Posts

Showing posts with the label Spring 2010

Kaichou wa Maid-sama!

Image
Kaichou wa Maid-sama! Type : TV Total Episode : 26 Art Type : Comedy, Romance, School, Shoujo Duration : 24 min. per ep. Rating: PG-13 - Teens 13 or older ဇာတ်လမ်းအကျဉ်း ကျောင်းသားကောင်စီရဲ့ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌဖြစ်ရတာ မလွယ်ပါဘူး။ အထူးသဖြင့် ကိုယ့်ရဲ့ကျောင်းဟာ ယောက်ျားလေးအထက်တန်းကျောင်းကနေ မိန်းကလေးတွေနဲ့ ယှဉ်တွဲပညာသင်ကြားရေးကို ကူးပြောင်းတဲ့အခါမှာပေါ့။ "နတ်ဆိုးဥက္ကဋ္ဌ" ဆိုတဲ့ နာမည်ပြောင်နဲ့ လိုက်ဖက်စွာပဲ ယောက်ျားလေးတွေအတွက်တော့ စည်းကမ်းနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ပုံစံနဲ့ အာယူဇာဝါ မီဆာကီဟာ သူမကျွမ်းကျင်ပိုင်နိုင်တဲ့ အာအီကီဒိုနည်းစနစ်ကိုအသုံးပြီး အကျင့်ပျက်လုယက်ဖျက်ဆီးတတ်တဲ့ ယောက်ျားလေးတွေကိုတရားစီရင်ပြီး ဆဲအိကာအထက်တန်းကျောင်းမှ မိန်းကလေးတွေကို မကြောက်မရွံ့ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်။ အပြစ်ပြောစရာမရှိဘူးလို့ထင်ရတဲ့အာယူဇာဝါမှာ အကြွေးဆပ်နိုင်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ သူမရဲ့မိသားစုကိုကူညီနိုင်အောင် အိမ်ဖော်ကဖေးမှာအချိန်ပိုင်းအလုပ်ဝင်လုပ်နေရတဲ့ အရှက်ရဖွယ်လျှို့ဝှက်ချက်ရှိတယ်။ အဖွဲ့ဝင်ကျောင်းသားတွေနဲ့ ခြောက်ပြစ်ကင်းသဲလဲစင်တဲ့ ကျောင်းသူတစ်ယောက်ရဲ့ပုံရိပ...