Posts

Showing posts from November, 2017

သုံးနိုင်ငံခေတ်(၆၂)

Image
အခန်း(၆၂) ဖူမြစ်ခံတပ်ကိုသိမ်းယူခြင်း၊ "ရန်ဟွိုင်"(Yang Huai) နှင့် "ကောင်းဖေ"(Gao Pei) တို့အသတ်ခံရခြင်း။  လော့ချန်ကို သိမ်းခြင်း၊ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့ယှဉ်ပြိုင်ကြခြင်း။ "ကျန်းကျောက်"(Zhang Zhao) မှ "သခင်ကြီးသာ အနောက်ဘက်ကိုစစ်ချီရင် ချောင်ချောင်း(Cao Cao) ကပြန်လာတိုက်မှာပဲ။ ဒီတော့ စာနှစ်စောင်ရေးပါ။ တစ်စောင်ကို လျူကျန်း(Liu Zhang) ဆီပို့ပြီး သခင်ကြီးနဲ့လျူဘေ့(Liu Bei) ပေါင်းပြီး အနောက်ဘက်ပြည်နယ်ကိုသိမ်းတော့မယောင် ရေးပါ။ ဒီလိုဆို လျူကျန်း(Liu Zhang) ကမသင်္ကာဖြစ်ပြီး လျူဘေ့(Liu Bei) ကိုတိုက်လိမ့်မယ်။ နောက်တစ်စောင်ကိုတော့ ကျန်းလုဆီစာရေးပြီး ကျင်ကျိုးကိုတိုက်အောင်တိုက်တွန်းပါ။ ဒီလိုဆို လျူဘေ့(Liu Bei) ကြားပိတ်ပြီးအတိုက်ခံရလိမ့်မယ်။ အဲ့အချိန်မှာ ကျွန်တော်တို့က ကျင်ကျိုးကိုဝင်သိမ်းလိုက်ရုံပဲ" ဟုပြောသည်။ "စွန်းချွမ်"(Sun Quan) က သဘောတူကာ စာနှစ်စောင်ကိုပို့လိုက်သည်။ ထိုအချိန်တွင် "လျူဘေ့"(Liu Bei) မှာ ကျားမုန့်ခံတပ်တွင် လူတို့၏ချစ်ခင်လေးစားမှုကိုရရှိနေသည်။ သူ၏ဇနီးဖြစ်သူအကြေ

သုံးနိုင်ငံခေတ်(၆၁)

Image
အခန်း(၆၁) မြစ်ထဲတွင် "ကျောက်ယွင်"(Zhao Yun) သည် "လျူရှန်"(Liu Shan) ကိုကယ်တင်ခြင်း။ စာတစ်စောင်ဖြင့် "စွန်းချွမ်"(Sun Quan) က "ချောင်ချောင်း"(Cao Cao) ကိုတပ်ဆုတ်သွားစေနိုင်ခြင်း။ အနောက်ဘက်မြစ်ကမ်းဒေသကိုရယူရန်အတွက် နယ်စား "လျူကျန်း"(Liu Zhang) ကိုလုပ်ကြံရန် "ဖန်ထုံ"(Pang Tong) နှင့် "ဖာကျန့်"(Fa Zheng) တို့က တိုက်တွန်းသော်လည်း "လျူဘေ့"(Liu Bei) က လက်မခံပေ။ နောက်တစ်ရက်ဝယ် ဖူချန်မြို့တွင် ထပ်တစ်ခါ စားပွဲကျင်းပလေသည်။ ဧည့်သည်နှင့်အိမ်ရှင်တို့သည် ရင်းနှီးစွာစကားပြောဆိုကြသည်။ အရက်သောက်နေကြစဉ် "ဖန်ထုံ"(Pang Tong) မှ "ဖာကျန့်"(Fa Zheng) အား "ကျုပ်တို့သခင်ကြီးက ဒါကိုလက်မခံချင်ဘူးဆိုတော့ ကျုပ်တို့တွေ ဝေရန်(Wei Yan) ကိုဓားရေးပြခိုင်းပြီး အရှုပ်အထွေးဖြစ်အောင်လုပ်ပြီးတော့ အဲ့အချိန်မှာ လျူကျန်း(Liu Zhang) ကိုသတ်ကြရအောင်"ဟုပြောလေသည်။ မကြာခင်တွင် "ဝေရန်"(Wei Yan) သည် ဓားကိုအောက်စိုက်ကာကိုင်လျက်ဝင်လာပြီး "ဒီစားပွဲမှာ ဖျော်ဖြေမှုတွေမရှိဘူးဆိုတော့ ကျွန်တော်က ဓားရေးပြပြီ

Zutto Mae Kara Suki Deshita: Kokuhaku Jikkō Iinkai

Image
Genres: Romance, School Episode 1 Episode 2 Episode 3 Go to translated songs & video page.