Posts

Showing posts from June, 2017

သုံးနိုင်ငံခေတ် (၅၉)

Image
အခန်း(၅၉) "ရွှီချူ(Xu Chu) သည် မာချောင်း(Ma Chao) နှင့်တိုက်ခြင်း။ ချောင်ချောင်း(Cao Cao) မှ ကုန်းချောစာတစ်စောင်ရေးခြင်း။ ရှေ့တစ်ခန်းတွင် ဖော်ပြခဲ့သောတိုက်ပွဲသည် မနက်မိုးလင်းသည်အထိတိုင်အောင် ကြာမြင့်ခဲ့ပြီး နှစ်ဖွဲ့လုံးတပ်ပြန်ခေါက်သည်။ "မာချောင်း"(Ma Chao) သည် ဝေမြစ်ကမ်းနားတွင် စခန်းချကာ "ချောင်ချောင်း"(Cao Cao) ၏တပ်ကိုမကြာခဏတိုက်လေသည်။ ထို့ကြောင့် "ချောင်ချောင်း"(Cao Cao) မှာ တောင်ဘက်ကမ်းခြေနှင့်ဆက်သွယ်ရန် တံတားသုံးစင်းဆောက်စေသည်။ "ချောင်ရန်"(Cao Ren) သည် စခန်းကို လှည်း၊ ယာဉ်တို့ကိုအသုံးချပြီး စည်းရိုးအဖြစ်ကာရန်ထားသည်။ "မာချောင်း"(Ma Chao) သည် စခန်းကိုဖျက်စီးရန်အကြံရှိသဖြင့် တပ်သားတစ်ဦးဆီကိုမီးထွန်းထားသော ကောက်ရိုးတို့ကို ဆောင်ယူစေသည်။ "ဟန်ဆွေ"(Han Sui) ၏တပ်က ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်ပြီး "မာချောင်း"(Ma Chao) ၏တပ်က ရန်သူ့စည်းရိုးကို မီးလိုက်ရှို့လေသည်။ မကြာမီမှာပင် မီးအကြီးအကျယ်လောင်ကျွမ်းပြီး ခုခံသူတို့မှာ ခံတပ်ကိုစွန့်ကာ ထွက်ပြေးရသည်။ တံတားတို့ကိုလည်း ဖျက်စီးခြင်းခံလိုက်ရ၏။ ရှီးလျန်စစ်တပ်အနိုင်ရကာ ဝြေ