Posts

Showing posts from March, 2015

Yokai ပုံပြင်များ (၂)

Image
ဒီမှာတော့ နာမည်ကြီးတဲ့ Yokai ပုံပြင် သုံးခု အကြောင်းပြောပါမယ်။ အဲ့သုံးခုကတော့ - ၁။ Okiku နှင့် ပန်းကန်ကိုးချပ် ၂။ Oiwa နဲ့ ၃။ Otsuyu တို့ပဲ ဖြစ်ပါတယ်။ ၁။ Okiku နှင့် ပန်းကန်ကိုးချပ် ဒီသုံးခုထဲမှာတော့ Okiku အကြောင်းကို လူသိအများဆုံးဖြစ်နိုင်ပါတယ်။ ဒီဟာက ခံခေရှာတဲ့ အိမ်ဖော်မလေး အကြောင်း ဖြစ်ပြီး ဒီပုံပြင်ဟာ Kabuki ပြဇာတ်မှာ ပါတဲ့ အပြင် ဝတ္ထု ၊ manga ၊ anime တွေမှာလဲ မကြာခဏ ဖော်ပြခံရလေ့ရှိတဲ့ အတွက် လူတွေနဲ့ ရင်းနှီးနဲ့ ပုံပြင်လို့တောင် ဆိုနိုင်ပါတယ်။ ဒီအကြောင်းဟာလဲ မူကွဲတွေ အများကြီးရှိပါတယ်။ အဲ့ထဲက ထင်ရှားတဲ့ နှစ်ခုကတော့ Kabuki ပြဇာတ်က Bancho Sarayashiki နဲ့ Himeji Castle Version တို့ပဲ ဖြစ်ပါတယ် ၁-၁။ Bancho Sarayashiki (The Dish Mansion at Banchō) ဒီမှာတော့ Okiku ဟာ ဆာမူရိုင်း တစ်ဦးဖြစ်တဲ့ Tessan Aoyama ရဲ့ အိမ်တော် မှာ အလုပ်လုပ်တဲ့ အစေခံဖြစ်ပါတယ်။ Okiku ဟာ ချောမောလှပတဲ့ မိန်းကလေး ဖြစ်တဲ့ အတွက် Aoyama ဟာ Okiku ကို ရယူဖို့ စွဲဆောင်ပါတယ်။ ဒါပေမယ့်လဲ Okiku ဟာ ငြင်းခဲ့တာကြောင့် Aoyama က အကျပ်ကိုင်ဖို့ ကြံစည်ပါတော့တယ်။ Aoyama ဟာ Dutch ကလာတဲ့ အဖိုးတန် ပန်းကန်ပြား ၁၀ ချပ်ရှိတ

Yokai ပုံပြင်များ (၁)

Image
Yokai နိဒါန်း Yokai (妖怪) ဆိုတာသရဲ ၊ တစ္ဆေ ၊ မကောင်းဆိုးဝါးတွေစတဲ့ အရာတွေကို ခေါ်ပြီး အတိအကျ ဘာသာပြန်ရမယ်ဆိုရင်တော့ "ထူးခြားတဲ့ ဘေးအန္တရာယ်" သို့ "ထူးခြားတဲ့ အရာ" လို့ ပြန်ရမယ် ထင်ပါတယ်။ Yokai တွေကို အမျိုးအစားအနေနဲ့ လေးမျိုးခွဲထားတယ်ဆိုပါတယ်။ အဲ့ဒါတွေကတော့ ၁။"True" Yokai - ဒီထဲမှာတော့ အများအားဖြင့် တိရစ္ဆာန် Yokai တွေဖြစ်ပြီး အနောက်ပိုင်း ဒဏ္ဍာရီထဲက သတ္တဝါတစ်ချို့ကိုလဲ ထည့်ထားတယ်လို့ ဆိုပါတယ်။ ဥပမာ ဆိုရရင်တော့ မြေခွေး yokai (Kitsune) တို့၊ Tanuki တို့ပေါ့။ ၂။ Oni - ဘီလူးလို့ ဆိုရမယ်ထင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ်ခန္ဓာအကြီးကြီးနဲ့ ချိုတွေ အစွယ်တွေနဲ့ တင်းပုတ်ကိုင်ထားတတ်တဲ့ သတ္တဝါ အဖြစ် ဖော်ပြ၊ ရေးဆွဲလေ့ ရှိကြပါတယ်။ ၃။ Obake - Bakemono လို့လဲ ခေါ်ကြပြီး သာမန်အားဖြင့်တော့ ကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တဝါ တွေကို ဆိုလိုပါတယ်။ ၄။ Yurei - ဒီဟာကတော့ သေဆုံးသွားတဲ့ လူသားတွေရဲ့ ဝိညာဉ်ကို ခေါ်တဲ့နေရာမှာ အသုံးများပါတယ်။ ယေဘုယျအနေနဲ့တော့ ဒီလို လေးမျိုးခွဲထားပေမယ့်လဲ ဒါတွေက ရှုပ်ထွေးခက်ခဲတဲ့ အတွက် တချို့ yokai တွေက ဘယ်အမျိုးအစားထဲပါလဲလို့တောင် ပြောရ ခက်ခက်ပါပဲ။ Yo