Posts

Showing posts from March, 2014

Four Emperors (Yonko)

Image
Yonko ဒါမှမဟုတ် ဘုရင်လေးပါး (လို့ ပြောရမလား မသိ) - သူတို့ကတော့ One Piece ထဲမှာ လောကကြီးကို ခြယ်လှယ်နေတဲ့ အဖွဲ့ကြီး သုံးဖွဲ့ (Marine၊ Yonko၊ Shichibukai) ထဲက တစ်ဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ New World (Shinsekai ) ကို လွှမ်းမိုးထားကြပြီး သူတို့ ပိုင်ဆိုင်ရာ နယ်မြေတွေမှာတော့ ဘုရင်တစ်ပါးတစ်ဖွယ် နေကြတယ်လို့ ဆိုပါတယ်။ Marineford Arc မတိုင်ခင်တုန်းက Yonko တွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။ 1. Shirohige ( White Beard ) 2. Shanks 3. Charlotte Linlin 4. Kaido Marineford Arc အပြီးမှာတော့ White Beard ဟာ သေသွားခဲ့ပြီး နှစ်နှစ် အကြာမှာ Marshall D. Teach ဟာ အရင် White Beard ရဲ့ နယ်မြေတွေကို ပြန်သိမ်းခဲ့ပြီး Yonko ဆိုတဲ့ ရာထူးကို ဆက်ခံခဲ့ပါတယ်။ 5. Marshall D. Teach 1. Whitebeard Whitebeard ကတော့ ပင်လယ်ဓားပြဘုရင် ဖြစ်တဲ့ Gold D Roger ရဲ့ ပြိုင်ဘက်ဖြစ်ပြီး Gold D Roger သေပြီးနောက်ပိုင်းမှာတော့ Whitebeard ကို လောကမှာ အစွမ်းအထက်ဆုံးဆိုပြီး လူတွေက သမုတ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Whitebeard ရဲ့ အရှိန်အဝါကြီးလာတော့ Marine က ရှိသမျှ အင်အားတွေနဲ့ Whitebeard ကို ရင်ဆိုင်ဖို့ လုပ်ရာကနေ B

One Piece

Image
One Piece ဟာ တခြား manga၊ anime တွေလို သရဲ ၊ တစ္ဆေ၊ ninja စတဲ့ အရှေ့တိုင်း ယဉ်ကျေးမှုတွေကို နောက်ခံပြုထားတာ မဟုတ်ပဲ ၁၇ ရာစု ပင်လယ်ဓားပြတွေကို ကျောရိုးနောက်ခံ အနေနဲ့ ဇာတ်လမ်းတည်ဆောက် ထားတာဟာ ဒီ anime ရဲ့ တမူ ထူးခြားတဲ့ အချက်လို့ ဆိုနိုင်ပါတယ်။ နောက်ပြီး One Piece လို long series ဟာ ဒီလိုမျိုး ဇာတ်အိမ်နဲ့မှသာ အရှည်ကြီး ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ One Piece ရဲ့ mangaka ဖြစ်တဲ့ Oda ရဲ့  ဖန်တီးနိုင်စွမ်း ကြောင့်လဲ ဖြစ်ပါတယ်။ အခုဆို One Piece က အပိုင်း 600 ကျော်နေပါပြီ။ ဒါပေမဲ့လဲ ဇာတ်လမ်း အရ တစ်ဝက်လောက်ပဲ ရှိသေးတယ်လို့ ဆိုလို့ ရပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ အလွန်ချမ်းသာကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ ပင်လယ်ဓားပြ ဘုရင် Gold D Roger ကို လူလယ်ခေါင်မှာ ကြိုးပေးတာကနေ စပြီး ပြထားခဲ့ပါတယ်။ Roger ဟာ သူ အသတ်သေခါနီးမှာ "အဲ့ အရာကို မင်းတို့ ရှာလို့တွေ့ရင် ယူနိုင်တယ်" ဆိုပြီး ပြောခဲ့ပါတယ်။ သူရဲ့ နောက်ဆုံး စကားကြောင့် လူတွေဟာ သူ့ရဲ့ ရတနာ ဖြစ်တဲ့ One Piece ကို ရှာကြရာကနေ ပင်လယ်ဓားပြခေတ်ကြီး စတင် ခဲ့ပါတော့တယ်။ ဒီ series ရဲ့  main protagonist ဖြစ်တဲ့ Luffy ဟာ ပင်လယ်ဓားပြ ဘုရင် ဖြစ်ဖို့ ရည်မှန်း