Posts

Showing posts from August, 2015

ဂျပန်ရာဇဝင် - Muromachi ခေတ် (1333 - 1573)

1333 မှာ Kamakura အစိုးရကို ဖြုတ်ချပြီးနောက် ဧကရာဇ် Go-Daigo ဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ရလာခဲ့ပါတယ်။ ဒါပေမယ့် Go-Daigo ဟာ အရည်အချင်းမရှိတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတွက် သူ့ရဲ့ အာဏာက တာရှည်မခံခဲ့ပါဘူး။ Kamakura အစိုးရကို တိုက်တုန်းက ဘုရင့်ဘက်က ပါဝင်ခဲ့တဲ့ နယ်စား Ashikaga Takauji ဟာ ပုန်ကန်ခဲ့ပြီး 1336 မှာ မြို့တော် Tokyo ကို သိမ်းနိုင်ခဲ့ပါတယ်။ ဘုရင် Go-Daigo ဟာ Tokyo တောင်ပိုင်းဖြစ်တဲ့ Yoshino အရပ်ကို ပြေးသွားပြီး အဲ့မှာ တောင်ဘက်နန်းတွင်း တည်ထောင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Takauji ဟာ Kyoto မှာ ရုပ်သေးဘုရင်တစ်ပါးကို တင်မြောက်ခဲ့ပါတယ်။ 1338 မှာတော့ Takauji ဟာ Shogun ရာထူးကို ရလာခဲ့ပြီး Kyoto မှာ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရအဆောက်အဦးတွေ တည်ရှိခဲ့တဲ့ Muromachi ရပ်ကွက်ကို အစွဲပြုပြီးတော့ ဒီခေတ်ကို Muromachi ခေတ်လို့ ခေါ်ခဲ့ကြပါတယ်။ Ashikaga တွေဟာ Shogun ဖြစ်လာခဲ့ပေမယ့်လည်း တိုင်းပြည်မှာ ဘုရင်က တောင်ဘုရင်နဲ့ မြောက်ဘုရင်ဆိုပြီး နှစ်ပါးဖြစ်နေခဲ့ ပြီး အုပ်စုနှစ်စု ကွဲနေခဲ့ပါတယ်။ "ဗုံလုံတစ်လှည့်၊ ငါးပျံတစ်လှည့်" ဆိုသလိုပဲ အဲ့နှစ်ဖွဲ့ဟာ အရှုံးအနိုင်မကွဲခဲ့ကြပဲ နှစ်င

ဂျပန်ရာဇဝင် - Kamakura ခေတ်

Image
  သက္ကရာဇ် 1185 မှာ Minamoto Yoritomo ဟာ Gempei စစ်ပွဲရဲ့ နောက်ဆုံး တိုက်ပွဲဖြစ်တဲ့ Dan-no-ura ဆိုတဲ့ ရေကြောင်းတိုက်ပွဲမှာ ပြိုင်ဖက်ဖြစ်တဲ့ Taira clan ကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပါတယ်။ အဲ့နောက် 1192 မှာတော့ ဧကရာဇ်ဟာ Minamoto ကို "Seii Tai-Shogun" ဆိုတဲ့ ဘွဲ့ကို ချီးမြှင့်ခဲ့တဲ့အတွက် သူဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံးသော Shogun ဖြစ်လာခဲ့ပါတယ်။ Minamoto ဟာ Kwanto ပြည်နယ် Kamakura မြို့မှာ အခြေချပြီး အရပ်ရပ်က daimyo တွေကို အုပ်ချုပ်ခဲ့ပါတယ်။ Minamoto ဟာ Hojo မိသားစုက Hojo Masako ဆိုတဲ့ အမျိုးသမီးတွေနဲ့ လက်ထပ်ခဲ့ပါတယ်။ Minamoto သေဆုံးပြီးနောက်မှာတော့ Hojo clan က ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်ရေးကို စီမံခဲ့ပါတယ်။ Hojo တွေ အုပ်ချုပ်နေတဲ့ အချိန်ဟာ အာရှမှာ မွန်ဂိုတွေ အင်အားကြီးလာတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ တိုက်တိုင်းအောင်ဖြစ်နေတဲ့ မွန်ဂိုတွေဟာ တရုတ်ပြည်နဲ့ ကိုရီးယားကို သိမ်းပြီးနောက်မှာတော့ ဂျပန်ကိုပါ သိမ်းဖို့ ကြံလာခဲ့ပါတယ်။ မွန်ဂိုဘုရင် ကူဗလိုင်ခန် (Kublai Khan) ဟာ သင်္ဘောပေါင်းများစွာဆောက်စေခဲ့ပြီး စစ်တိုက်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။ 1274 မှာတော့ မွန်ဂိုတွေဟာ ကြီးမားတဲ့ ရေတပ်နဲ့ ဂျပန်ကို ဝင်