Posts

Showing posts from May, 2016

1 Litre of Tears MM Sub

Image
ဒီဇာတ်ကားလေးကို တော်တော်များများသိကြမယ်လို့ထင်ပါတယ်။ ဒီဇာတ်လမ်းဟာ အပြင်လောကမှာ တကယ်ရှိခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ Aya ဆိုတဲ့ မိန်းကလေးဟာ အသက် ၁၅ နှစ်အရွယ်မှာ ကုလို့မရနိုင်တဲ့ ရောဂါတစ်ခုဖြစ်ခဲ့ပြီး သူ ဘဝကို ဘယ်လိုဖြတ်သန်းခဲ့လည်းဆိုတာ ရိုက်ပြထားတာဖြစ်ပါတယ်။ အင်မတန်နာမည်ကြီးတဲ့ဇာတ်ကားဖြစ်ပြီး ဂျပန်မှာတင် အခွေပေါင်း ၁.၁ မီလျံရောင်းရခဲ့တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ အပိုင်းကတော့ ၁၁ ပိုင်းရှိပါတယ်....   Ep1 (370MB)  Ep2 (282MB)  Ep3 (254MB)   Ep4 (303MB)  Ep5 (258MB)  Ep6 (298MB)   Ep7 (246MB)   Ep8 (256MB)   Ep9 (252MB)   Ep10 (233MB)  Ep11 (277 MB)

သုံးနိုင်ငံခေတ်(၁၉)

Image
အခန်း(၁၉) ရှဖီတွင် ချောင်ချောင်း(Cao Cao) စစ်ခင်းခြင်း။ အဖြူရောင်တံခါးမျှော်စင်တွင် လွီပု(Lu Bu) ကျဆုံးခြင်း ရှေ့တစ်ခန်းတွင် ဖော်ပြထားသည့်အတိုင်း "ကောက်ရွှန်း"(Gao Shun) နှင့် "ကျန်းလျောင်"(Zhang Liao) တို့သည် "ကွမ်းယွီ"(Guan Yu) နှင့်တိုက်ရန်ပြင်ပြီး "လွီပု"(Lu Bu) က "ကျန်းဖေး"(Zhang Fei) ကို တိုက်လေသည်။ ညီအစ်ကိုနှစ်ဦးလုံးထွက်တိုက်ကြပြီး "လျူဘေ့"(Liu Bei) သည် အရံအနေဖြင့် ရှိခဲ့သည်။ သို့သော် "လွီပု"(Lu Bu) သည် နှစ်ယောက်လုံးကို အနောက်မှဝင်၍တိုက်လေရာ ညီအစ်ကိုသုံးယောက်တို့ တပ်ဆုတ်ရလေသည်။ "လျူဘေ့"(Liu Bei) သည် မြင်းတပ်အနည်းငယ်နှင့်အတူ ရှောင်ဖေသို့ ဝင်ရန်ပြုသည်။ "လွီပု"(Lu Bu) သည်လည်း နောက်မှ တရကြမ်းလိုက်လာလေရာ မြို့ရိုးပေါ်မှစစ်သားတို့သည် မြားဖြင့် ပစ်ရန်ကြံသော်လည်း သူတို့၏ သခင်ကိုပါ ထိသွားမည်စိုးရိမ်သဖြင့် မပစ်ပဲနေရာ "လွီပု"(Lu Bu) ပါ မြို့အတွင်းဝင်ရောက်လာသည်။ "လျူဘေ့"(Liu Bei) သည် အခြေအနေမဟန်သဖြင့် သူ့အိမ်တော်သို့ပင် မဝင်နိုင်ပဲ နောက်လိုက်အနည်းငယ်နှင့် အနောက်တံခါးမှြေ

သုံးနိုင်ငံခေတ်(၁၈)

Image
အခန်း (၁၈) “ကျာရွှီ”(Jia Xu) ၏အကြံအစည်ဖြင့် အောင်ပွဲရခြင်း ၊ ရဲဝံ့စွာတိုက်ခိုက်ရင်း “ရှဟိုတွန်း”(Xiahou Dun) မျက်စိတစ်ဖက် ဆုံးရှုံးရခြင်း။ ရန်သူ၏အကြံကို ရိပ်မိသော “ကျာရွှီ”(Jia Xu) က တန်ပြန်တိုက်ခိုက်ရန် စီစဉ်သည်။ ““ချောင်ချောင်း”(Cao Cao) က မြို့ကိုသေချာစနည်းနာနေတာ တွေ့ရတယ်။ အရှေ့တောင်ထောင့်က တံတိုင်းက သုံးနေကျမဟုတ်တဲ့ ရွှံ့နဲ့ ပြင်ထားတာရယ် ၊ အတားအဆီးတွေက ပျက်စီးနေတာရယ်ကို သူကောင်းကောင်းသတိပြုမိမှာပဲ။ အဲဒီဖက်ကနေ သူဝင်တိုက်လိမ့်မယ်။ ဆန့်ကျင်ဘက်အရပ်ကနေအယောင်ပြပြီး ငါတို့ကို အနောက်တောင်ဖက်ကို ကာကွယ်စေမည်။ ညဖက်ကျမှ အရှေ့တောင်ဖက်ကနေ နံရံတွေကို ဖြိုချပြီး ဝင်ဖို့ကြိုးစားလိမ့်မယ်။” ဟု ဆိုလေသည်။ “ကျန်းရှို့”(Zhang Xiu) က “မင်းအတွေးမှန်တယ်လို့ယူဆရင် ဘာအကြံပေးချင်လဲ။” ဟု ပြန်မေးသော် “တန်ပြန်တိုက်ကွက်က ရိုးရှင်းပါတယ်။ အတော်ဆုံး ၊ သတ္တိအရှိဆုံးစစ်သားတွေကို ဗိုက်ဝအောင် စားခိုင်းထားပါ။ အပေါ့ပါးဆုံးဝတ်စုံကို ဝတ်ခိုင်းပြီး အရှေ့တောင်ထောင့်နားက အိမ်တွေမှာ အရပ်သားလိုဝတ်ပြီး နေခိုင်းပါ။ အရပ်သားတွေကိုကျတော့ စစ်သားလိုဝတ်ခိုင်းပြီး အနောက်တောင်ဖက်ကို ကာကွယ်ဟန်ဆောင်ခိုင်းပါ။ ဒီညမှာ ရန်သူကို မြို့ထဲဝင်ခွင်

Kuroko no Basket MM Sub

Image
Episode 1 (125 MB) Episode 2 (98 MB) Episode 3 (126 MB) Episode 4 (122 MB) Episode 22 (113 MB) Episode 23 (141 MB) Episode 24 (131 MB) Episode 25 (146 MB) -- Read Review --

သုံးနိုင်ငံခေတ်(၁၇)

Image
အခန်း(၁၇) "ယွမ်စု"(Yuan Shu) သည် တပ်ခုနှစ်တပ်ခွဲကာ စစ်ချီခြင်း၊ "ချောင်ချောင်း"(Cao Cao) နှင့် စစ်သူကြီးသုံးဦးတို့ပူးပေါင်းခြင်း ဟွိုင်မြစ်၏တောင်ဘက်သည် ကောက်ပဲသီးနှံကြွယ်ဝပြီး ထိုနယ်ပယ်ကြီးကို အပိုင်စားရသော "ယွမ်စု"(Yuan Shu) ကား အင်မတန်မှ ဩဇာရှိလေသည်။ "စွန်းချဲ့"(Sun Ce) ထံမှရသော ဘုရင့်တံဆိပ်တုံးရှိသည့်အတွက်လည်း မာနထောင်လွှားကာ ဘုရင်ပြုရန်ကြံလေသည်။ တစ်ရက်သော် လက်အောက်ငယ်သားတို့ကို စုရုံးကာ "ဟန်မင်းဆက် တည်ထောင်ခဲ့တဲ့ဘုရင်ဟာလည်း စစချင်းမှာ သာမန်အမှုထမ်းအဆင့်သာရှိခဲ့တယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ ဘုရင်ဖြစ်လာတယ်။ ဒီမင်းဆက်ဟာနှစ်ပေါင်းလေးရာတောင် ကြာရှည်လာခဲ့ပြီး ပျက်စီးစပြုနေပြီ။ ဥပဒေစိုးမိုးမှုဆိုတာ မရှိတော့ဘူး။ ငါ့မိသားစုတွေကတော့ ဆွေစဉ်မျိုးဆက်လေးဆက်တိုင်တိုင် ကြီးမြင့်တဲ့ရာထူးတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး လူအများရဲ့လေးစားမှုကို ခံရတယ်။ ဒါကြောင့် ငါက ကောင်းကင်ကြီးရဲ့အလိုအရ တိုင်းပြည်ကိုအုပ်ချုပ်ရင်ကောင်းမလားလို့ ကြံမိတယ်။ မင်းတို့ရော ဘယ်လို ထင်ကြလဲ?" ဟု မေးသည်။ သို့သော်လည်း လက်အောက်ခံတစ်ဦးဖြစ်သော "ရန်ရှန်"(Yan Xiang) မှ &q