Posts

Showing posts from June, 2015

ဂျပန်ရာဇဝင် - Asuka ခေတ်၊ Nara ခေတ် နှင့် Heian ခေတ်

Image
Asuka ခေတ် (AD 538 - AD 710) AD 538 မှာ ကိုရီးယားကတစ်ဆင့် ဗုဒ္ဓဘာသာ ဝင်ရောက်လာခဲ့ပြီး အုပ်ချုပ်သူ လူတန်းစားတွေဟာ ဗုဒ္ဓဘာသာအဖြစ် ခံယူခဲ့ကြတယ်။ ဒါ့အပြင် ကွန်ဖြူးရှပ်ဝါဒနဲ့ တာအိုဝါဒတွေပါ ပြန့်နှံ့လာခဲ့တယ်။ နောက်ပြီး တရုတ်စာပေလဲ ပြန့်ပွားလာခဲ့ပါတယ်။ သက္ကရာဇ် 593 မှာ Sujun ဘုရင် လုပ်ကြံခံရပြီး သူ့ရဲ့ တူမဖြစ်တဲ့ Suiko ဟာ ဘုရင်မ ဖြစ်လာခဲ့ပါတယ်။ 594 မှာ မင်းသား Shotoku ဟာ အုပ်ချုပ်မှုယန္တရားမှာ အာဏာအတန်အသင့်ရလာခဲ့ပါတယ်။ Shotoku ဟာ တရုတ်ယဉ်ကျေးမှူကို နှစ်သက်ခဲ့တဲ့သူ ဖြစ်တဲ့ အတွက် 604 မှာ တရုတ်ပြည် အုပ်ချုပ်မှုကို အတုယူပြီး Taika ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့ပါတယ်။   Taika ပြုပြင်ပြောင်းလဲရေး Taika ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်တဲ့ အချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။ - နယ်စားများ ထားရှိ၍ အုပ်ချုပ်စေသော်လည်း ဘုရင့်၏ ဆန္ဒအတိုင်းသာ အုပ်ချုပ်ရမည်။ - တိုင်း၊ ခရိုင် ၊ မြို့ ခွဲ၍ ဗျူရိုကရေစီ စနစ်အတိုင်း အုပ်ချုပ်သည်။ - စစ်ဘက်နှင့် မြို့ပြဆိုင်ရာကို ခွဲခြားထားသည်။ - အရာရှိစာမေးပွဲများ ဖြေဆိုစေပြီး မင်းမှုထမ်းများ ခန့်အပ်သည်။ - လယ်ယာများကို နိုင်ငံပိုင်လုပ်ပြီး လယ်သမားများကို ဝေငှသည်။ Nara

ဂျပန်ရာဇဝင် - ရှေးခေတ်ဂျပန်ပြည်

Image
ဂျပန်နိုင်ငံဟာ တရုတ်ပြည်ရဲ့ အရှေ့မြောက်ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ တည်ရှိပြီး ကျွန်းကြီးကျွန်းငယ်ပေါင်း သုံးထောင်ကျော်ပါဝင်ပြီးတော့ မြောက်မှ တောင်ကို မိုင်ပေါင်း ၂၅၀၀ ရှည်လျားပါတယ်။ ကျွန်းတွေအနက်က ထင်ရှားတဲ့ ကျွန်းတွေကတော့ Hokkaido ၊ Honshu ၊ Shikoku နဲ့ Kyushu တို့ပဲ ဖြစ်ပါတယ်။ ဂျပန်ကျွန်းတွေပေါ်မှာ တိုင်းရင်းသားတွေ အများအပြား နေထိုင်ကြပြီး ရှေးအကျဆုံး တိုင်းရင်းသားတွေဟာ Ainu လို့ ခေါ်တဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ နောက်ပိုင်းရောက်လာတဲ့ လူမျိုးစုတွေက Ainu လူမျိုးတွေကို တိုက်ထုတ်လိုက်တဲ့ အတွက် ယခုအချိန်မှာ အဲ့ Ainu လူမျိုးတွေကို Hokkaido ကျွန်းမှာသာ တွေ့နိုင်တော့တယ်လို့ ဆိုပါတယ်။ တခြားလူမျိုးတွေကတော့ ကိုရီးယားကို ဖြတ်ပြီး ဂျပန်ကို ရောက်လာတဲ့ ဆိုက်ဘေးရီးယား (Siberia) က လူတွေ၊ တရုတ်၊ မန်ချူး၊ ကိုရီးယား လူမျိုးတွေ အပြင် တောင်ဘက် ပင်လယ်ကမ်းကနေ ရောက်လာတဲ့ "မလေး" အနွယ်ဝင် လူမျိုးတွေလဲ ရှိပါတယ်။ အဲ့ လူမျိုးစုတွေ ပေါင်းစပ်ရောနှောပြီးတော့ ဂျပန်လူမျိုးဆိုတာ ဖြစ်လာခဲ့ပါတယ်။ Jomon ခေတ် (13 000 BC - 300 BC) ဒီခေတ်ဟာ ဂျပန်သမိုင်းရဲ့ ရှေးအကျဆုံး ခေတ် ဖြစ်ပါတယ်ပြီး လူတွေဟာ င

Musashi Miyamoto

Image
Samurai အကြောင်းတွေ ၊ ဂျပန်ရဲ့ ဓားသိုင်းပညာရပ်အကြောင်းတွေ ဖော်ပြကြရာမှာ Musashi Miyamoto ဆိုတဲ့ နာမည်ကို တွေ့ဖူး မြင်ဖူး ကြားဖူးကြမှာပါ။ Musashi Miyamoto ဟာ အရပ်တကာ လှည့်လည်နေခဲ့တဲ့ ronin တစ်ဦးဖြစ်တဲ့အပြင် Hyo-ho Niten Ichi-ryu ဆိုတဲ့ ဓားနှစ်လက် သုံးတဲ့ ပညာကို တီထွင်ခဲ့ပြီး စစ်ရေးဗျူဟာ နဲ့ အတွေးအခေါ်တွေ ပါတဲ့ "The Book of Five Rings - Go Rin no Sho" ဆိုတဲ့ စာအုပ်ကိုလဲ ရေးသားခဲ့ပါတယ်။ သူ့ကို Shinmen Takezō; Miyamoto Bennosuke; Niten Dōraku နဲ့; Shinmen Musashi no Kami Fujiwara no Genshin စတဲ့ အခြားအခြားသော နာမည်တွေနဲ့လဲ သိကြပါတယ်။ Musashi Miyamoto ရဲ့ အကြောင်းတွေကတော့ တကယ့် ဖြစ်ရပ်တွေအပြင် ယုံတမ်းပုံပြင်တွေပါ ရောယှက်နေပါတယ်။ ဒါပေမယ့် သူ့အကြောင်းနဲ့ပတ်သတ်ပြီး အထင်ရှားဆုံးနဲ့ လူသိအများဆုံး အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ Musashi Miyamoto ဟာ 1584 မှာ Harima ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ အသက်ခုနစ်နှစ် အရွယ်မှာ သူ့ဦးလေး ရှိတဲ့ Shoreian ဆိုတဲ့ ဘုန်းတော်ကြီးကျောင်းမှာ နေခဲ့ပြီး အဲ့မှာပဲ စာပေ အရေးအဖတ် လေ့လာခဲ့ပါတယ်။ သူဟာ ဓားသိုင်းပညာကို သူ့အဖေဆီကသော်လည်းကောင်