Posts

Showing posts from April, 2015

Yokai ပုံပြင်များ (၈)

Image
ဒဏ္ဍာရီမှာ နာမည်ကြီး yokai တွေ ဖြစ်ကြတဲ့ tengu တို့၊ Oni တို့နဲ့ တစ်တန်းတည်း နာမည်ကြီးတဲ့ yokai ကတော့ kappa ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ဟာ kawa (မြစ်) ဆိုတဲ့ စာလုံးနဲ့ ကလေးလို့ အဓိပ္ပာယ်ရတဲ့ wappa ဆိုတဲ့ စာလုံးနှစ်ခုကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ Kappa တွေကို နေရာ အနှံ့မှာ နာမည်မျိုးစုံနဲ့ ခေါ်ကြပါတယ်။ ရှင်တိုဝါဒမှာတော့ kappa တွေကို မြစ်စောင့်နတ်သဖွယ် သတ်မှတ်ကြတယ်လို့ ဆိုပါတယ်။ ၁။ ပုံသဏ္ဍာန် Kappa တွေကို ကလေး အရွယ်လောက် ရှိတယ်လို့ ဆိုကြပြီး ဖားအရည်အပြားလို အရည်ပြားရှိပြီး အရောင်ကတော့ အစိမ်း၊ အဝါ ၊ အပြာ စသည်ဖြင့်ရှိတတ်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ဂျပန်နိုင်ငံမှာ ရှိတဲ့ ရေကန်တွေ၊ မြစ်ချောင်း အင်းအိုင်တွေမှာ တွေ့ရတယ်လို့ ဆိုပြီး ရေထဲမှာ လှုပ်ရှားကူးခတ်နိုင်တဲ့ ခြေလက်တွေ ပိုင်ဆိုင်ပါတယ်။ Kappa ရဲ့ ပုံစံကို ဖော်ပြရာမှာ တစ်နေရာနဲ့ တစ်နေရာ ၊ ဒေသတစ်ခုနဲ့တစ်ခု မတူညီ ကွဲပြားကြပေမယ့်လဲ အများအားဖြင့် kappa ကို နှုတ်သီးလို ရှိတဲ့ ပါးစပ်၊ ဦးခေါင်းမှာ sara လို့ခေါ်တဲ့ အမွှေးအမျှင် မရှိပဲ ရေစိုစွတ်နေတဲ့ နေရာ ရှိတယ်လို့ ဆိုပါတယ်။ အဲ့ sara ဟာ kappa ရဲ့ အစွမ်းတွေရဲ့ အရင်းအမြစ်လို့ ဆိုကြပါတယ်။ အဲ့ sara မှာ

Yokai ပုံပြင်များ (၇)

Image
ဒီတစ်ခါတော့ Tengu တွေ အကြောင်းကို ပြောမှာ ဖြစ်ပါတယ်။ Tengu ဟာ တရုတ်ရဲ့ ယဉ်ကျေးမှုတွေ ၊ ဗုဒ္ဓဘာသာရဲ့ အယူတွေ ၊ ရှင်တိုဝါဒတွေ အပြင် ဟိန္ဒူကျမ်းဂန်တွေ ကနေ ပေါင်းစပ်ထားပြီး ဖြစ်လာတဲ့ yokai လို့ ဆိုရင်လဲ မမှားပါဘူး။ Tengu တွေဟာ အစွမ်းတွေ အတော်အတန်ရှိပြီး လူသားအသွင် ပြောင်းနိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး tengu တွေက သိုင်းပညာတွေ တတ်ကျွမ်းသတဲ့။ သူတို့ဟာ သိက္ခာပုဒ်ကို မစောင့်ထိန်းတဲ့ရဟန်းတွေ ၊ အကျင့်ပျက်ခြစားတဲ့လူတွေ ၊ ဩဇာအာဏာကို အလွဲသုံးစားလုပ်တဲ့ လူတွေကို အပြစ် ပေးတယ်လို့ ဆိုပါသတဲ့။ Tengu မှာတော့ အဓိကအားဖြင့် နှစ်မျိုးနှစ်စားရှိပါတယ်။ တစ်ခုကတော့ Daitengu ဖြစ်ပြီး ကျန်တစ်မျိုးက Kotengu ဖြစ်ပါတယ်။ ၁။ Tengu ဖြစ်လာပုံ နှင့် သူ့အကြောင်း Tengu ဟာ ငှက် ပုံသဏ္ဍာန်ရှိပြီး ထူးခြားပြီး ချွန်နေတဲ့ နှာခေါင်းရှိတာကို တွေ့နိုင်ပါတယ်။ Tengu ရုပ်တုတွေကို ဘုရားကျောင်းတွေမှာ တွေ့နိုင်ပြီး ပွဲတော်တွေ ဘာတွေမှာ ဆိုရင် tengu မျက်နှာဖုံးတွေ ပါတတ်ပါတယ်။  Tengu ဟာ တရုတ်ဒဏ္ဍာရီထဲမှာ ပါတဲ့ 天狗 - tiāngoǔ ဆိုတဲ့ မိစ္ဆာနာမည်ကို ယူထားတာ ဖြစ်ပြီး  ကောင်းကင်ဘုံက ခွေးလို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမယ့်လဲ ခွေးမိစ္ဆာကနေ ဘယ်နည်းဘယ်ပုံ ဘယ်

The Wind Rises

Image
The Wind Rises ဆိုတဲ့ movie အကြောင်း မပြောခင် နိဒါန်း အရင်ပျိုးပါရစေ။ နာမည်ကြီး animation ရုပ်ရှင်တွေ ထုတ်တဲ့ Studio Ghibli ရဲ့ ပူးတွဲတည်ထောင်သူဖြစ်တဲ့ Hayao Miyazaki ဟာ 2013 မှာ ဒီ Animation လောက ကနေ တကယ်အနားယူမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ 2014 ခုနှစ်ရဲ့ နှစ်စမှာတော့ The Wind Rises ဆိုတဲ့ ရုပ်ရှင် ကြေညာမှုနဲ့အတူ ဒါဟာ Miyazaki ရဲ့ နောက်ဆုံး ရုပ်ရှင်ဖြစ်ကြောင်းလဲ ဆိုခဲ့ပါတယ်။ Hayao Miyazaki ရဲ့ ဖခင်ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ Miyazaki  လေယာဉ်ကုမ္ပဏီရဲ့ ဒါရိုက်တာ ဖြစ်တာကြောင့် Hayao Miyazaki က ငယ်ငယ်တည်းက လေယာဉ်တွေကို ကြိုက်ခဲ့ပုံ ပေါ်ပါတယ်။ Miyazaki ရဲ့ The Wind Rises ဆိုတဲ့ ရုပ်ရှင်ဟာ Tatsuo Hori ရေးခဲ့တဲ့ "The Wind Has Risen" ဆိုတဲ့ ဝတ္ထုရယ်၊ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ လေယာဉ်အင်ဂျင်နီယာဖြစ်တဲ့ Jiro Horikoshi ရဲ့ဘဝရယ်ကို ရောသမ မွှေပြီး ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ Studio Ghibli ဟာ ပုံမှန်အားဖြင့်ဘယ် အသက်အရွယ်ပဲ ဖြစ်ဖြစ် ကြည့်နိုင်တဲ့၊ နားလည်လွယ်တဲ့ movie တွေ (ဥပမာ - Spirited away ၊ Howl's Moving Castle) ထုတ်ပေမယ့် ဒီဟာကတော့ ပိုပြီးအသက်အရွယ်ကြီးတဲ့ ကြည့်ရှူသူတွေအတွက် ရည်ရွယ်ထားတာဖြစ်

Yokai ပုံပြင်များ (၆)

Image
ဒီမှာတော့ Inugami အကြောင်း ပြောမှာဖြစ်ပါတယ်။ အရှေ့က အကြောင်းအရာတွေလို မများပဲ နည်းနည်းသာ ရေးစရာရှိတဲ့အတွက် တော်တော်တိုတဲ့ post တစ်ခု ဖြစ်မှာပါ။ Inugami (犬神  [ いぬがみ]) အဓိပ္ပာယ် - ခွေးနတ် သို့ ခွေးဝိညာဉ် တွေ့နိုင်သည့်အရပ် - လူနှင့်နီးစပ်သောနေရာ (အထူးသဖြင့် ချမ်းသာသော အိမ်တို့တွင် ရှိတတ်) စားသုံးမှု - အသားငါး (သို့သော်လဲ များသောအားဖြင့် အစာအငတ်ထားခံရသည်) Inugami အကြောင်း - Inugami ကို မှော်ဆရာ၊ နတ်ဆရာ (Onmyouji ) တွေက shikigami အနေနဲ့ မွေးလေ့ရှိပါတယ်။ မြေခွေးတွေ မရှိတဲ့ နေရာမှာ Inugami  ကို တွေ့ရလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဟိုးရှေးယခင်တုန်းကတော့ Inugami ကို ဂျပန် အနောက်ပိုင်းဒေသတွေမှာ နတ်အဖြစ်နဲ့ ကိုးကွယ်ကြပါတယ်။ အထက်မှာ ပြောခဲ့တဲ့အတိုင်း မှော်ဆရာတွေဟာ Inugami ရဲ့ ဝိညာဉ်ကို အောက်လမ်းပညာရပ်တွေမှာ အသုံးချပါတယ်။ Inugami ရဲ့ သခင်ကသာ သူ့အပေါ် ရက်ရက်စက်စက် မဆက်ဆံရင် Inugami တွေဟာ သာမန် ခွေးတွေလိုပဲ သခင်အပေါ်ကို အလွန်သစ္စာရှိပါတယ်တဲ့။ ဒါကြောင့် Inugami ကို ဘိုးဘွားအမွေအနှစ်အနေနဲ့ သားစဉ်မြေးဆက် လက်ဆင့်ကမ်းကြပါတယ်။ အဲ့လိုမျိုး Inugami တွေကို မွေးတဲ့ မိသားစုတွေကို inugami-mochi လို့ ခေါ်ပါတယ်။

Yokai ပုံပြင်များ (၅)

Image
ဟိုးအရင် ခေတ်တွေထဲက ကြောင်တွေကို အစွမ်းရှိတဲ့ တိရိစ္ဆာန်တွေဆိုပြီး မှတ်ယူကြပါတယ်။ ဥပမာ - ရှေးဟောင်း အီဂျစ်ပြည်မှာဆိုရင် ကြောင်တွေကို ကိုးကွယ်ကြသတဲ့။ ဂျပန်မှာတော့ အဲ့လို ကိုးကွယ်တာတွေ မရှိပေမယ့်လဲ ကြောင်တွေနဲ့ ပတ်သတ်ပြီး အယူတွေ ဘာတွေတော့ ရှိကြပါတယ်တဲ့။ Yokai ကြောင်တွေထဲမှာမှ အထင်ရှားဆုံး ကြောင် နှစ်မျိုးကတော့ Nekomata နဲ့ Bakeneko တို့ ဖြစ်ပါတယ်။ ၁။ Nekomata ဂျပန်မှာ ရှေးဟောင်းအယူတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အိမ်မွေးကြောင်တွေဟာ သက်တမ်းတစ်ခုကို ရောက်ရင် အမြီးက နှစ်ချောင်းဖြစ်သွားကာ yokai အဖြစ် ပြောင်းသွားပြီး လူတွေကို ရန်မူတတ်တယ်လို့ ဆိုကြပါသတဲ့။ ၁-၁။ Nekomata ရဲ့ အဓိပ္ပာယ် Yokai နာမည် တွေရဲ့ အဓိပ္ပာယ်တွေကို များသောအားဖြင့် kanji ကနေ ဘာသာပြန်ရပါတယ်။ Nekomata ကျတော့ kanji မှာ နည်း(၃)နည်း နဲ့ ရေးနိုင်တဲ့ အတွက် အဓိပ္ပာယ်ပြန်ရတာ ခက်ပါတယ်။ ရှေးအကျဆုံး ရေးတဲ့ ပုံစံကတော့ 猫また ဆိုတာဖြစ်ပြီး 猫 ကတော့ kanji ဖြစ်ပြီး ကြောင်လို့ အဓိပ္ပာယ်ရပါတယ်။ ကျန်တဲ့စာလုံးတွေကတော့ hiragana ဖြစ်ပြီး အထွေအထူး အဓိပ္ပာယ်မရှိပါဘူး။ နောက်တစ်မျိုးနဲ့ ရေးကြတာကတော့ 猫股 ဖြစ်ပြီး 猫 ကြောင်ဆိုတဲ့ စာလုံးနဲ့ 股 အခွဲဆိုတဲ့ စာ

Tokugawa Ieyasu (1543 - 1616)

Image
Tokugawa Ieyasu (Matsudaira Takechiyo) ၏ ငယ်ဘဝ (1543 - 1555) Matsudaira Takechiyo ဟာ Mikawa ပြည်နယ်လေးရဲ့ မထင်မရှား Daimyo ဖြစ်တဲ့ Matsudaira Hirotada (1526-1549) ရဲ့ သား ဖြစ်ပါတယ်။ Mikawa ပြည်နယ်ရဲ့ အရှေ့ဘက်မှာ အင်အားကြီး Imagawa ရှိပြီး အနောက်ဘက်မှာ နယ်ပယ်ချဲ့ထွင်ချင်တဲ့ Oda ရှိတဲ့အတွက် Hirotada ဟာ သူ့ရဲ့ သက်တမ်းတစ်လျှောက်လုံး Mikawa ပြည်နယ်ကို ကာကွယ်ပြီး အချိန်ကုန်ဆုံးခဲ့ရပါတယ်။ 1548 မှာ Oda တပ်ဖွဲ့တွေ Mikawa ပြည်နယ်ကို လာတိုက်တဲ့အတွက် Hirotada ဟာ Imagawa Yoshimoto ကို စစ်ကူပေးဖို့ တောင်းဆိုခဲ့ပါတယ်။ Imagawa Yoshimoto ဟာလဲ Hirotada ရဲ့သားကို သုံ့ပန်းအနေနဲ့ ပို့ပေးရင် စစ်ကူပေးမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒါကို Hirotada ဟာ လက်ခံခဲ့ပြီး သူ့သား Takechiyo ကို Imagawa clan ဆီကို ပို့ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လဲ လမ်းတစ်ဝက်မှာ Oda ရဲ့ တပ်တွေဟာ Takechiyo ကို ဖမ်းသွားပါတယ်။ ပြီးတော့ Oda ဟာ Takechiyo ရဲ့ အသက်ကို မဆုံးရှုံးချင်ရင် Hirotada ကို လက်နက်ချဖို့ အကြောင်းကြားခဲ့ပါတယ်။ ဒါကို Hirotada က ငြင်းခဲ့ပါတယ်။ ဒါပေမယ့်လဲ Oda Nobuhide ဟာ Takechiyo ကို မသတ်ပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ

D.Gray.Man

Image
D.Gray Man anime မှာ 103 ပိုင်းရှိပြီး genre ကတော့ Action ၊ Adventure ၊ Comedy ၊ Shounen အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ တစ်ခါက The Earl of Millennium ဆိုတဲ့ ပုဂ္ဂိုလ်ဟာ လူသားတွေကို ဖျက်စီးဖို့ akuma ဆိုတာကို ထွင်ခဲ့ပါတယ်။ အဲ့ဒီ Akuma တွေဟာ အရပ်တကာမှာ လူတွေကို လိုက်ပြီး သတ်ပါတယ်တဲ့။ အဲ့လို akuma တွေကို ရင်ဆိုင်ဖို့အတွက် Exorcists တွေ စုဝေးတဲ့ Black Order ဆိုတဲ့ အဖွဲ့အစည်း ပေါ်ပေါက်လာပါတယ်။ Black Order ဟာ  akuma တွေကို ဖျက်စီးနိုင်တဲ့ "Innocence" ဆိုတဲ့ အစွမ်းရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီ anime ရဲ့ protagonist ဖြစ်တဲ့ Allen Walker ဟာ Akuma တွေကို ဖျက်စီးနိုင်စွမ်းရှိတဲ့ Innocence အစွမ်းရှိတဲ့ လက်တစ်ဖက်နဲ့ ကျိန်စာသင့်ခံထားရတဲ့ မျက်လုံးတစ်ဖက်ကို ပိုင်ဆိုင်တဲ့သူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ Allen ဟာ Black Order ရဲ့ general တွေထဲက တစ်ဦး ဖြစ်တဲ့ Cross Marian ဆိုတဲ့ သူနဲ့ တွေ့ခဲ့ပါတယ်။ အဲ့နောက်မှာတော့ Cross ဟာ Allen ကို Innocence အစွမ်းကို ဘယ်လို သုံးရတယ်ဆိုတာ သင်ပေးလိုက်ပြီးနောက် Allen ဟာ Exorcist ဖြစ်လာပြီး Black Order အဖွဲ့ထဲကို ဝင

Devil Fruit

Image
Devil Fruit ဆိုတာ One Piece ထဲမှာ အဲ့အသီးကို စားလိုက်တဲ့သူအပေါ် ထူးခြားဆန်းပြားတဲ့ အစွမ်းတွေ ပေးနိုင်တဲ့ အသီးပဲ ဖြစ်ပါတယ်။ တချို့ devil fruit တွေဟာ anime မှာပဲ ပါပြီး တချို့ကတော့ manga မှာပဲ ပါတဲ့ ဟာတွေ ရှိပါတယ်။ ဒါပေမယ့်လဲ anime ရော manga မှာပါ ပါတဲ့ တူညီတဲ့ devil fruit တွေ တွေ့ရပါတယ်။ One Piece mangaka ဖြစ်တဲ့ Oda ရဲ့ အဆိုအရတော့ မကြာခင်မှာ devil fruit တွေရဲ့ အကြောင်းကို ရှင်းပြမယ့် professor အခန်း ပါလာလိမ့်မယ်လို့ ဆိုပါတယ်။ ၁။ Devil Fruit အကြောင်း Devil Fruit ကိုတော့ ပင်လယ်မိစ္ဆာရဲ့ အသီးတွေလို့ဆိုကြပြီး သူတို့ရဲ့ လျှို့ဝှက်ချက်ဟာ Grand Line မှာပဲ ရှိတယ်လို့ ဆိုပါတယ်။ Grand Line ရဲ့ အပြင်ဘက်မှာ devil fruit တွေ တွေ့ဖို့ဆိုတာ ခက်ခဲတဲ့အတွက် အဲ့အကြောင်းတွေဟာ အစစ်အမှန်လား အတုအယောင်လား မခွဲခြားနိုင်တဲ့ ကောလဟာလတွေနဲ့သာ ပြည့်နှက်နေပါတယ်။ Devil fruit ကို ရောင်းမယ်ဆိုရင် အနည်းဆုံး  Beli 100,000,000 အထက်မှာ ရှိတယ်လို့ ဆိုပါတယ်။ တစ်ခါတစ်ရံ devil fruit user တွေကိုလဲ ကျွန်အဖြစ်နဲ့ ရောင်းချတတ်ပါတယ်တဲ့။ ဈေးနှုန်းကတော့ devil fruit ရဲ့ အစွမ်းအပေါ်မူတည်ပြီး အတက်အကျ ရှိပါတယ်။ ဥပမာ Trafalgar Law ရဲ့

Yokai ပုံပြင်များ (၄)

Image
ဒီမှာတော့ တိရိစ္ဆာန် yokai တွေထဲမှာ အစွမ်းအထက်ဆုံးလို့ ဆိုနိုင်တဲ့ မြေခွေး yokai (kitsune) နဲ့ tanuki yokai အကြောင်း ပြောမှာပါ။ ၁။ Kitsune  ၁-၁။ Kitsune အကြောင်း Kitsune (狐) ဆိုတာ ဂျပန်လို မြေခွေးလို့ပဲ အဓိပ္ပာယ်ရပါတယ်။ တရုတ်ဒဏ္ဍာရီဖြစ်တဲ့ မြေခွေးမိစ္ဆာ (Huli jing (狐狸精)) ဆိုတာကနေ ဆင်းသက်လာတယ်လို့ ယူဆရပါတယ်။ မြေခွေးမှာ အမြီး ကိုးချောင်းအထိ ရှိနိုင်ပြီး အမြီးများလေ သက်တမ်းပိုရင့်ပြီး အစွမ်းပို ရှိလေ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ သူတို့ဟာ သက်တမ်းတစ်ခု(နှစ် ၁၀၀ သို့ နှစ် ၅၀)ကို ရောက်သွားရင် လူယောင် ဖန်ဆင်းနိုင်ပါတယ်။ ပုံစံကလဲ အမျိုးသမီးအသွင်ဖြစ်ဖြစ် အမျိုးသားအသွင်ဖြစ်ဖြစ် မည်သည့်အသက်အရွယ်ဖြစ်ဖြစ် မျိုးစုံ ပြောင်းနိုင်တယ်လို့ ဆိုပါတယ်။ Kitsune ကို အဓိကအနေနဲ့ နှစ်မျိုးနှစ်စား ခွဲနိုင်ပါတယ်။ ပထမကတော့ ကောင်းတဲ့ မြေခွေးဖြစ်ဖြစ် သူတို့ဟာ Shinto စပါး နတ် ဖြစ်တဲ့ Inari ရဲ့ သံတမန်တွေဖြစ်ပြီး လူတွေကို စောင့်ရှောက်တယ်လို့ ဆိုကြပါတယ်။ အဲ့ဒါကြောင့် Inari နတ်ကွန်းတွေမှာ မြေခွေးရုပ်တုတွေကို တွေ့ကြရမှာပါ။ နောက်တစ်မျိုးကတော့ ဆိုးတဲ့ Kitsune ဖြစ်ပြီး မကောင်းဆိုးရွားဟန် ဖန်ဆင်းလေ့ရှိပြီး လူသားတွေကို ခြေ