Posts

Showing posts from May, 2020

Learning with Manga! FGO

Image
Part 1

သုံးနိုင်ငံခေတ်(၁၂၀)

Image
အခန်း(၁၂၀) "တုယွီ"(Du Yu) ကိုထောက်ခံမှုပေးကာ အိုမင်းသောစစ်သူကြီးသည် အကြံအစည်များပေးခဲ့ခြင်း။ "စွန်းဟောက်"(Sun Hao) ကိုဖမ်းဆီးကာ သုံးပြည်ထောင်သည် တစ်စုတစ်စည်းတည်းဖြစ်သွားခြင်း။ ဝေပြည်မှ ကျင့်ပြည်အဖြစ်ပြောင်းလဲသွားကြောင်းကို ဝူဧကရာဇ် "စွန်းရှို့"(Sun Xiu) သိသောအခါ နန်းလုသူသည် မကြာခင်ဝယ် သူ့တိုင်းပြည်ကိုကျူးကျော်လာလိမ့်မည်ဟု သိနေသည်။ ထိုသို့စိုးရိမ်ပူပန်မှုကြောင့် မမာမကျန်းဖြစ်ခဲ့ရာမှ အိပ်ရာထဲလဲသွားခဲ့သည်။ ပြီးနောက် သူ့ကုတင်နားသို့ ဝန်ကြီးချုပ် "ပုရန်ရှင်း"(Puyang Xing) နှင့် အိမ်ရှေ့စံ "စွန်းဝမ်"(Sun Wan) တို့ကိုခေါ်ခဲ့သည်။ သို့သော် သူတို့ရောက်လာသည့်အခါ အရမ်းနောက်ကျသွားခဲ့ပြီ။ သေဆုံးခါနီးဧကရာဇ်သည် ဝန်ကြီး၏လက်ကိုကိုင်ကာ သားဖြစ်သူကို လက်ညှိုးညွှန်ပြပြီးနောက် နတ်ရွာစံလေသည်။ "ပုရန်ရှင်း"(Puyang Xing) မှ ပြန်ထွက်လာခဲ့ပြီး အမှုထမ်းတို့ကိုစည်းဝေးစေကာ အိမ်ရှေ့စံကို နန်းတင်ရန် တိုင်ပင်သည်။ ထိုအချိန်ဝယ် လက်ဝဲတပ်ကြီးကြပ်ရေးအရာရှိ "ဝမ်ယွီ"(Wan Yu) မှ "ဒီလိုခေတ်ပျက်ကြီးမှာ မင်းသား စွန်းဝမ်(Sun Wan) ကိုနန်းတင်ဖို့ရာက သူ့အသ

သုံးနိုင်ငံခေတ်(၁၁၉)

Image
အခန်း(၁၁၉) ဟန်ဆောင်လက်နက်ချခြင်း - ပရိယာယ်သည် အချည်းနှီးဖြစ်ခဲ့ရခြင်း။ ထီးနန်းစွန့်ခြင်း - နောင်လာနောက်သားတို့သည် သမိုင်းမှသင်ခန်းစာယူခြင်း။ "တန့်အိုက်"(Deng Ai) ကို ဖမ်းဆီးရန် အကောင်းဆုံးနည်းလမ်းကိုမေးရာ "ကျန်းဝေ"(Jiang Wei) မှ "ဝေကွမ်း"(Wei Guan) ကိုလွှတ်လိုက်ပါ။ တန့်အိုက်(Deng Ai) က ဝေကွမ်း(Wei Guan) ကို သတ်ဖို့ကြိုးစားရင် သူ့အတွင်းစိတ်ကိုဖော်ထုတ်လိုက်တာပဲ။ ဒါကို သူ့ကိုသစ္စာဖောက်အနေနဲ့ ချေမှုန်းလို့ရတယ်" ထို့ကြောင့် "ဝေကွမ်း"(Wei Guan) ကို ဖမ်းဆီးရန် တာဝန်ပေးပြီး လူအယောက်သုံးဆယ်ဖြင့် စေလွှတ်လိုက်သည်။ "ဝေကွမ်း"(Wei Guan) ၏လူတို့မှ အန္တရာယ်ကိုကိုမြင်သောကြောင့် မသွားရန်တားကြသည်။ "ကျုံးဟွေ့(Zhong Hui) က တန့်အိုက်(Deng Ai) လက်ကိုငှားပြီး သခင်ကြီးကိုသတ်ဖို့လုပ်နေတာ မသွားသင့်ပါဘူး" "စိတ်မပူပါနဲ့။ ကျုပ်မှာ အကြံရှိပါတယ်" "ဝေကွမ်း"(Wei Guan) သည် အောက်ပါအကြောင်းအရာအတိုင်း တူညီသည့်စာအချို့ကို ရေးခဲ့သည်။ 'ဝေကွမ်း(Wei Guan) မှာ တန့်အိုက်(Deng Ai) ကိုဖမ်းဆီးဖို့အမိန့်ရှိပေမယ့်လည်း အလျင်အမြန