သေလား ရှင်လားလည်း မသိရပါဘူး။ လောကမှာ သူနဲ့ရုပ်ဆင်တဲ့သူတွေ အများကြီးပါ။ မုတ်ဆိတ်မွေးနဲ့ မျက်နှာနီသူတိုင်း “ကွမ်းယွီ”(Guan Yu) ဖြစ်နိုင်ပါ့မလား။ သက်သေပြဖို့ မလုပ်သင့်ဘူးလား။” ဟုဆိုသည်။ “ယွမ်ရှောက်”(Yuan Shao) မှာ နဂိုကပင် စိတ်မြန်ပြီး အတွေးတိမ်သူဖြစ်ရာ “လျူဘေ့”(Liu Bei) က ထိုသို့ပြောလိုက်သည်နှင့် “ကျွီရှို့”(Ju Shou) ဖက် ရုတ်တရက်လှည့်ကာ “မင်းစွပ်စွဲလို့ အပြစ်မဲ့တဲ့သူတစ်ယောက်ကို သတ်မိတော့မလို့။” ဟုပြောသည်။ ထို့နောက် “လျူဘေ့”(Liu Bei) ကို တဖန်ပြန်ထိုင်ရန် တောင်းပန်ကာ “ရန်လျန်”(Yan Liang) အတွက် လက်စားချေရန် အကြံဉာဏ်တောင်းသည်။ ထိုစဉ် အသံတစ်ခုက ““ရန်လျန်”(Yan Liang) နဲ့ ငါဟာ ညီအစ်ကိုတွေလိုပဲ ၊ ဒီတော့

Ajin

Image
ဇာတ်လမ်းအကျဉ်း ရှင်သန်ခြင်းဆိုတာရှိရင် သေဆုံးခြင်းဆိုတာလည်း ရှိပါတယ်။ ဒါပေမယ့် တကယ်ရော အဲ့လိုဟုတ်ပါရဲ့လား? သင်သာ လုံးဝမသေနိုင်တဲ့လူဆိုဘယ်လိုလုပ်မလည်း? ဖြစ်နိုင်ခြေတွေကတော့ အများကြီးပါပဲ။ ဟိုးလွန်ခဲ့တဲ့ဆယ့်ခုနှစ်နှစ်တုန်းက အာဖရိကမှာ Ajin ဆိုတဲ့ ထူးခြားတဲ့မျိုးစိတ်တစ်မျိုးကိုတွေ့ရှိခဲ့ပါသတဲ့။ အဲ့မျိုးစိတ်ဟာ မအိုမနာမသေဘူးလို့ဆိုကြပြီး ထူးခြားတဲ့အစွမ်းတွေကိုပိုင်ဆိုင်တဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ပုံပန်းသွင်ပြင်ဟာလည်း လူတွေလိုပဲဖြစ်ပါသတဲ့။ ဒီလို Ajin တွေဟာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပဲလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကများ ကမ္ဘာကြီးကိုဖျက်စီးဖို့ လွှတ်လိုက်တာလား? အဲ့လို Ajin တွေကို စတင်တွေ့ရှိကတည်းက ကမ္ဘာ့နေရာအနှံ့မှာ အခြားအခြားသော Ajin တွေလည်း ပေါ်လာခဲ့ပါသတဲ့။ သာမန်လူတွေအတွက်တော့ ဒီလိုမျိုးသတ္တဝါတွေအကြောင်းကို သတင်းမှာတို့၊ ကျောင်းဖတ်စာအုပ်တို့တွေမှာပဲ တွေ့နိုင်တာပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Kei အတွက်လည်း Ajin ဆိုတာဟာ ယုံတမ်းတစ်ခုဆိုတာကလွဲပြီး မပိုခဲ့ပါဘူး။ Kei က ကျောင်းကိုမှန်မှန်တက်ပြီး စာကိုကောင်းကောင်းကြိုးစားတဲ့ သာမန်ကျောင်းသားတစ်ယောက်ပါ။ ဒါပေမယ့် တစ်နေ့မှာတော့ သူဟာ မမျှော်လင့်ပဲ အဖြစ်

One Punch Man MM Sub

Image
Ep 1 Ep 2 Ep 3 Ep 4 Ep 5 Ep 6 Ep 7 Ep 8 Ep 9 Ep 10 Ep 11 Ep 12

သုံးနိုင်ငံခေတ်(၂၅)

Image
အခန်း(၂၅) ထူစန်းတောင်တွင် ဝန်းရံခံရသောအခါ ကွမ်းယွီ(Guan Yu) သည် တောင်းဆိုချက်သုံးခုပြုခြင်း။ ပိုင်မာတွင် ကွမ်းယွီ(Guan Yu) ၏အစွမ်းကိုမျက်ဝါးထင်ထင်မြင်ရခြင်း။ "ကွမ်းယွီ"(Guan Yu) ကို "ချောင်ချောင်း"(Cao Cao) လက်အောက်ဝင်စေရန် "ချန်ယွီ"(Cheng Yu) ၏ အကြံမှာအောက်ပါအတိုင်းဖြစ်သည်။ "ကွမ်းယွီ(Guan Yu) က သာမန်သူရဲကောင်းတွေထက် အလွန့်အလွန်သာလွန်သူဖြစ်တဲ့အတွက် သူ့ကို ကောင်းကောင်းကြီးလှည့်စားနိုင်မှရပါမယ်။ ပထမဆုံးဖမ်းမိတဲ့စစ်သားတွေကို ကွမ်းယွီ(Guan Yu) ဆီပြန်ပို့ပြီးတော့ သူတို့တွေပြန်လာတာပါလို့ ပြောစေပါ။ သူတို့ဟာ အတွင်းဘက်မှာ ကျွန်တော်တို့ရဲ့မဟာမိတ်အနေနဲ့ရှိပါလိမ့်မယ်။ နောက်ပြီး မြို့ကိုတိုက်ပြီး ကွမ်းယွီ(Guan Yu) ကို မြို့ပြင်ထွက်အောင်လုပ်နိုင်ရင် သူ့အတွက်ပြန်စရာနေရာမရှိတော့ပါဘူး။" "ချောင်ချောင်း"(Cao Cao) က ထိုအကြံအတိုင်းပင် ဖမ်းမိသောစစ်သားတို့အား ပြန်လွှတ်လိုက်သည်။ "ကွမ်းယွီ"(Guan Yu) ကလည်း ထိုစစ်သားတို့ကိုယုံကြည်ပြီး သူ့လက်အောက်တွင် နေစေသည်။ ပြီးနောက် "ရှဟိုတွန်း"(Xiahou Dun) သည် စစ်သားငါးထောင်ဦးဆောင်ကာ မြို့ကိုလာတိ

သုံးနိုင်ငံခေတ်(၂၄)

Image
အခန်း(၂၄) "ချောင်ချောင်း"(Cao Cao) မှ တုန်းမိဖုရားကိုသတ်လိုက်ခြင်း။ "လျူဘေ့"(Liu Bei) သည် "ယွမ်ရှောက်"(Yuan Shao) ထံ ပြေးရခြင်း။ ရှေ့တစ်ခန်းတွင် "ချောင်ချောင်း"(Cao Cao) မှ ဘုရင်ကို နန်းချရန် ကြံစည်ကြောင်းဖော်ပြခဲ့ပြီးပြီဖြစ်သည်။ သို့သော် "ချန်ယွီ"(Cheng Yu) မှ အောက်ပါအတိုင်းပြောပြီး ဝင်ကာကန့်ကွက်သည်။ "သခင်ကြီး၊ အခုလက်ရှိမှာ သခင်ကြီးကို ပြည်သူလူထုတွေ ထောက်ခံမှုရအောင် လုပ်ရမှာဖြစ်တယ်၊ အခုအချိန်မှာ တိုင်းပြည်က ဟန်ဘုရင်တွေရဲ့ အုပ်စိုးမှုအောက်မှာရှိတဲ့အတွက် ဘုရင်ကိုသာ နန်းချလိုက်ရင် ပြည်တွင်းစစ်တွေဖြစ်လာနိုင်တဲ့အတွက် ဒါကို ကန့်ကွက်ရတာပါ" "ချောင်ချောင်း"(Cao Cao) ကလည်း ၎င်းကိုပြန်ဆင်ခြင်ပြီးနောက် သူ့အကြံကိုပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) အားလုပ်ကြံရန် ကြံစည်သူငါးဦးနှင့်တကွ ထိုသူတို့၏အိမ်သူအိမ်သားများ၊ အိမ်စေများပါမကျန် သေဒဏ်ပေးစေလေသည်။ မြို့ပြင်တံခါးပေါက်အသီးသီးသို့ဖမ်းခေါ်ခံရပြီး သေဒဏ်ပေးခံရသည့်သူဦးရေမှာ အနည်းဆုံး ခုနှစ်ရာခန့်ရှိသည်ဟူ၏။ ထိုရက်စက်မှုကိုမြင်ကြသောလူအပေါင်းတို့ ငိြုေ