Posts

Showing posts from December, 2018

သုံးနိုင်ငံခေတ် (၇၂)

Image
အခန်း (၇၂) "ကျူးကဲလျန့်"(Zhuge Liang) ၏ဉာဏ်ဖြင့် ဟန်ကျုံးကိုသိမ်းခြင်း။ "ချောင်ချောင်း"(Cao Cao) သည် ရှဲ့တောင်ကြားသို့ တပ်ဆုတ်ခြင်း။ ကန့်ကွက်မှုများကြားမှ "ရွှီဟွမ်"(Xu Huang) သည် မြစ်ကိုဖြတ်ကာ စခန်းချလေသည်။ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ကျောက်ယွင်"(Zhao Yun) တို့အား ရန်သူတို့နှင့်ရင်ဆိုင်ရန် ခွင့်ပြုပေးလိုက်သည်။ "ဟွမ်ကျုံး"(Huang Zhong) မှ "ရွှီဟွမ်(Xu Huang) က ဒီလိုလာတယ်ဆိုတော့ တော်တော်အတင့်ရဲတာပဲ။ ကျုပ်တို့တွေ သူ့ရဲမက်တွေပင်ပန်းတဲ့အထိစောင့်ပြီး ညနေကျမှ နှစ်ဖက်ကနေတိုက်ကြရအောင်" "ကျောက်ယွင်"(Zhao Yun) က သဘောတူလိုက်ပြီး တစ်ယောက်တစ်နေရာစီတွင် နေရာယူထားသည်။ "ရွှီဟွမ်"(Xu Huang) ရောက်လာကာ ရန်သူတို့ကိုစိန်ခေါ်သော်လည်း ရန်သူတို့မှာ ထွက်မလာပေ။ ထို့ကြောင့် "ရွှီဟွမ်"(Xu Huang) သည် သူ၏တပ်သားတို့အား ရန်သူ့စခန်းကို မြားနှင့်လှမ်းပစ်ရန်အမိန့်ပေးသည်။ "ဟွမ်ကျုံး"(Huang Zhong) မှ "ဒါ သူတပ်ဆုတ်ချင်လို့လုပ်တာဖြစ်မယ်။ အခုအချိန်က သူ့ကိုတိုက်ရမဲ့အချိန်ပဲ" ထိုအချိန်တွင်

သုံးနိုင်ငံခေတ် (၇၁)

Image
အခန်း(၇၁) တောင်ကုန်းတစ်ဖက်တွင် "ဟွမ်ကျုံး"(Huang Zhong) စစ်အောင်နိုင်ခြင်း။ ဟန်မြစ်ကမ်းတွင် "ကျောက်ယွင်"(Zhao Yun) အနိုင်ရခြင်း။ "ခင်ဗျားသာတကယ်ချီတက်ချင်တယ်ဆိုရင်တော့ ဖာကျန့်(Fa Zheng) ကိုပါထည့်ပေးပါရစေ။ ကိစ္စအားလုံးကို သူနဲ့တိုင်ပင်ပါ။ ဒါ့အပြင် စစ်ကူတွေလည်း ပို့ပေးပါမယ်" "ဟွမ်ကျုံး"(Huang Zhong) မှ လိုက်ခံကာ စစ်ချီတက်လေသည်။ ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) မှ "လျူဘေ့"(Liu Bei) အား ရှင်းပြသည်။ "ကျွန်တော် သူ့ကိုတမင်မခံချင်အောင်ပြောပြီး တာဝန်ကိုပိုပြီးထမ်းဆောင်နိုင်အောင်လုပ်တာ။ နို့မို့ဆို သူ့ကိုယ်သူမလုပ်နိုင်ဘူးလို့ထင်မှာစိုးလို့။ ဒါပေမယ့် သူစစ်ကူတွေတော့လိုအပ်လိမ့်မယ်" ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) သည် "ကျောက်ယွင်"(Zhao Yun) အား စစ်ကူလိုအပ်ပါက ကူညီရန်၊ မလိုပါက ဘာမှမလုပ်ရန်ပြောပြီး ချီတက်ခိုင်းလေသည်။ ထို့အပြင် "လျူဖုန်း"(Liu Feng) နှင့် "မုန့်တာ"(Meng Da) တို့ကို တပ်သားသုံးထောင်ဦးဆောင်စေပြီး ဗျူဟာအရအရေးပါသော တောင်ကုန်းများတွင် နေရာချစေကာ အလံများစွာလွင့်ထူထ

သုံးနိုင်ငံခေတ် (၇၀)

Image
အခန်း (၇၀) "ကျန်းဖေး"(Zhang Fei) သည် ဗျူဟာသုံးကာ ဝခိုခံတပ်ကိုသိမ်းယူခြင်း။ "ဟွမ်ကျုံး"(Huang Zhong) သည် ထျန်းတန်းတောင်ကို သိမ်းခြင်း။ စစ်နိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိသော "ကျန်းဟဲ"(Zhang He) ၏တပ်တွင် တပ်သား သုံးသောင်းပါဝင်ပြီး တောင်ကိုအကာအကွယ်ယူထားသည့်စခန်းသုံးခုတွင် နေရာချထားသည်။ ထိုတပ်စခန်းတို့မှာ တန်းချွီ၊ မုန့်ထို နှင့် တန်းရှီတို့ဖြစ်သည်။ "ကျန်းဟဲ"(Zhang He) သည် စခန်းတစ်ခုစီတွင် တပ်သားတဝက်ကို ကာကွယ်ရန်ထားခဲ့ပြီး ကျန်သောစစ်သည်တော်တို့နှင့် စစ်ချီထွက်သည်။ ထိုအကြောင်းသည် ပါးရှီးသို့ရောက်သောအခါ "ကျန်းဖေး"(Zhang Fei) သည် သူ၏လုပ်ဖော်ကိုင်ဖက် "လေထုံ"(Lei Tong) ကိုခေါ်ကာတိုင်ပင်သည်။ "လေထုံ"(Lei Tong) မှ "လန်ကျုံးအနီးတဝိုက်က တောင်ကုန်းတွေက အန္တရာယ်များတယ်၊ ကျွန်တော်တို့တွေ ကင်းပုန်းချထားသင့်တယ်။ စစ်သူကြီးက ထွက်ပြီး ထိပ်တိုက်ရင်ဆိုင်ပြီးတော့ ကျွန်တော်က ရုတ်တရတ်ထွက်တိုက်ရင် ကျွန်တော်တို့ ကျန်းဟဲ(Zhang He) ကိုဖမ်းနိုင်မယ်" ထိုအခါ "ကျန်းဖေး"(Zhang Fei) သည် "လေထုံ"(Lei Tong) အား တပ်သားင