Posts

Showing posts from November, 2013

Sword Art Online

Image
Sword Art Online Genre: Sci-fi fantasy adventure / romance Length: Television series, 25 episodes, 24 minutes each Sword Art Online ဟာ Light Novel အနေနဲ့ စခဲ့ပြီး နောက်ပိုင်းမှာ anime အနေနဲ့ ထွက်လာခဲ့တဲ့ anime ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ Online Game တစ်ခုထဲမှာ လူတွေပိတ်မိနေရာကနေ စထားပါတယ်။ အဲ့ Game မှာ သေရင် အပြင်မှာပါ သေဆုံးမှာ ဖြစ်ပြီး အဲ့ game က ထွက်နိုင်ဖို့ အတွက် နောက်ဆုံး level အထိ ရောက်ပြီး နိုင်သွားမှပဲ အပြင်လောက ကို ပြန်ရောက်မှာ ဖြစ်ပါတယ်။ ဒီ anime မှာ အကောင်းဆုံးကို ပြောပါ ဆိုရင် animation ဖြစ်ပါတယ်။ animation ကတော့ ပြောစရာ မလိုအောင် ရှယ်ကောင်းပါတယ်။ Effect တို့ Sound တို့ စတာတွေလဲ တော်တော်ကောင်းပါတယ်။ ဇာတ်လမ်း အနေနဲ့ ပြောရမယ်ဆိုရင်တော့ မဆိုးဘူးလို့ပဲ ပြောရမှာပါ။  ဒီမှာ ခြုံကြည့်လိုက်မယ် ဆိုရင် အပိုင်းကြီး နှစ်ပိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ ပထမပိုင်း ဖြစ်တဲ့ SAO Arc နဲ့ ဒုတိယပိုင်းဖြစ်တဲ့ ALO Arc ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း အစကနေပြီး SAO Arc တစ်လျှောက် တော်တော်ကြီးကောင်းပါတယ်။ စွဲဆောင်မှုလဲ ရှိပါတယ်။ နောက်ပြီး level အဆင့်ဆင့် တက်တာတို့၊ boss တွေ ဘာတွေချတာတ

Uchiha Itachi

Image
Itachi ဟာ Konoha ရဲ့ Clan ကြီး တစ်ခုဖြစ်ခဲ့တဲ့ Uchiha Clan က ဖြစ်ပြီး သူဟာ သူ့ရဲ့ clan ထဲမှာ ninja skills တွေမှာ ပါရမီပါသူ ဆိုပြီး  အသိအမှတ် အပြု ခံထားရသူ ဖြစ်ပါတယ်။ သူ အသက် 4 နှစ်သာ ရှိသေးတဲ့ အချိန်မှာ 3rd Shinobi War ကို ကြုံခဲ့ရပြီး စစ်ပွဲမှာ လူတွေ သေကျေ ကြတာ တွေ့ကြုံပြီးနောက်မှာတော့ သူဟာ ငြိမ်းချမ်းရေးကို လိုလားသူ ဖြစ်လာခဲ့ပါတယ်။ Itachi ဟာ သူ့ရဲ့ ငယ်စဉ်ကာလ အချိန် တော်တော်များများကို Konoha ရွာရဲ့ သမိုင်းကို လေ့လာရင်းနဲ့ ကုန်ဆုံးခဲ့တယ်။ Itachi ဟာ Academy မှာ အသက် 7 နှစ်မှာ စတက်ခဲ့ပြီး တစ်နှစ်အတွင်းမှာပဲ Academy က အောင်ခဲ့ပါတယ်။ သူဟာ အသက် 8 နှစ်မှာ Sharingan ကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ပြီး အသက် 10 နှစ် မှာ Chunin Exam ကို  အောင်ခဲ့ပါတယ်။ Chunin Exam အောင်ပြီး နှစ်ဝက်လောက် အကြာမှာပဲ ANBU အဖွဲ့ကို ဝင်ခဲ့ပြီး 13 နှစ်မှာ ANBU Captain ဖြစ်ခဲ့ပါတယ်။ သူဟာ ANBU အဖွဲ့မှာ ရှိနေစဉ် အတွင်းမှာ Uchiha Clan ဟာ Konoha မှာ အာဏာသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလို အာဏာလုမှုတွေ အကြားမှာ စစ်ပွဲတွေဖြစ်မှာ မလိုလားတဲ့ အတွက် Itachi ဟာ Uchiha Clan အာဏာသိမ်းဖို့ ကြိုးစားတဲ့ အကြောင်းကို Konoha ရဲ့ El

Sengoku period

Image
Sengoku period (戦国時代 Sengoku jidai) ဒါမှမဟုတ် “စစ်မီးစစ်လျှံ တောက်လောင် တဲ့ခေတ်”လို့ ခေါ်ကြတဲ့ ခေတ်ဟာကတော့ ဂျပန်သမိုင်းရဲ့ ထင်ရှားတဲ့ ခေတ် တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ 15 ရာစုလောက်ကနေ 17 ရာစုအစပိုင်းလောက် အထိ ကြာမြင့်ခဲ့ပါတယ်။ Sengoku ခေတ်ဟာ အဓိက daimyo သုံးယောက် ဖြစ်ခဲ့တဲ့ Oda Nobunaga ၊ Toyotomi Hideyoshi နဲ့ Tokugawa Ieyasu တို့ရဲ့ ခေတ်လို့ ပြောရင်လဲ မမှားပါဘူး။ နောက်ဆုံး တိုက်ပွဲဖြစ်တဲ့ Osaka တိုက်ပွဲ အပြီးမှာ Sengoku ခေတ်ကုန်ဆုံးခဲ့ပြီး Edo ခေတ်လို့ ခေါ်တဲ့ Tokugawa အစိုးရ လွှမ်းမိုးတဲ့ ခေတ် စတင်ခဲ့ပါတယ်။ ထင်ရှားသော တိုက်ပွဲများ Battle of Okehazama(May-June 1560) ဒီ တိုက်ပွဲကတော့  Imagawa Clan နဲ့ Oda Nobunaga တိုက်ခဲ့တာ ဖြစ်ပြီး Nobunaga ကို နာမည်ကြီးစေခဲ့တဲ့ တိုက်ပွဲတစ်ခု ဆိုရင်လဲ မမှားပါဘူး။ ဒီ တိုက်ပွဲမှာ Nobunaga ရဲ့ တပ်သားအင်အားဟာ 2500 သာရှိပြီး သူ့ထက် 10 ဆ လောက်များတဲ့ ခန့်မှန်းခြေ 20000-25000 ရှိတဲ့ Imagawa စစ်တပ် ကို နိုင်ခဲ့ပါတယ်။ Imagawa clan ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ Imagawa Yoshimoto သေဆုံးခဲ့ပြီး ကျန်တဲ့ စစ်သူကြီးတွေဟာ လက်နက်ချခဲ့ပါတယ်။