Posts

Showing posts from October, 2015

Taisho ခေတ် (၁၉၁၂-၂၆)

Image
  Meiji ဧကရာဇ် နတ်ရွာစံပြီးနောက် Taisho ဧကရာဇ် ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ Taisho ဧကရာဇ်ဟာ ကျန်းမာရေး ချို့တဲ့တာကြောင့် အခြားလူတွေနဲ့ အတွေ့ခံ ခဲတယ်လို့ ဆိုပါတယ်။ လူထုကြားမှာ အကြိမ်ရေ အနည်းငယ်လောက်သာ ထွက်ဖူးပြီး အဲ့ထဲက တစ်ခေါက်ကတော့ ၁၉၁၃ - မန့်ခွန်းပြောခဲ့တဲ့ အချိန်လို့ ဆိုပါတယ်။ ပထမကမ္ဘာစစ် (၁၉၁၄-၁၉၁၈) ဂျပန်ဟာ ၁၉၁၄ ဩဂုတ်လ ၂၃ ရက်မှာ ဂျာမနီကို စစ်ကြေညာပြီးနောက် မဟာမိတ်ဘက်ကနေ စစ်အတွင်းပါဝင်လာခဲ့ပါတယ်။ ဂျပန်-ဗြိတိသျှ မဟာမိတ်တပ်ဟာ တရုတ်ပြည်နဲ့ ပစိဖိတ်ဒေသအတွင်းမှာရှိတဲ့ ဂျာမန်ပိုင်နယ်မြေတွေကို သိမ်းယူခဲ့ပါတယ်။ ဂျပန်ရေတပ်ကို မြေထဲပင်လယ် (Miditerranean Sea) အထိ စေလွှတ်ပြီး ဂျာမန်နဲ့ စစ်တိုက်ခဲ့ပါတယ်။ တရုတ်ပြည်တွင်းမှာ ဂျပန်ဩဇာကြီးလာအောင် အချက် နှစ်ဆယ့်တစ်ချက်ပါဝင်တဲ့ စာချုပ်ချုပ်ဆိုဖို့ တရုတ်ကို တောင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ တချို့အချက်တွေကို လျှော့ချပြီး ၁၉၁၅ မေလမှာ ဂျပန်နဲ့ တရုတ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီးနောက် ၁၉၁၉ မှာ ကျင်းပတဲ့ ပါရီငြိမ်းချမ်းရေးညီလာခံ (Paris Peace Conference) မှာ ဂျပန်က နိုင်ငံပေါင်းချုပ်အသင်းကြီးမှာ လူမျိုးရေး ညီတူညီမျှ

Meiji ခေတ် (၁၈၆၈-၁၉၁၂)

Image
Meiji (မေဂျီ) ဆိုတဲ့ ဝေါဟာရဟာ "ပြုပြင်ပြောင်းလဲခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။ အနောက်နိုင်ငံတွေဟာ အာရှတလွှားမှာ နယ်ချဲ့နေကြတာကို မြင်တဲ့ Meiji ဧကရာဇ်ဟာ ခေတ်မှီမှု၊ အသိဉာဏ်ပွင့်လင်းမှု မရှိရင် တိုင်းပြည်လွတ်လပ်ရေး ဆုံးရှုံးမှာ စိုးရိမ်တဲ့အတွက် ၁၈၆၈ မှာ Meiji ပြုပြင်ပြောင်းလဲရေးကို စတင် လုပ်ဆောင်ခဲ့ပါတယ်။ အဲ့အချိန်ဟာ အထက် မြန်မာနိုင်ငံမှာ မင်းတုန်းမင်း စိုးစံနေတဲ့ အချိန်လဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီခေတ်ဟာ ဂျပန်အင်ပါယာရဲ့ အစကနဦးလို့ ဆိုရင်လဲ မမှားပါဘူး။ နိုင်ငံတွင်း ပြုပြင်မှုများ Meiji အစိုးရဟာ ဟောင်းနွမ်းနေတဲ့ ကံကျွေးချစနစ်ကို ဖျက်သိမ်းပြီး Daimyo တွေကို ပင်စင်လခတွေ ပေးကာ ရာထူးမှ အနားယူစေပါတယ်။ အချို့ Daimyo တွေကိုတော့ မှူးကြီးမတ်ကြီး အနေနဲ့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်စေပါတယ်။ နိုင်ငံကို တိုင်း၊ ခရိုင် စသည်ဖြင့် သတ်မှတ်ပြီး အရာရှိများက အုပ်ချုပ်ကြပါတယ်။ Edo မြို့ကို Tokyo (တိုကျို) လို့ နာမည် ပြောင်းပြီး မြို့တော်ကိုလည်း Tokyo ကို ပြောင်းရွေှ့ခဲ့ပါတယ်။ ပြင်သစ်၊ အင်္ဂလိပ်ရေတပ်၊ ဂျာမန်ကြည်းတပ်တွေကို စံပြုအတုယူပြီး ဂျပန်တပ်မတော်ကို ပြုပြင်ခဲ့ပါတယ်။ အသက်နှစ်ဆယ်ပြည့်တဲ့ အမျိုးသားတိ

Edo ခေတ်

Image
Edo ခေတ်ဟာ ၁၆၀၃ က အစပြုပြီး ၁၈၆၈ ခုနှစ်ထိ နှစ် ၂၀၀ ကျော် ကြာမြင့်ခဲ့ပါတယ်။ သက္ကရာဇ် ၁၆၀၀ - Sekigahara တိုက်ပွဲမှာ Tokugawa Ieyasu အနိုင်ရပြီးနောက် Tokugawa မိသားစုဟာ ဂျပန်မှာ တန်ခိုးအာဏာအရှိဆုံး ဖြစ်လာခဲ့ပါတယ်။ အဲ့နောက် သူ့ကို ဆန့်ကျင်တဲ့ အခြား clan တွေကို ဖျက်သိမ်းတဲ့ဟာဖျက်၊ အချို့ clan ပိုင်ဆိုင်တဲ့ နယ်မြေတွေကိုတော့ လျှော့ချပြီး အဲ့နယ်မြေတွေကို Tokugawa clan ကို ထောက်ခံတဲ့ အခြား clan တွေကို ပြန်လည်မျှဝေပေးပြီး သူကောင်းပြုခဲ့ပါတယ်။ ၁၆၀၃ မှာတော့ Ieyasu ဟာ Shogun ဖြစ်လာခဲ့ပါတယ်။ ၁၆၀၅ မှာ သားဖြစ်သူ Hidetada ကို Shogun ရာထူးပေးပြီးနောက် Ieyasu က ရာထူးက အနားယူခဲ့ပါတယ်။ ဒါပေမယ့်လည်း သေဆုံးချိန်ထိ အုပ်ချုပ်ရေးယန္တရားမှာ အာဏာရှိနေဆဲဖြစ်ပါတယ်။ Tokugawa ဟာ Shogun ဖြစ်လာခဲ့ပေမယ့်လည်း Toyotomi clan ကျန်ရှိနေတဲ့ အချက်ဟာ Tokugawa clan အပေါ် ခြိမ်းခြောက်မှုသဖွယ်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် "ကျူပင်ခုတ်၊ ကျူငုတ်ပါမကျန်ရှင်း" ဆိုသလိုပဲ ၁၆၁၅ မှာ Toyotomi clan ရဲ့ Osaka ခံတပ်ကို သိမ်းယူခဲ့ပြီး Toyotomi မိသားစုတွေကို အပြတ်ရှင်းခဲ့ပါတယ်။ တံခါးပိတ်ဝါဒကို စတင်ကျင့်သုံးခြင်း Ieyasu ဟာ Hideyoshi