Posts

Showing posts from January, 2017

My Daoist Life(2)

ကျွန်တော့်ရဲ့တာအိုဝါဒီဘဝ ( My Daoist Life ) အခန်း(၂) နိုးထလာခြင်း ချန်တောင်ကုန်းမြို့က ဘေးပတ်လည်မှာမြို့နယ်လေးတွေဝိုင်းနေတဲ့ မြို့ကြီးတစ်ခုပါ။ ဒါကြောင့် ဈေးတွေဖွင့်ဖို့မလိုအပ်ဘူး။ အဘိုးက ယွမ်တစ်ရာကျော်အကုန်ခံပြီး ကျွန်တော့်အတွက် အင်္ကျီအသစ်တွေဝယ်ပေးခဲ့တယ်။ ကျွန်တော့်အဖေနဲ့အမေပို့ပေးလိုက်တဲ့ နှစ်ကူးအတွက်သုံးဖို့ပိုက်ဆံထဲက တစ်ဝက်ကျော်လောက်ကုန်သွားခဲ့တယ်။ အဘိုးက သူကိုယ်တိုင် အလုပ်လုပ်ပြီး စုထားခဲ့တဲ့ငွေနဲ့ အသားတွေ၊ ငါးတွေဝယ်ခဲ့တယ်။ ခဏလေးစဉ်းစားပြီးနောက်မှာတော့ သူ မီးရှူးမီးပန်းတွေလည်း သွားဝယ်လိုက်တယ်။ အဘိုးက မီးပန်းတွေကို ကျွန်တော့်လက်ထဲထည့်လိုက်ပြီး ဝမ်းနည်းစွာနဲ့ "လူလေး၊ တခြားလူတွေက မင်းကိုလူတစ်ယောက်အနေနဲ့မဆက်ဆံရင်တောင်မှ မင်းဟာမင်းတိုးတက်အောင်လုပ်ဆောင်ရမယ်။ ကျန်းမာအောင်နေ" ဆိုပြီးပြောတယ်။ နှစ်သစ်ကူးအချိန်မှာဆိုရင် လမ်းတွေမှာ အမြဲတမ်းလူတွေနဲ့ပြည့်နေတယ်။ ဘာလို့လည်းဆိုတော့ လူတွေက နှစ်သစ်ကူးအတွက်ပြင်ဆင်ဖို့ဈေးဝယ်ထွက်ကြလို့ပါပဲ။ လမ်းတကာမှာ လူတွေချည်းပြည့်နေတော့ ကိုယ့်ရှေ့ကလမ်းကိုတောင် ကောင်းကောင်းမမြင်နိုင်ဘူး။ လူအုပ်တွေနဲ့ပြည့်ကြပ်ညှပ်နေပြီး ရှုပ်ထွေးဆူညံနေတဲ့လမ

သုံးနိုင်ငံခေတ်(၅၂)

Image
အခန်း(၅၂) "ကျူးကဲလျန့်"(Zhuge Liang) သည် "လူဆု"(Lu Su) ဆွေးနွေးညှိနှိုင်းခြင်း။ "ကျောက်ယွင်"(Zhao Yun) က ကွေ့ရန်ကိုသိမ်းယူခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) ၏လုပ်ဆောင်မှုကြောင့် "ကျိုးယွီ"(Zhou Yu) မှာစိတ်ဆိုးပြီး ဒဏ်ရာဟောင်းပွင့်သွားခဲ့လေသည်။ သို့သော်လည်း မကြာမီတွင်ပင် ပြန်သက်သာလာသောအခါ အမှုထမ်းတို့က လာရောက်ကြပြီး "ကျိုးယွီ"(Zhou Yu) ကိုဖြောင်းဖျကြသည်။ သို့သော်လည်း "ကျိုးယွီ"(Zhou Yu) က "အဲ့ကျူးကဲလျန့်(Zhuge Liang) သေမှသာလျှင် ကျုပ်ဒေါသကိုဖြေဆည်နိုင်မယ်။ ချန်ဖူ(Cheng Pu) သာ ကျုပ်ကိုကူပြီးနန်ကျွင်းကိုတိုက်မယ်ဆိုရင် ကျုပ် ဒီနယ်မြေကိုတောင်ပိုင်းနယ်အတွက်သိမ်းပိုက်နိုင်မယ်" ဟုပြောသည်။ ထိုအချိန်တွင် "လူဆု"(Lu Su) ဝင်လာရာ "ကျိုးယွီ"(Zhou Yu) မှ "ကျုပ် လျူဘေ့(Liu Bei) ၊ ကျူးကဲလျန့်(Zhuge Liang) တို့နဲ့စစ်တိုက်ပြီး ဘယ်သူသာလည်းဆိုတာ ဆုံးဖြတ်ရမယ်။ နောက်ပြီး မြို့တွေကိုလည်း ပြန်သိမ်းရမယ်။ ခင်ဗျား ကျုပ်ကိုကူညီပါ" ဟုပြောသည်။ သို့သော် "လူဆု"(Lu Su) က "ဒါ လုပ်လို့မဖြစ်

Qin's Moon S2 MM Sub

Image
Ep 1 Ep 2 Ep 3 Ep 4 Ep 5 Ep 6 Ep 7 Ep 8 Ep 9 Ep 10 Ep 11 Ep 12 Ep 13 Ep 14 Ep 15 Ep 16 Ep 17 Ep 18 <<To Read Review>>

My Daoist Life (1)

ကျွန်တော့်ရဲ့တာအိုဝါဒီဘဝ ( My Daoist Life ) အခန်း(၁) Huang Jing Yang ကျွန်တော့်နာမည်က Huang Jing Yang ။ ခရစ်နှစ် ၁၉၉၂ မှာမွေးဖွားခဲ့ပြီး မွေးချင်းထဲမှာ အကြီးဆုံးပါ။ ကျွန်တော်က အနောက်တောင်ဘက်မှာရှိတဲ့ ချောင်ကျတဲ့ရွာလေးတစ်ရွာမှာမွေးဖွားခဲ့တယ်။ ကျွန်တော့်ကို မွေးတဲ့အချိန်မှာ ကျွန်တော့်အဖေက အပြင်ဘက်တခြားနယ်မှာ အလုပ်လုပ်နေခဲ့တယ်။ ကျွန်တော် တစ်နှစ်မပြည့်ခင်မှာပဲ အမေကလည်း အဖေ့ခြေရာအတိုင်း တခြားနယ်သွားပြီး အလုပ်လုပ်ခဲ့တယ်။ အခုနှစ်ပေါင်းများစွာကြာတော့ ကျွန်တော်တို့လိုကလေးမျိုးတွေကို "ထားရစ်ခဲ့တဲ့ကလေးတွေ" လို့ခေါ်ကြတယ်။ ကျွန်တော်တို့ရွာမှာ ကလေးမွေးရင် အကြီးဆုံးက မိန်းကလေးဆိုရင် နောက်ထပ်ကလေးထပ်ယူခွင့်ရှိတယ်။ ကျွန်တော်က ယောက်ျားလေးဆိုတော့ မိဘတွေက နောက်ထပ်ကလေးယူခွင့်မရှိတော့ဘူး။ ကျွန်တော် ငယ်ငယ်က တခြားသာမန်ကလေးတွေနဲ့မခြားပါဘူး။ ဒါပေမယ့် အဘိုး၊ အဘွားတွေပြောပုံအရဆိုရင်တော့ ကျွန်တော်က ညနေဘက်ဆိုငိုတတ်တယ်တဲ့။ အငိုကြိုက်တာက ဘာမှချွတ်ချော်မှုကြီးတော့မဟုတ်ပါဘူး။ ကျွန်တော့်အဘွားပြောလေ့ရှိတယ် -- ကျွန်တော်က မိန်းကလေးအဖြစ်မွေးခဲ့သင့်တယ်တဲ့။ ရွေးချယ်မှုမှားသွားပုံပေါ်တယ်ဆိုပြီးတော့ပေါ့။

My Daoist Life

Image
Huang Jing Yang ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ တောင်တက်ရင်းနဲ့ မမျှော်လင့်ပဲ သတ္တုတုံးလေးတစ်ခုတွေ့ခဲ့တယ်။ အဲ့သတ္တုတုံးဟာ သူ့ရဲ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့တယ်။ အဲ့သတ္တုတုံးမှာ ထူးခြားတဲ့အစွမ်းတွေရှိနေပြီး အဲ့ကောင်လေးဟာ ထူးဆန်းသွားခဲ့တယ်။ သူ့ရဲ့ထူးခြားမှုကြောင့် သူ့မိဘတွေက သူ့ကိုစွန့်ပစ်ခဲ့တယ်။ သူ့ကို သူ့အဘိုးဖြစ်တဲ့သူကပဲ စောင့်ရှောက်ခဲ့ပြီး သူ့ရဲ့ဘဝအကြောင်းနဲ့ တာအိုလမ်းဘက်ကို တဖြည်းဖြည်းရောက်သွားတာကို ဖတ်ရမှာပါ။ ဇာတ်ကောင်တွေကလည်း စိတ်ဝင်စားစရာကောင်းပြီး ပျော်စရာကောင်းတယ်လို့ ခံစားရပါလိမ့်မယ်။ ဇာတ်အိမ်ကိုတော့ တရုတ်ပြည်မှာ အခြေခံထားပြီး အဖြစ်အပျက်တွေကို အကွက်ကျကျပြသွားနိုင်ပါတယ်။ ဇာတ်လမ်းတည်ဆောက်မှုက နှေးတယ်လို့ခံစားလို့ရနိုင်ပေမယ့်လည်း ဇာတ်အိမ်လေးကို တဖြည်းဖြည်းနဲ့တည်ဆောက်သွားတာကိုတွေ့ရမှာပါ။ တခြား Xianxia တွေနဲ့ မတူတာကတော့ ဒီဟာက ရိုးရှင်းတဲ့သာမန်ဘဝလေးကို ထူးဆန်းထွေလာ၊ စိတ်ကူးယဉ်ဟာတွေနဲ့ရောပြီး စိတ်ဝင်စားအောင်လုပ်သွားနိုင်တာပါပဲ။ စုစုပေါင်း အခန်းသုံးရာကျော်ရှိပြီး Eng translation ကတော့ လက်ရှိမှာ ၅၀ အထိရှိပါတယ်။ အမျိုးအစားကတော့ Fantasy, Martial Arts, Romance, Slice of Life, Supernatural,

သုံးနိုင်ငံခေတ်(၅၁)

Image
အခန်း(၅၁) "ချောင်ရန်"(Cao Ren) သည် တောင်ပိုင်းပြည်နယ်တပ်ဖွဲ့တို့နှင့်တိုက်ခိုက်ခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) ကြောင့် "ကျိုးယွီ"(Zhou Yu) ဒေါသထွက်ခြင်း။ "ကွမ်းယွီ"(Guan Yu) အား သေဒဏ်ပေးစေလိုက်သော်လည်း "လျူဘေ့"(Liu Bei) မှဝင်ကာ "ကျွန်တော်တို့ညီအစ်ကိုသုံးဦးဟာ သေအတူရှင်မကွာဆိုပြီးကတိသစ္စာဆိုထားကြတယ်။ ကျုပ်ညီ ကွမ်းယွီ(Guan Yu) က အပြစ်လုပ်မိပေမယ့်လည်း ကျုပ်အနေနဲ့ သစ္စာစကားကိုမဖောက်နိုင်ဘူး။ ဒါကြောင့် ဒီအပြစ်ကိုခဏမှတ်ထားပြီးတော့ အဲ့အပြစ်ကို စွမ်းဆောင်မှုနဲ့ပေးချေပါစေ" ဟုပြောသည်။ သို့နှင့် "ကွမ်းယွီ"(Guan Yu) အားအပြစ်မပေးတော့ပေ။ ထိုအချိန်တွင် "ကျိုးယွီ"(Zhou Yu) သည် သူ၏အမှုထမ်းနှင့်စစ်သားတို့ကိုစုစည်းကာ တစ်ဦးချင်းဆီ၏အကျိုးဆောင်မှုတို့ကိုမှတ်သားစေပြီး သူ့သခင်အား အကြောင်းကြားသည်။ လက်နက်ချသောတပ်သားတို့ကို မြစ်၏တဖက်ကမ်းသို့ပို့စေသည်။ ပြီးနောက်တွင်မူ စစ်အောင်နိုင်မှုအတွက် အောင်ပွဲခံကြသည်။ "ကျိုးယွီ"(Zhou Yu) ၏နောက်ခြေလှမ်းမှာ နန်ကျွင်းကိုသိမ်းပိုက်ရန်ဖြစ်သည်။ စစ်တပ်၏ရှေ့ပြေးတပ်သည် မြစ်ကမ်းပါးနားဝယ