Posts

Showing posts from February, 2016

သုံးနိုင်ငံခေတ် (၄)

Image
အခန်း(၄) ဘုရင် နန်းချခံရကာ ချန်လျူမင်းသား ဘုရင်ဖြစ်လာခြင်း။ "ချောင်ချောင်း"(Cao Cao) က "တုန်ကျိုး"(Dong Zhuo) အား ဓားလက်ဆောင်ပေးခြင်း "တုန်ကျိုး"(Dong Zhuo) သည် "ယွမ်ရှောက်"(Yuan Shao) အား သတ်ရန် ဟန်ပြင်ရင် "လီရု"(Li Ru) မှ "ကိစ္ဓကြီးအကြောင်း ဆွေးနွေးနေတဲ့အချိန်မှာ မသတ်သင့်ပါဘူး" ဟု ဝင်တားလိုက်လေသည်။ "ယွမ်ရှောက်"(Yuan Shao) လည်း ဓားကိုကိုင်လျက်ပင် ညီလာခံမှထွက်ကာ အရှေ့ဂိတ်မှ တစ်ဆင့် ကျိကျိုးပြည်နယ်သို့ ပြန်လေသည်။ ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် "ယွမ်ရှောက်"(Yuan Shao) ဦးလေးတော်သူ ကာကွယ်ရေးဝန် "ယွမ်ဝေ"(Yuan Wei) အား "ခင်ဗျားတူက အမူအယာမယဉ်ကျေးဘူး၊ ဒါပေမယ့် ခင်ဗျားမျက်နှာနဲ့ ကျုပ် သူ့ကို ခွင့်လွှတ်လိုက်မယ်၊ ကျုပ်အကြံကိုကော ခင်ဗျား ဘယ်လိုမြင်တုန်း" ဟု မေးလေသည်။ "ယွမ်ဝေ"(Yuan Wei) : "သင့်လျော်လျောက်ပတ်တဲ့အကြံဖြစ်ပါတယ်" "တုန်ကျိုး"(Dong Zhuo) : "ဒါကိုကန့်ကွက်တဲ့သူရှိရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ် စစ်တပ်စည်းကမ်းအတိုင်း အရေးယူမယ်"

သုံးနိုင်ငံခေတ် (၃)

Image
အခန်း(၃) ဥယျာဉ်ခြံဝယ် "တုန်ကျိုး"(Dong Zhuo) နှင့် "တင်းယွမ်"(Ding Yuan) တို့ အငြင်းပွားကြခြင်း။ "လီစု"(Li Su) မှ "လွီပု"(Lu Bu) အား လာဘ်ထိုးခြင်း "ချောင်ချောင်း"(Cao Cao) ပြောသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။ "ကုန်းကုန်းတွေပြဿနာက နှစ်ပေါင်းကြာရှည်ခဲ့ပြီ၊ ဒါပေမယ့် အဓိကပြဿနာက အဲ့ကုန်းကုန်းတွေကို အခွင့်ထူးခံဖြစ်အောင် ခွင့်ပြုထားတဲ့ ဘုရင်တွေကြောင့်ပဲ၊ ဒါကြောင့် အဓိကအရင်းအမြစ်ကို ရှင်းရင် တော်ပြီပေါ့။ ဘာလို့များ နယ်ပယ်အသီးသီးက စစ်တပ်တွေကို ခေါ်နေရသေးတာလဲ? အဲ့လိုဆို အကြံအစည် ပေါက်ကြားနိုင်ပြီး ဒုက္ခရောက်လိမ့်မယ်" "ဟဲကျင်း"(He Jin) သည် "ချောင်ချောင်း"(Cao Cao) ကို ကြည့်ပြီး မဲ့ပြုံးပြုံးကာ "ဒါဆို မင်းမှာလည်း မင်းအကြံနဲ့မင်းရှိမှာပေါ့" ဟုထေ့ပြောလိုက်သည်။ "ချောင်ချောင်း"(Cao Cao) သည် "လောကကြီးကို အမိုက်အမှောင်အတိဒုက္ခရောက်အောင်လုပ်မယ့် အဓိကတရားခံက "ဟဲကျင်း(He Jin) ပဲ" ဟုဆိုကာ ဆွေးနွေးပွဲမှ ထွက်သွားလေသည်။ ထို့နောက် "ဟဲကျင်း"(He Jin) သည် အနယ်နယ်အရပ်ရပ်ရှိ စစ်

သုံးနိုင်ငံခေတ် (၂)

Image
အခန်း(၂) "ကျန်းဖေး"(Zhang Fei) မှ အစိုးရအမှုထမ်းကို ကြိမ်ဖြင့်ရိုက်ခြင်း ၊ "ဟဲကျင်း"(He Jin) သည် ကုန်းကုန်းတို့အား ရှင်းရန် ကြံခြင်း "တုန်ကျိုး"(Dong Zhuo) သည် လင်းထောင်(Lintao) ပြည်နယ်၏ အနောက်မြောက်ပိုင်းတွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ ဟယ်တုံးမြို့စားဖြစ်သော "တုန်ကျိုး"(Dong Zhuo) သည် မောက်မာပြီး မာနထောင်လွှားသူဖြစ်သည်။ အကယ်၍သာ "လျူဘေ့"(Liu Bei) နှင့် "ကွမ်းယွီ"(Guan Yu) တို့သည် ဒေါသထွက်နေသော "ကျန်းဖေး"(Zhang Fei) ကို မတားခဲ့သော် ထိုနေ့သည် "တုန်ကျိုး"(Dong Zhuo) အတွက် နောက်ဆုံးနေ့ဖြစ်မည် မုချ။ "လျူဘေ့"(Liu Bei) : “သူက အစိုးရက ခန့်ထားတဲ့ အမှုထမ်းလေ၊ ငါတို့က ဘာမို့လို့ ဆုံးဖြတ်ချက်ချပြီး သတ်ရမှာလည်း?” "ကျန်းဖေး"(Zhang Fei) : “ဒီလိုလူမျိုးအောက်မှာ အမှုထမ်းရမှာ ခါးသီးလွန်းလှတယ်။ အစ်ကိုတို့ နေရင် နေခဲ့၊ ကျွန်တော်ကတော့ တခြားနေရာသွားမယ်။” "လျူဘေ့"(Liu Bei) : “ငါတို့သုံးယောက်က သေအတူ၊ ရှင်မကွာပဲလေ။ သွားတော့လည်း အတူတူသွားကြတာပေါ”့ "လျူဘေ့"(Liu Bei) စကားကိုကြားသော် &qu