Posts

Showing posts from December, 2019

My Hero Academy Movie

Image
Futari no Hero Synopsis U.A. High School\"s students of Class 1-A have made it to summer break. Izuku Midoriya accompanies his mentor All Might to a celebratory superhero festival on I-Island, an isolated patch of land dedicated to researching Quirks and everything else associated with the hero business. Midoriya is granted the opportunity to meet All Might\"s friend Dave and Dave\"s daughter Melissa, two talented hero equipment engineers. He also encounters his classmates, most of whom have been given the opportunity to spend part of their summer break at the festival. However, a mysterious squad of villains infiltrates I-Island, and it is up to Midoriya and his friends to confront them, using their developing Quirks to fight off the new enemy and uncover a treacherous plot. [Written by MAL Rewrite] Download

သုံးနိုင်ငံခေတ်(၉၇)

Image
အခန်း(၉၇) "ကျူးကဲလျန့်"(Zhuge Liang) သည် ဒုတိယအကြိမ် သဝဏ်လွှာဆက်သပြီးနောက် ဝေပြည်ကိုထပ်မံတိုက်ခဲ့ခြင်း။ "ကျန်းဝေ"(Jiang Wei) သည် စာအတုပြုလုပ်ကာ မြောက်ပိုင်းတပ်ကိုအနိုင်ယူခြင်း။ ကျန့်ရှင့်နှစ်ဆဌမနှစ် ဆောင်းဦးရာသီ (အေဒီ ၂၂၉ ခု) ဝူပြည် "လုရွှင့်"(Lu Xun) ၏ခုခံမှုအောက်ဝယ် ဝေတပ်ကြီးသည် အကြီးအကျယ်ဆုံးရှုံးခဲ့ရလေသည်။ "ချောင်ရှို့"(Cao Xiu) သည်လည်း သူ၏စစ်ရှုံးနိမ့်မှုကြောင့် ဝမ်းနည်းပြီး နေမကောင်းဖြစ်ကာ မကြာမီတွင်ပင် လော့ရန်မြို့၌ ကွယ်လွန်သွားခဲ့သည်။ ဝေဧကရာဇ် "ချောင်ရေ့"(Cao Rui) ၏အမိန့်ဖြင့် "ချောင်ရှို့"(Cao Xiu) အား ကောင်းမွန်စွာသဂြိုဟ်စေခဲ့သည်။ ထိုအခါ "စီးမာယီ"(Sima Yi) သည်လည်း အိမ်သို့ပြန်လာခဲ့လေသည်။ အခြားသောအမှုထမ်းတို့က သူ့ကိုကြိုဆိုပြီးနောက် "စစ်သူကြီး ချောင်ရှို့(Cao Xiu) စစ်ရှုံးရတာဟာ ခင်ဗျားကြောင့်လည်း နည်းနည်းပါတယ်မဟုတ်လား? ဘာကြောင့်များ အလျင်စလိုပြန်လာရသေးတာလဲ" "ကျုပ်က စစ်ဗျူဟာတွေအတွက် ပြန်လာရတာဖြစ်တယ်။ ကျုပ်စစ်ရှုံးတာကို ကျူးကဲလျန့်(Zhuge Liang) က သိရင် ချန်အန်းကိုတိုက်ဖို့လုပ်လိမ့်မယ်။ အက

သုံးနိုင်ငံခေတ်(၉၆)

Image
အခန်း(၉၆) "ကျူးကဲလျန့်"(Zhuge Liang) သည် မျက်ရည်စက်လက်ဖြင့် "မာဆု"(Ma Su) ကိုသေဒဏ်ပေးခဲ့ခြင်း။ "ကျိုးဖန်"(Zhou Fang) သည် ဆံကိုဖြတ်ကာ "ချောင်ရှို့"(Cao Xiu) ကိုလှည့်စားခဲ့ခြင်း။ တိုင်းပြည်ကိုပြန်လည်စုစည်းနိုင်မည့်အကြံကိုပေးသူမှာ အတွင်းရေးမှူး "စွန်းကျီ"(Sun Zi) ဖြစ်သည်။ ဝေဧကရာဇ်မှ "ဝန်ကြီးရဲ့ကောင်းမွန်တဲ့အကြံကို အကျယ်ချဲ့ပါဦး" "သွားလေပြီးတဲ့ ဧကရာဇ်ချောင်ဟာ ကျန်းလု(Zhang Lu) ကိုအောင်နိုင်တဲ့အချိန်မှာ အရေးပါအရာရောက်တဲ့အဆင့်ကိုရောက်နေခဲ့ပြီး အရာရာက အဆင်ပြေချောမွေ့နေခဲ့တယ်။ နန်ကျန်းနယ်က ငရဲလိုပဲလို့သူပြောခဲ့ဖူးတယ်။ ရှဲ့တောင်ကြားမှာ မိုင်တစ်ရာ့ငါးဆယ်လောက်က ဂူတွေ၊ ကျောက်ဆောင်တွေပဲရှိတော့ တပ်ဖွဲ့တွေသွားလာဖို့ခက်ခဲတယ်။ ဝေပြည်ကသာ ရှူကိုကျူးကျော်မယ်ဆိုရင် ဝူဟာ အရှေ့ဘက်ကဝင်တိုက်မှာပဲဖြစ်တယ်။ ကျွန်တော့အကြံကတော့ စစ်သူကြီးတွေကို တပ်အသီးသီးပေးပြီး ဗျူဟာမြောက်အရပ်ဒေသတွေမှာ စောင့်ကြပ်စေပြီးတော့ သူတို့တပ်တွေကို စစ်ရေးလေ့ကျင့်ထားစေသင့်ပါတယ်။ နှစ်အနည်းငယ်ကြာရင် အလယ်ပိုင်းဒေသဟာ ဖွံ့ဖြိုးပြီးတော့ ချမ်းသာကြွယ်ဝလာမှာဖြစ်ပြီး ရှူနဲ့ဝူက

သုံးနိုင်ငံခေတ်(၉၅)

Image
အခန်း(၉၅) "မာဆု"(Ma Su) ၏အမိန့်မနာခံမှုကြောင့် ကျဲ့ထင်ကိုဆုံးရှုံးရခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) ၏ပုလွေကြောင့် "စီးမာယီ"(Sima Yi) တပ်ဆုတ်ရခြင်း။ "ကျန်းဟဲ"(Zhang He) အား ရှေ့ပြေးတပ်ကိုဦးဆောင်စေပြီးနောက် "ချောင်ရေ့"(Cao Rui) သည် အခြားစစ်သူကြီးနှစ်ဦးဖြစ်သည့် "ရှင်းဖီ"(Xin Pi) နှင့် "စွန်းလီ"(Sun Li) တို့ကိုပါလွှတ်ကာ "ချောင်ကျန်း"(Cao Zhen) ကိုကူညီစေသည်။ "ရှင်းဖီ"(Xin Pi) နှင့် "စွန်းလီ"(Sun Li) တို့သည် တစ်ယောက်ကိုတပ်သားငါးသောင်းစီဦးဆောင်ကြသည်။ "စီးမာယီ"(Sima Yi) ၏တပ်တွင် တပ်သားနှစ်သိန်းရှိပြီး သူတို့သည် ခံတပ်မှတဆင့်ချီတက်ကာ စခန်းချခဲ့သည်။ ထို့နောက် "စီးမာယီ"(Sima Yi) သည် "ကျန်းဟဲ"(Zhang He) ကိုခေါ်ပြီး "ကျူးကဲလျန့်(Zhuge Liang) က အမြဲသတိကြီးတဲ့လူဖြစ်ပြီး ဘယ်တော့မှ အလျင်စလိုမလုပ်တတ်ဘူး။ ကျုပ်သာသူ့နေရာမှာဆိုရင် ကျီဝူတောင်ကြားကတဆင့်ချီတက်ပြီး ချန်အန်းကိုသိမ်းပြီးလိုက်မှာပဲ၊ အဲ့နည်းက အချိန်ကုန်သက်သာတယ်။ သူက အရည်အချင်းမရှိလို့မဟုတ်ပဲ အဲ့အစီအစဉ်က