Posts

Showing posts from June, 2019

သုံးနိုင်ငံခေတ်(၈၃)

Image
အခန်း(၈၃) ရှောင်းထင်တွင်တိုက်ခိုက်ပြီးနောက် ပထမဧကရာဇ်သည် ရန်သူတစ်ဦးကိုဖမ်းမိခြင်း။ လျှိုမြောင်သုံးခုကိုကာကွယ်ကာ စာသင်သားသည် အမြင့်ဆုံးကွပ်ကဲမှုကိုယူခဲ့ခြင်း။ ကျန်းဝူနှစ်ဒုတိယနှစ် (အေဒီ ၂၂၁) နွေဦးကာလ ပထမဆုံးလ-- ပထမဧကရာဇ်စစ်ချီရာတွင် ဝါရင့်စစ်သူကြီး "ဟွမ်ကျုံး"(Huang Zhong) လည်း ပါဝင်ခဲ့သည်။ သူ၏သခင်မှ အိုမင်းပြီးမစွမ်းဆောင်နိုင်တော့သောအမှုထမ်းများအကြောင်းပြောသည်ကိုကြားပြီးနောက် သူသည်ဓားကိုကိုင်ပြီး သူ၏ယုံကြည်ရသောလက်အောက်ငယ်သားအချို့နှင့်အတူ ယီလင်စခန်းသို့သွားခဲ့သည်။ ထိုနေရာတွင်တာဝန်ကျသော စစ်သူကြီး "ဝူပန်"(Wu Ban) မှကြိုဆိုပြီး "ဝါရင့်စစ်သူကြီးက ဘာလို့ဒီကိုရောက်လာတာလဲ?" "ကျုပ် ဧကရာဇ်ချန်ဆားမြို့ကထွက်ခွာစဉ်ကတည်းက သူ့နောက်ကိုလိုက်ခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ အခုကျုပ်အသက်က ၇၀ ကျော်ပေမယ့် အသားဆယ်ပေါင်လောက်ကိုစားနိုင်သောက်နိုင်ပြီး လေးလံလှတဲ့လေးကိုဆွဲနိုင်သေးတယ်။ ဒါ့အပြင် မမောမပန်းပဲ မိုင်ငါးရာခရီးကိုသွားနိုင်တယ်၊ ကျုပ်က အင်အားမယုတ်လျော့သေးဘူး။ ဒါပေမယ့် ကျုပ်သခင်က အသက်ကြီးပြီးမလုပ်ဆောင်နိုင်တဲ့ခေါင်းဆောင်တွေအကြောင်းပြောတော့ ကျုပ်က ဝူနဲ့တိုက်ဖို

သုံးနိုင်ငံခေတ်(၈၂)

Image
အခန်း (၈၂) "စွန်းချွမ်"(Sun Quan) သည် ဝေပြည်ဩဇာကိုနာခံကာ ဂုဏ်သိန်ကိုးသွယ်ကိုလက်ခံခြင်း။ ပထမဧကရာဇ်သည် ဝူကိုတိုက်ကာ တပ်မခြောက်ခုတို့ကို ဆုလာဘ်များပေးခြင်း။ ကျန်းဝူနှစ်ပထမနှစ် ရှစ်လပိုင်းတွင် ပထမဧကရာဇ်သည် စစ်တပ်တို့ကိုဦးဆောင်ပြီး ခွေ့ခံတပ်မှတဆင့် ပိုင်တိချန်မြို့တွင် စခန်းချသည်။ ထိုအချိန်တွင် ဝူဘက်မှ "ကျူးကဲကျင့်"(Zhuge Jin) ရောက်လာကြောင်းသိသော်လည်း ဝင်ခွင့်မပြုခဲ့ပေ။ သို့သော် "ဟွမ်ချွမ်"(Huang Quan) မှ "သူ့ညီက ဧကရာဇ်ရဲ့ဝန်ကြီးချုပ်ဖြစ်နေတော့ သူလာတာက အရေးကြီးတဲ့အကြောင်းအရာကြောင့် လာတာပဲဖြစ်ရမယ်။ ဒါကြောင့် ဧကရာဇ်က သူနဲ့တွေ့ပြီး သူဘာပြောလည်းဆိုတာ နားထောင်သင့်တယ်။ သူ့ပြောတာကို လက်ခံသင့်ရင်လက်ခံပြီး ငြင်းသင့်ရင်ငြင်းပါ။ ဒါ့အပြင် သူကနေတဆင့် ဧကရာဇ်က စွန်းချွမ်(Sun Quan) ကိုပြစ်ဒဏ်ပေးဖို့ရောက်လာတာဖြစ်ကြောင်း စွန်းချွမ်(Sun Quan) သိအောင်လုပ်လို့ရတယ်" ထို့ကြောင့် "ကျူးကဲကျင့်"(Zhuge Jin) ကို ဝင်ခွင့်ပြုလိုက်သည်။ သံတမန်သည် အတွင်းသို့ဝင်လာပြီးနောက် အရိုအသေပြုလေသည်။ "ကျူးကဲကျင့်(Zhuge Jin)၊ ခင်ဗျား အဝေးကြီးကရောက်လာတာဟာ ဘာအကြောင

သုံးနိုင်ငံခေတ်(၈၁)

Image
အခန်း (၈၁) - လက်စားချေလိုစောဖြင့် "ကျန်းဖေး"(Zhang Fei) လုပ်ကြံခံရခြင်း။ ပထမဧကရာဇ်သည် လက်စားချေရန်အလို့ငှာ   စစ်ချီခြင်း။ "ကျောက်ယွင်"(Zhao Yun) သည် ဝူကိုတိုက်ရန်ကန့်ကွက်ခဲ့သည်။ "သူပုန်အစစ်အမှန်က စွန်းချွမ်(Sun Quan) မဟုတ်ပဲ ချောင်ချောင်း(Cao Cao) သာဖြစ်တယ်။ အခု သူ့သားက ထီးနန်းကိုလုယူပြီး လူတွေ၊နတ်တွေကို အမျက်ထွက်စေခဲ့တယ်။ ဧကရာဇ်သာ ဝေမြစ်မှာစခန်းချပြီး ရန်သူတွေကိုတိုက်ဖို့ပြင်မယ်ဆိုရင် အရှေ့ဘက်က သစ္စာရှိတဲ့လူတွေက လာကူမှာဖြစ်တယ်။ ဝေမြစ်ကိုဒီအတိုင်းထားခဲ့ပြီး ဝူကိုတိုက်ရင်တော့ စစ်တပ်အင်အားအလုံးစုံကိုသုံးလိုက်ရမှာဖြစ်ပြီး အရေးကြုံလာရင် သုံးဖို့တပ်ဖွဲ့ရှိမှာမဟုတ်ဘူး။ ဒါကြောင့် ပြန်စဉ်းစားသုံးသပ်သင့်ပါတယ်" ပထမဧကရာဇ်မှ "စွန်းချွမ်(Sun Quan) က ကျုပ်ညီကိုသတ်ခဲ့တယ်။ ဒါ့အပြင် ဖူရှီရန်(Fu Shiren) ၊ မီဖန်(Mi Fang) ၊ ဖန်ကျန်း(Pan Zhang) နဲ့ မာကျုံး(Ma Zhong) တို့ဟာလည်း အဲ့မှာရှိနေတယ်။ အဲ့လူတွေရဲ့အသွေးအသားကိုမြိုပြီး သူတို့ဆွေမျိုးသားချင်းတွေကိုပါ သတ်မှ ကျုပ်ရဲ့အမျက်ပြေပျောက်နိုင်မှာဖြစ်တယ်။ စစ်သူကြီးက ဘာလို့ကန့်ကွက်ရတာလဲ?" "ဘာကြောင့်လည်းဆိုေ