Posts

Showing posts from July, 2019

သုံးနိုင်ငံခေတ်(၈၆)

Image
အခန်း (၈၆)  " ချင်မီ"(Qin Mi) သည် "ကျန်းဝင်"(Zhang Wen) အပေါ် စကားဖြင့်အနိုင်ယူခဲ့ခြင်း။ "ရွှီရှန်"(Xu Sheng) သည် မီးကိုသုံးကာ "ချောင်ဖီ"(Cao Pi) ကိုနှိမ်နှင်းခြင်း။ စစ်အောင်နိုင်ပြီးနောက် "လုရွှင့်"(Lu Xun) သည် ဝူပြည်၏သူရဲကောင်းတစ်ဦးဖြစ်လာခဲ့ပြီး တိုင်းပြည်ကိုစောင့်ရှောက်သောစစ်သူကြီးဟူသည့်ဘွဲ့ချီးမြင့်ခြင်းခံရသည်။ ထို့အပြင် ကျန်းလင်သခင်နှင့် ကျင်ကျိုးမြို့စားရာထူးတို့ကိုရရှိလေသည်။ ဝူတပ်အလုံးစုံတို့ကို ထိန်းချုပ်နိုင်သည့်အာဏာကိုလည်း သူ့ကိုပေးထားသည်။ "ကျန်းကျောက်"(Zhang Zhao) နှင့် "ကူယုံ"(Gu Yong) တို့သည် သူတို့သခင်၏နာမည်ဂုဏ်ကြီးစေရန်အလို့ငှာ ခုနှစ်ကို ထူးခြားသာလွန်သောနာမည်ပြောင်းရန် တိုက်တွန်းကြသည်။ ထို့ကြောင့် "စွန်းချွမ်"(Sun Quan) မှ ဟွမ်ချူးနှစ် (အေဒီ ၂၂၂) (အဝါရောင် အင်အားတောင့်တင်းမှု) ဟုခေါ်တွင်စေသည်။ ထိုအချိန်တွင် ဝေပြည်မှသံတမန်ရောက်လာကာ ညီလာခံသို့ခေါ်လာစေသည်။ သံတမန်မှ "ဟိုတလောတုန်းက ရှူကဝေပြည်ကို အကူအညီတောင်းခဲ့တဲ့အတွက် ဝေဧကရာဇ်က ဝူပြည်ကို စစ်တပ်တွေစေလွှတ်ခဲ့တယ်။ ဒါက နားလည်မှုလွဲတာဖြစ်

သုံးနိုင်ငံခေတ်(၈၅)

Image
အခန်း (၈၅) ပထမဧကရာဇ်သည် သားတော်ကို အုပ်ထိန်းသူထံအပ်နှံခဲ့ခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) သည် တပ်ငါးတပ်ကို တည်ငြိမ်စွာဖြေရှင်းခြင်း။ ကျန်းဝူနှစ်ဒုတိယနှစ် နွေရာသီ (အေဒီ ၂၂၁) တွင် ယီလင်၌ "လုရွှင့်"(Lu Xun) သည် ရှူတပ်ကြီးကိုချေမှုန်းခဲ့သည်။ ပထမဧကရာဇ်သည် ပိုင်တိချန်တွင် ခိုလှုံခဲ့ရပြီး "ကျောက်ယွင်"(Zhao Yun) က ကာကွယ်ရေးကိုတာဝန်ယူခဲ့သည်။ "မာလျန့်"(Ma Liang) ပြန်ရောက်လာသည့်အချိန်တွင် သူ့သခင်ဖြစ်သူမှာ စစ်ရှုံးသွားခဲ့မှန်းသိရသောအခါ စိတ်မကောင်းဖြစ်ပြီး မည်သည့်စကားမျှမပြောနိုင်ခဲ့ပေ။ ပြီးနောက်တွင်မှ "ကျူးကဲလျန့်"(Zhuge Liang) ပြောခဲ့သည်တို့ကိုပြန်ပြောပြသည်။ ပထမဧကရာဇ်သည် သက်ပြင်းချကာ "အကယ်၍ ဝန်ကြီးချုပ်ပြောတာသာနားထောင်ခဲ့ရင် ဒီလိုစစ်ရှုံးရမှာမဟုတ်ဘူး။ အခုတော့ မြို့တော်ကိုဘယ်လိုမျက်နှာနဲ့ပြန်ရမလဲ" ထို့နောက် ဧည့်ရိပ်သာကို ထာဝရငြိမ်းချမ်းမှုနန်းတော်ဟု သမုတ်ခဲ့သည်။ "ဖုန်းရှီ"(Feng Xi)၊ "ချန်ကျိ"(Cheng Ji)၊ "ဖူထုံ"(Fu Tong)၊ "ကျန်းနန်"(Zhang Nan)၊ ဘုရင် ရှားမိုခဲ့(Sha Moke) နှင့်များစွာသောစစ်သူ