Posts

Showing posts from December, 2013

Hashirama Senju

Image
Hashirama Senju ကတော့ သိကြတဲ့ အတိုင်း Konoha ရဲ့ First Hokage လဲ ဖြစ်ပါတယ်။ သူဟာ သူ့ clan ဖြစ်တဲ့ Senju clan နဲ့ Uchiha clan တို့ပေါင်းပြီး Konoha ဆိုတာကို စတင် တည်ထောင်ခဲ့တာလဲ ဖြစ်ပါတယ်။ Senju Clan နဲ့ Uchiha Clan က အဲ့ခေတ်အဲ့အခါကတော့ အစွမ်းအထက်ဆုံး clan နှစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ဟာ အချင်းချင်း စစ်တွေဖြစ်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ Hashirama က Uchiha clan ကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပြီး Uchiha clan နဲ့ အတူ Konoha ရွာကြီးကို တည်ထောင်ခဲ့ပါတယ်။ ရွာတည်ထောင်ပြီး နောက်မှာတော့ ရွာက လူအများစု ရဲ့ ဆုံးဖြတ်ချက် အရ Hashirama က First Hokage ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Madara ဟာ ရွာက ထွက်သွားခဲ့ပါတယ်။ နောက်တော့ Madara ဟာ Sharingan နဲ့ Kyubi ကို ထိန်းချုပ်ပြီး Hashirama ကို စိမ်ခေါ်ခဲ့တဲ့ အတွက် သူတို့နှစ်ယောက်ဟာ Valley of the End မှာ တိုက်ခဲ့ကြပါတယ်။ အဲ့မှာ Madara ရှုံးသွားခဲ့ပြီး သေသွားတယ်လို့ လူတွေက ထင်ခဲ့ကြပါတယ်။ Hashirama ဟာ အချို့သော tail တွေကို ထိန်းချုပ်ပြီး ငြိမ်းချမ်းရေးရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တခြားရွာတွေကို ခွဲဝေပေးခဲ့ပါတယ်။ ဒါပေမဲ့လဲ ပထမဆုံးသော Shinobi War ဖြစ်

Fate Zero - Servants

Image
Fate Zero ထဲမှာ ပါတဲ့ Servant တွေ သမိုင်းကြောင်းကို ရေးမှာ ဖြစ်ပါတယ်။ အမှားတစုံတရာ ပါခဲ့ရင်လဲ ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်။ 1. Saber Saber ကတော့ England ရဲ့ ရာဇဝင်မှာ ထင်ရှားခဲ့တဲ့ King Aurthur ပဲ ဖြစ်ပါတယ်။ King Aurthur ရဲ့ အကြောင်းကတော့ ခိုင်လုံတဲ့ မှတ်တမ်းမှတ်ရာတွေ မရှိခဲ့ပဲ လက်ဆင့်ကမ်းပြောခဲ့ကြတဲ့ အတွက် ယခုတိုင် သမိုင်းပညာရှင်တွေဟာ အငြင်းပွားနေဆဲပဲ ဖြစ်ပါတယ်။ မှတ်တမ်းတစ်ခုရဲ့ အဆို အရတော့ King Aurthur ဟာ England ကို ကျူးကျော်လာတဲ့ Saxon တွေကို တိုက်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။  နောက်ပြီး သူ့ရဲ့ လက်နက် အကြောင်းလဲ ပြောချင်ပါတယ်။ အဲ့ခေတ်က ကျောက်တုံးမှာ စိုက်ထားတဲ့ ဓား တစ်ခု ရှိတယ်လို့ဆိုပါတယ်။ အဲ့ဓားကို ဆွဲထုတ်နိုင်တဲ့ လူဟာ ဘုရင် ဖြစ်မဲ့လူလို့ ဆိုပြီး ဘယ်သူမှ ဆွဲထုတ် နိုင်ခြင်း မရှိခဲ့ပါဘူး။ တစ်နေ့တော့  Aurthur ဟာ အဲ့ဓားကို သွားဆွဲကြည့်တော့ အလွယ်တကူပဲ ကျွတ်သွားတယ်လို့ဆိုပါတယ်။ အဲ့ဓားကိုတော့ Excalibur လို့ခေါ်ပြီး တော်တော် အစွမ်းထက်တယ်လို့တော့ ပြောကြပါတယ်။ Aurthur မသေခင်မှာ Aurthur က သူ့နောက်လိုက်တွေကို အဲ့ဓားကို မြစ်ထဲမှာ သွားပစ်လို့ မှာခဲ့ပါတယ်။ သွားပစ်တော့ မြစ်ထဲကနေ လက်တစ်ဖက်ထွက်

Fate Zero

Image
ဒီဟာကတော့ Fate Zero anime review ဖြစ်ပါတယ်။ အပိုင်း 25 ပိုင်းရှိပါတယ်။ type ကတော့ Action, Fantasty, Survival genre ပဲ ဖြစ်ပါတယ်။ Fate Zero anime အကြောင်းပြောရင်တော့ Holy Grail ဆိုတာကနေ စပြောရမယ် ထင်တယ်။ Holy Grail ဆိုတဲ့ အရာကို ရရင် ကိုယ်လိုချင်တဲ့ အရာတစ်ခုကို တောင်းလို့ရတယ်လို့ဆိုပါတယ်။ အဲ့ Holy Grail ကို ရဖို့အတွက် နှစ် 60 မှာ တစ်ခါ ကျင်းပတဲ့ Holy Grail War ဆိုတာမှာ ဝင်ပြိုင်ရမှာတယ်။ အဲ့မှာ ပြိုင်ပွဲဝင်မဲ့သူကတော့ 7 ယောက်သာ ဝင်ပြိုင်ရပါတယ်။ နောက်ပြီး အဲ့လူတစ်ယောက်ဆီဟာ အတိတ်က ကျော်ကြားခဲ့တဲ့ လူရဲ့ ဝိညာဉ်ကို ပြန်ခေါ်ပြီး အဲ့ဝိညာဉ်နဲ့ ဒီစစ်ပွဲမှာ ပါဝင် ဆင်နွှဲရတာ ဖြစ်ပါတယ်။ အဲ့ ဝိညာဉ်တွေထဲမှာ အင်္ဂလန် ဘုရင် Aurhur ၊ မက်စီဒိုးနီးယား ဘုရင် Alexander အစရှိတဲ့ လူတွေ ပါ ပါတယ်။ ဒီထဲမှာတော့ character တွေကတော့ အများကြီးပါပဲ။ ပြိုင်ပွဲဝင် တစ်ယောက်စီက ဝိညာဉ်တစ်ယောက်ကို ခေါ်တယ်ဆိုတော့ 14 ယောက်ဖြစ်နေပြီ။ ဒါကြောင့်လဲ စစချင်း အပိုင်းမှာ ဇာတ်ရေလည်အောင် တစ်နာရီလောက်ကို character တွေနဲ့ မိတ်ဆက်ပေးတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ character များပေမဲ့လဲ character တွေ တစ်ဦးချင်းဆီရဲ့ စရိုက်တို့ စိတ်ဓာတ်တို့ကို ထင်ဟပ