Posts

Showing posts from 2016

သုံးနိုင်ငံခေတ်(၄၈)

Image
အခန်း(၄၈) ရန်စီမြစ်ကမ်းစားသောက်ပွဲဝယ် "ချောင်ချောင်း"(Cao Cao) သီချင်းဆိုခြင်း။ မြောက်ပိုင်းစစ်တပ်တို့သည် သင်္ဘောတို့ကိုကြိုးဖြင့်ချီကာ စစ်ချီတက်ခြင်း။ ရှေ့အခန်းတွင် "ဖန်ထုံ"(Pang Tong) ကို လူတစ်ဦးမှ လှမ်းတားလိုက်သည့်အကြောင်းကိုဖော်ပြခဲ့ပြီးဖြစ်သည်။ "ဖန်ထုံ"(Pang Tong) မှလှည့်ကြည့်လိုက်ရာ ထိုသူမှာ သူ့သူငယ်ချင်းဖြစ်သူ "ရွှီရှူ"(Xu Shu) ဖြစ်နေ၍ စိတ်ပူပန်မှုလျော့သွားသည်။ ဘေးဘီဝဲယာတွင် မည်သူမှမရှိမှန်းသိသောအခါ "ဖန်ထုံ"(Pang Tong) မှ "ကျုပ်အစီအစဉ်ကို ခင်ဗျားဝင်နှောက်ယှက်ရင်တော့ နှမြောစရာပဲ။ တောင်ပိုင်းမြို့နယ်ကိုးဆယ့်တစ်ခုက လူတွေရဲ့အသက်က ခင်ဗျားလက်ထဲမှာရှိတယ်" ဟုပြောသည်။ "ရွှီရှူ"(Xu Shu) မှ ပြုံးကာ "ဒါဆို မြောက်ပိုင်းက စစ်သားရှစ်သိန်းသုံးသောင်းနဲ့မြင်းတွေရဲ့ကံကြမ္မာကျတော့ကော?" ဟုမေးသည်။ "ခင်ဗျားက ကျုပ်အကြံကိုဖျက်မလို့လား" "ဦးရီးတော် လျူဘေ့(Liu Bei) က ကျုပ်အပေါ်ထားခဲ့တဲ့ ကျေးဇူးတရားကိုရော၊ ကျုပ်အမေကိုသေစေခဲ့တဲ့ ချောင်ချောင်း(Cao Cao) ကိုလက်စားချေမယ်ဆိုတာကိုရော မမေ့ပါဘူး။ နောက်ပြီး ချောင်ခေ

သုံးနိုင်ငံခေတ်(၄၇)

Image
အခန်း(၄၇) "ခန့်ဇယ်"(Kan Ze) သည် သစ္စာဖောက်သည့်စာကိုဆက်သခြင်း။ "ဖန်ထုံ"(Pang Tong) မှ သင်္ဘောများကိုချိတ်ထားရန် အကြံပေးခြင်း။ "ခန့်ဇယ်"(Kan Ze) သည် စန်းရင်ဇာတိဖြစ်ပြီး သာမန်မိသားစုမှဆင်းသက်လာသူဖြစ်သည်။ စာဖတ်ဝါသနာပါသူဖြစ်သော်လည်း ဆင်းရဲသဖြင့် စာအုပ်မဝယ်နိုင်ပဲ ငှားသာဖတ်ခဲ့ရသည်။ သူသည် မှတ်ဉာဏ်အင်မတန်ကောင်းသည်ဟူ၏။ စကားပြောကောင်းသူဖြစ်ပြီး ရဲရင့်သူဖြစ်သည်။ နောက်ပိုင်းတွင် "စွန်းချွမ်"(Sun Quan) သည် သူ့အားအကြံပေးအနေဖြင့် ခန့်အပ်ခဲ့သည်။ သူနှင့် "ဟွမ်ကိုင်"(Huang Gai) တို့မှာ အင်မတန်ရင်းနှီးသောမိတ်ဆွေများဖြစ်သည်။ "ခန့်ဇယ်"(Kan Ze) မှာ စကားရေးရာလိမ္မာကျွမ်းကျင်သူဖြစ်သဖြင့် "ဟွမ်ကိုင်"(Huang Gai) က သူမှတဆင့် "ချောင်ချောင်း"(Cao Cao) ထံ သစ္စာခံသည့်စာဆက်သစေခြင်းဖြစ်သည်။ "ခန့်ဇယ်"(Kan Ze) မှ "ကျုပ်သူငယ်ချင်းက သူ့သခင်အတွက် ဒီလောက်ခံစားပြီးတာ၊ ကျုပ်လည်း အတူမျှဝေမခံစားပဲ ဘယ်နေနိုင်ပါ့မလဲ? အသက်ရှိနေချိန်မှာ လူတစ်ယောက်က သူ့တာဝန်သူမလုပ်နိုင်ရင် စိုက်ခင်းထဲမှာပုပ်သွားတဲ့ဆေးပင်လိုပဲ ဘာမှမထူးဘူး" ဟုေ

Sword Like A Dream (Song)

Sword Like A Dream (刀剑如梦) ဒီသီချင်းကို Dong Zhen ဆိုတဲ့သူက ရေးဖွဲ့ထားတာဖြစ်ပါတယ်။ သူက တရုတ် MMORPG ဂိမ်းတွေရဲ့သီချင်းတွေကိုရေးသားရာမှာ နာမည်ကြီးသူဖြစ်တယ်လို့ဆိုပါတယ်။ ဒီသီချင်းကို အဆိုတော် Zhou Hua Jian(Wakin Chau) ဆိုခဲ့ပြီးတော့ နောက်ပိုင်းမှာ 831(八三夭) ၊ Kris Wu အပြင် အခြားအဆိုတော်တွေလည်း ပြန်ဆိုခဲ့ပါသေးတယ်..... 1. Normal Song 2. Qin's Moon MV 3. Another Version sang by [八三夭 831]

သုံးနိုင်ငံခေတ်(၄၆)

Image
အခန်း(၄၆) "ကျူးကဲလျန့်"(Zhuge Liang) သည် ဗျူဟာသုံး၍ မြားတို့ကိုချေးငှားခြင်း။ လှည့်စားမှုအတွက် "ဟွမ်ကိုင်"(Huang Gai) သည် အပြစ်ဒဏ်ကိုလက်ခံခြင်း။ "လူဆု"(Lu Su) သည် "ကျူးကဲလျန့်"(Zhuge Liang) ထံသွားကာ "အလုပ်တွေများနေတော့ ခင်ဗျားရဲ့ညွှန်ကြားမှုတွေကိုလာမနားထောင်ရတာကြာပြီ" ဟု စကားစသည်။ "ဟုတ်လား။ ဒါနဲ့ ခင်ဗျားတို့ခေါင်းဆောင်ကိုတောင် ဂုဏ်မပြုရသေးဘူး" "သူ့ကိုဘာအတွက်ကြောင့် ဂုဏ်ပြုရမှာလဲ?" "သူ ခင်ဗျားကို ဒီလွှတ်လိုက်တာက အဲ့အကြောင်းကို ကျွန်တော်သိမသိ စုံစမ်းခိုင်းတာမဟုတ်လား။ အဲ့အကြောင်းနဲ့ပတ်သတ်ပြီးတော့ ဂုဏ်ပြုစကားပြောတာပေါ့" ထိုအခါ "လူဆု"(Lu Su) သည် မျက်နှာပျက်သွားကာ "ခင်ဗျားက ဘယ်လိုသိတာလဲ" ဟု မေးသည်။ "ကျန်ကန့်(Jiang Gan) ကိုအသုံးချပြီး ချောင်ချောင်း(Cao Cao) ကိုလှည့်စားတာ၊ ချောင်ချောင်း(Cao Cao) က နောက်ပိုင်းမှာ ပြန်ဆင်ခြင်မိမှာပဲ။ ဒါပေမယ့် ချောင်ချောင်း(Cao Cao) က သူ့အမှားသူ အသိအမှတ်ပြုမှာတော့မဟုတ်ဘူး။ အခု ရန်သူဘက်ကရေတပ်စစ်သူကြီးနှစ်ယောက်ကိုရှင်းလိုက်ပြီဆိုတော့ တောင်ပိုင်း