Posts

Showing posts from February, 2017

Planetarian

Image
Planetarian: Chiisana Hoshi no Yume Synopsis It is thirty years after the failure of the Space Colonization Program. Humanity is nearly extinct. A perpetual and deadly Rain falls on the Earth. Men known as "Junkers" plunder goods and artifacts from the ruins of civilization. One such Junker sneaks alone into the most dangerous of all ruins—a "Sarcophagus City." In the center of this dead city, he discovers a pre-War planetarium. And as he enters he is greeted by Hoshino Yumemi, a companion robot. Without a single shred of doubt, she assumes he is the first customer she's had in 30 years. She attempts to show him the stars at once, but the planetarium projector is broken. Unable to make heads or tails of her conversation, he ends up agreeing to try and repair the projector... (Source: Steam) Download Episode 1 Episode 2 Episode 3 Episode 4 Episode 5

သုံးနိုင်ငံခေတ်(၅၅)

Image
အခန်း(၅၅) "လျူဘေ့"(Liu Bei) သည် စွန်းအမျိုးသမီးကိုစိတ်ဆွခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) ကြောင့် "ကျိုးယွီ"(Zhou Yu) ဒုတိယအကြိမ်ဒေါသထွက်ခြင်း။ "လျူဘေ့"(Liu Bei) မှာ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ခန်းမဆောင်တွင်စောင့်ကြပ်နေကြသောအမျိုးသမီးတို့တွင် လက်နက်များကိုင်ဆောင်ထားသောကြောင့်ဖြစ်သည်။ အမျိုးသမီးတစ်ဦးက "မကြောက်ပါနဲ့၊ သခင်မက ဒီလိုမျိုးစစ်လက်နက်ပစ္စည်းတွေကိုနှစ်ခြိုက်တဲ့အတွက် သူ့ရဲ့အစေအပါးတွေကိုလည်း တိုက်ရေးခိုက်ရေးတွေသင်ထားစေတာပါ၊ ဒါပါပဲ" ဟုပြောသည်။ "ဒါ ဇနီးတစ်ဦးလုပ်ရမယ့်အရာမဟုတ်ဘူး။ ကြည့်ရတာနဲ့ကျောတောင်ချမ်းတယ်။ ဒါတွေကို ခဏတာဖယ်ထားလိုက်ပါ" ထိုအကြောင်းကို သခင်မဖြစ်သူထံသွားပြီး "အခန်းထဲကလက်နက်တွေကို သခင်ကြီးက သဘောမကျဘူး။ ဒါကြောင့် ကျွန်မတို့ဖယ်လိုက်ရမလား" ဟုမေးလေသည်။ စွန်းအမျိုးသမီးက ရယ်လိုက်ပြီး "ဘဝရဲ့တစ်ဝက်လောက်ကိုစစ်မြေပြင်မှာ အချိန်ကုန်လာခဲ့တဲ့လူက လက်နက်တွေကိုကြောက်နေတယ်တဲ့လား" ဟုပြောလေသည်။ သို့သော်လည်း လက်နက်တို့ကိုဖယ်ရှားစေပြီး အစေခံတို့ကိုလည်း အလုပ်လုပ်နေချိန်

My Daoist Life(3)

ကျွန်တော့်ရဲ့တာအိုဝါဒီဘဝ ( My Daoist Life ) အခန်း(၃) မိုး မနက်တုန်းက ကောင်းကင်ကြီးကနေသာနေပြီးတိမ်တွေကင်းနေလို့ မိုးရွာလိမ့်မယ်လို့ဘယ်သူမှမထင်ထားမိဘူး။ ရွာသားတွေက အိမ်ပြန်ဖို့လုပ်တဲ့အချိန်မှာတော့ ရုတ်တရတ်တိမ်တွေမည်းတက်လာခဲ့တယ်။ "ဟိုမှာကြည့်၊ မိုးရွာနေပြီ" Huang Shulang က အဝေးကိုငေးကြည့်ပြီး လက်ညှိုးထိုးရင်းပြောတယ်။ ကျွန်တော်ကတော့ ရာသီဥတုအပြောင်းအလဲကို ဂရုမစိုက်ပဲ ထီးကိုဖွင့်လိုက်တယ်။ မနက်က ကျွန်တော်ထတဲ့အချိန်မှာ 'ကနဦးချိ' အပြောင်းအလဲတွေကြောင့် မိုးရွာလိမ့်မယ်ဆိုတာ ကျွန်တော်သိခဲ့တာကိုး။ ရွာသားတွေက ထီးကိုင်ထားတဲ့ကျွန်တော့်ကိုငေးကြည့်နေတယ်။ အဘိုးကတော့ ကျွန်တော့်အစွမ်းတွေနဲ့အသားကျနေခဲ့ပြီ။ သူ့အတွက်ကတော့ သူ့မြေးသာလျှင် အတော်ဆုံးပဲ၊ အရင်က ကျွန်တော်ပဲဖြစ်ဖြစ်၊ လက်ရှိကျွန်တော်ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ရွာသားတွေက ကျွန်တော့်ကိုလေးစားတဲ့အကြည့်နဲ့ကြည့်နေခဲ့တယ်။ ဒါပေမယ့် ကြာကြာမကြည့်နိုင်ပါဘူး၊ ဘာလို့လည်းဆိုတော့ မိုးက သည်းကြီးမည်းကြီးရွာချလာခဲ့တာကိုး။ ပဲစေ့အရွယ်ရှိတဲ့မိုးပေါက်တွေဟာ မြေကြီးပေါ်ကျလာတဲ့အခါ ပုလဲလုံးသေးသေးလေးလိုပြောင်းသွားပြီး ဖုန်မှုန့်တွေနဲ့ရောပြီးတော့

သုံးနိုင်ငံခေတ်(၅၄)

Image
အခန်း(၅၄) ဂုဏ်သရေရှိအမျိုးသမီးသည် သမက်ဖြစ်သူနှင့်တွေ့ဆုံခြင်း။ ဦးရီးတော်သည် ကြင်ရာတော်နှင့်လက်ဆက်ခြင်း။ "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့သည် မြို့ပြင်သို့ထွက်ပြီး တောင်ပိုင်းပြည်နယ်မှလာသောဧည့်သည်အားကြိုဆိုသည်။ နှုတ်ခွန်းဆက်စကားတို့ဆိုကြပြီးနောက် "လူဆု"(Lu Su) မှ "ခင်ဗျားတူရဲ့သေဆုံးမှုသတင်းကိုကြားရတော့ သခင်ကြီးစွန်းချွမ်(Sun Quan) က လက်ဆောင်တွေနဲ့အတူ ကျွန်တော့်ကိုလွှတ်ပြီး ဈာပနအခမ်းအနားကိုတက်ရောက်စေတယ်။ စစ်သူကြီး ကျိုးယွီ(Zhou Yu) ကလည်း ဦးရီးတော်နဲ့ကျူးကဲလျန့်(Zhuge Liang) တို့ရဲ့သာကြောင်းမာကြောင်းမေးလိုက်တယ်" ဟုပြောသည်။ နှစ်ဦးလုံးကလည်းထပြီး ကျေးဇူးတင်စကားပြောသည်။ လက်ဆောင်တို့ကိုပေးပြီးနောက်ဝယ် စားသောက်ပွဲတို့တည်ခင်းလေသည်။ စားသောက်ပွဲအတွက်ပြင်ဆင်နေကြချိန်တွင် ဧည့်သည်ဖြစ်သူမှ သူလာသည့်အကြောင်းအရင်းကိုပြောလေသည်။ "လျူချီ(Liu Qi) သေသွားပြီးရင် ကျင်ကျိုးနယ်ကိုကျွန်တော်တို့ဆီပြန်ပေးမယ်လို့ ခင်ဗျားပြောခဲ့တယ်လေ။ အဲ့ဒါနဲ့ပတ်သတ်ပြီး ဘယ်အချိန်လောက်ပြန်ပေးမလည်းဆိုတာ သိချင်ပါတယ်" "အဲ့အကြောင်းတွေ နောက်မှဆွေးနွေးတ