Posts

Showing posts from September, 2014

Spoiler Alert - One Piece

Image
ဒီဟာကတော့ One Piece ရဲ့ ဇာတ်လမ်းကို forum တစ်ခုမှာ ခန့်မှန်းထားတာပါ။ ဖတ်မိတာတော့ ကြာပါပြီ။ တချို့သူတွေလဲ ဖတ်ပြီးလောက်ရောပေါ့။ ဒါပေမဲ့လဲ spoil ချင် .... အဲ့လေ..... ပြောချင်တော့ အဲ့ဒါကိုပဲ ဘာသာပြန် လိုက်ပါတယ်။ The Void Century အကျဉ်း One Piece မှာ Void Century ဆိုတဲ့ ခေတ်ကြီးတစ်ခု ရှိခဲ့တယ်ဆိုပြီး ပြောကြတာ သိကြမှာပါ။ ဒါပေမဲ့ Pirate King ဖြစ်တဲ့ Roger ရဲ့  pirate တွေက လွဲပြီး အဲ့ခေတ်မှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ဒါပေမဲ့ ရှေးဟောင်း သုတေသန ပညာရှင် Prof. Clover ကတော့ အဲ့ခေတ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာ အနည်းအကျဉ်းကို လေ့လာမိခဲ့ပါတယ်။ (Enies Lobby Arc - Episodes 264 to 290, 293 to 302, 304 to 312) သူ သိခဲ့သလောက်ကတော့ အဲ့ခေတ်ကြီးမှာ အင်အားကြီးမားပြီး ချမ်းသာကြွယ်ဝတဲ့ " ရှေးဟောင်းတိုင်းပြည်" ရှိခဲ့တယ်။ ဒါပေမဲ့ အဲ့ တိုင်းပြည်ရဲ့ ဩဇာကြီးမားမှုကို ကြောက်တဲ့ တိုင်းပြည်တွေဟာ ပေါင်းပြီး အဲ့နိုင်ငံကို ဝင်တိုက် အောင်မြင်ခဲ့ပြီး အဲ့  " ရှေးဟောင်းတိုင်းပြည်" ဆိုတာကို သမိုင်းကနေ အစအန ဖျောက်ခဲ့ပါတယ်။ ထင်မြင်ချက် Pirate King Gol. D Roger ပြောခဲ့တာ တစ်ခုရှိပါတယ်။ အ