Posts

Showing posts from January, 2016

Hikaru no Go

Image
Genre - Comedy, Game, Shounen, Supernatural ဒီ anime ဟာ Go ဂိမ်းကို အခြေခံထားပြီး ဆွဲထားတဲ့ anime ဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုတော့ Hotta Yumi ရေးသားခဲ့ပြီး ပုံဆွဲတာကိုတော့ နောက်ပိုင်းမှာ Dead Note ၊ Bakuman စတဲ့ manga တွေနဲ့ နာမည်ကြီးလာမယ့် mangaka ဖြစ်တဲ့ Obata Takeshi က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၈ ကနေ ၂၀၀၃ ခုနှစ်အထိ အပတ်စဉ် Shounen Jump မှာ ပါခဲ့တဲ့ manga ဖြစ်ပါတယ်။ Anime ကတော့ ၂၀၀၁ ကနေ ၂၀၀၃ အထိ ထုတ်လွှင့်ခဲ့ပြီး အပိုင်း ၇၅ ပိုင်းရှိပါတယ်။ Manga ဟာလည်း အင်မတန် နာမည်ကြီးခဲ့ပြီး အုပ်ရေ ၂၅ မီလျံလောက် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၀၀ ခုနှစ်မှာ "Shogakukan Manga Award" ဆု ၊ ၂၀၀၃ ခုနှစ်မှာ "Tezuka Osamu Cultural Prize" စတဲ့ ဆုတွေ ဆွတ်ခူးခဲ့တဲ့ manga လည်း ဖြစ်ပါတယ်။ ဒါတင်မက Hikaru no Go anime ရဲ့ အောင်မြင်မှုကြောင့် ဂျပန်နိုင်ငံတစ်ဝန်းမှာ ရှေးခေတ်ရင်ကျေးမှုအမွေလို့ ဆိုနိုင်တဲ့ Go ဂိမ်းဟာ လူငယ်လူရွယ်တွေကြားမှာ အသစ်တစ်ဖန် ပြန်လည် ရေပန်းစားလာခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အသက် ၁၂ နှစ်အရွယ်ရှိတဲ့ Hikaru ဆိုတဲ့ ကလေးလေးဟာ သူ့အဖိုးရဲ့ ဂိုထောင်ထဲက ပစ္စည်းပစ္စယတွေကို ရောင်းစားဖို

Igo ဂိမ်း

Image
၁။ Igo ဆိုတာ ဘာလဲ? Igo ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က တရုတ်ပြည်မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ဂိမ်းဖြစ်ပြီး သက်တမ်းအရင့်ဆုံး ဘုတ်ဂိမ်းလို့လည်း ဆိုနိုင်ပါတယ်။ တရုတ်လို Weiqi ၊ ကိုရီးယားလို baduk ၊ ဂျပန်လို igo (သို့) go စသည်ဖြင့် အမျိုးမျိုးခေါ်ကြပြီး "ဝန်းရံရတဲ့ ဂိမ်း" လို့ အဓိပ္ပာယ်ရပါတယ်။ မကျွမ်းကျင်သေးတဲ့ စပြီး ကစားတဲ့သူတွေကတော့ အကွက်ပေါင်း ၉x၉ ဒါမှမဟုတ် ၁၃x၁၃ ကွက်ရှိတဲ့ ဘုတ်ပြားနဲ့ ဆော့လေ့ရှိပါတယ်။ ပုံမှန်ကတော့ အလျားxအနံ ၁၉x၁၉ ရှိတဲ့ ဘုတ်ပြားပေါ်မှာ အဖြူ၊ အမည်းကျောက်တုံးတွေနဲ့ ကစားသူနှစ်ဦး နယ်မြေ အပြိုင်အဆိုင်လုရတဲ့ ဂိမ်းဖြစ်ပါတယ်။ ဂိမ်းရဲ့ အဆုံးမှာ နယ်မြေ ပိုသိမ်းနိုင်တဲ့သူက အနိုင်ရပါတယ်။ (ဒါမှမဟုတ် တစ်ဖက်က အရှုံးပေးလည်း အနိုင်ရပါတယ်။) Igo ဟာ အခုလက်ရှိကာလထိ ဆော့နေတဲ့ ဂိမ်းလည်းဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် စစ်တမ်းအရ တစ်ကမ္ဘာလုံးမှာ go ကစားသူပေါင်း သန်း ၄၀ ရှိတယ်လို့ဆိုပြီး အများစုကတော့ အရှေ့အာရှက ဖြစ်ပါတယ်။ ၂၀၁၅ ဒီဇင်ဘာမှာ " နိုင်ငံတကာ GO အဖွဲ့အစည်း" မှာ အဖွဲ့ဝင်နိုင်ငံ ၇၅ နိုင်ငံ ရှိတယ်လို့ ဆိုပါတယ်။ ၂။ စည်းမျဉ်းစည်းကမ်း Go ဂိမ်းမှာ အဓိကအားဖြင့်က

Showa ခေတ်

Image
Taisho ဧကရာဇ် နတ်ရွာစံပြီးနောက် ၁၉၂၆ မှာ သားဖြစ်သူ ဟီရိုဟီတို (Hirohito) လို့ လူသိများတဲ့ Showa ဧကရာဇ် နန်းတက်ခဲ့ပါတယ်။ ဟီရိုဟီတိုဘုရင်ဟာ နန်းသက်အရှည်ဆုံးဘုရင်ဖြစ်ခဲ့ပြီး ၆၃ နှစ်ကြာ အုပ်စိုးခဲ့ပါတယ်။ Showa ခေတ်ဟာ ဂျပန်သမိုင်းတစ်လျှောက်လုံးမှာ အဆိုးရွားဆုံးနဲ့ အကောင်းမွန်ဆုံး အချိန်တွေ ပေါင်းစပ်ထားတဲ့ ခေတ်လို့ ဆိုရင်လည်း မမှားပါဘူး။ ၁၉၁၀-၂၀ အတွင်း ဒီမိုကရေစီအသွင် ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမယ့်လည်း ပါလီမန်အစိုးရဟာ ၁၉၂၀ နောင်းပိုင်းမှာ ကြုံတွေ့ခဲ့တဲ့ စီးပွားရေးပျက်ကပ်ကို ဖြေရှင်းနိုင်စွမ်း မရှိတဲ့အပြင် နိုင်ငံရေးဖိအားတွေလည်း များလာခဲ့ပြီး စစ်မက်ကိုလိုလားတဲ့သူတွေ အာဏာရလာခဲ့ပါတယ်။ မန်ချူးရီးယားအရေး ဂျပန်တွေဟာ ၁၉၃၁ မှာ မန်ချူးရီးယားကို သိမ်းခဲ့ပြီး မန်ချူးကို တရုတ်လက်အောက်က လွှတ်ပေးခြင်း ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ တရုတ်ဧကရာဇ်ဟောင်း ပုရီ (Puyi) ဦးဆောင်တဲ့ ရုပ်သေးအစိုးရဖွဲ့စေပြီး မန်ချူးရီးယားပြည်နယ်ကို မန်ချူးကိုး (Manchukuo) လို့ ခေါ်ဝေါ်စေခဲ့ပါတယ်။ ၁၉၃၆ မှာတော့ မွန်ဂိုလီးယား အတွင်းပိုင်းကို သိမ်းခဲ့ပြီး အလားတူ ရုပ်သေးအစိုးရ ဖန်တီးခဲ့ပါတယ်။ မန်ချူးကိုးမှာ ဂျပန်ဦးရေဟာ ၈၅၀, ၀၀၀