Posts

Showing posts from January, 2018

Citrus

Image
Citrus Information Type: TV Episodes: 12 Status: Currently Airing Aired: Jan 6, 2018 to ? Premiered: Winter 2018 Broadcast: Saturdays at 23:30 (JST) Producers: Lantis, Infinite Licensors: Funimation Studios: Passione Source: Manga Genres: Drama, Romance, School, Shoujo Ai Duration: 23 min. per ep. Rating: PG-13 - Teens 13 or older Episode 1 Episode 2 Episode 3 Episode 4 Episode 5 Episode 6 Episode 7 Episode 8 Episode 9 Episode 10 Episode 11 Episode 12

Machico - TOMORROW

Machico - TOMORROW Kono Subarashi Sekai ni Shukufuku wo! 2 Opening song Download Streaming. Go to translated song & video page.

My Daoist Life (5)

ကျွန်တော့်ရဲ့တာအိုဝါဒီဘဝ ( My Daoist Life ) အခန်း(၅) ဆရာမကို အဖော်ပြုပြီးသွားအိပ်ခြင်း Lin Jing ဟာ ဆရာမစလုပ်ခါစဆိုတော့ အင်မတန်မှ တက်ကြွနေခဲ့တယ်။ စနေ၊ တနင်္ဂနွေကလွဲပြီး ကျန်တဲ့နေ့တွေမှာဆိုရင် ကျောင်းသားအိမ်တွေကို သွားလေ့ရှိတယ်။ သူ့ရဲ့အမည်းရောင်မှတ်စုစာအုပ်ကြီးကိုယူပြီး ကျောင်းသားတွေရဲ့အခြေအနေကို မှတ်ထားတယ်။ ကျွန်တော်က တမူထူးခြားတဲ့ကလေးဖြစ်တာကြောင့် သူက ကျွန်တော့်ကိုအရှေ့မှာထိုင်စေခဲ့တယ်။ Lin Jing ဟာ Ba Jiao ရွာမှာစာသင်ခဲ့တဲ့ဒုတိယအပတ် နေ့ခင်းမှာ အတန်းထဲကြေညာချက်တစ်ခုလုပ်ခဲ့တယ် "ဒီညက ဆရာမကိုအဖော်လုပ်ပေးဖို့ Huang Jingyang ရဲ့အလှည့်ကျတယ်" အကယ်၍သာ ကျွန်တော့်နေရာမှာ တခြားကလေးတွေဆိုရင် အဲ့ဟာကိုကြားတာနဲ့ထခုန်မတတ်ပျော်နေလောက်ပြီ။ ဒါပေမယ့် ကျွန်တော်ကတော့ မျက်မှောင်ကြုတ်လိုက်တယ်။ ဒါ ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ အဲ့နေ့နေ့ခင်းမှာ Li Jing ဟာ ကျွန်တော့်မိဘတွေ တခြားနယ်မှာသွားပြီးအလုပ်လုပ်မှန်း သိပေမယ့်လည်း ကျွန်တော့်အိမ်ကို လာချင်ခဲ့တယ်။ "Huang Jingyang ၊ မင်းအဘိုးအိမ်မှာရှိလား" "အင်း၊ ရှိတယ်" သူ အိမ်လာတာကို ကျွန်တော်မကြိုက်ပေမယ့်လည်း မတတ်သာတဲ့အတွက် အမှန်

သုံးနိုင်ငံခေတ် (၆၅)

Image
အခန်း(၆၅) "မာချောင်း"(Ma Chao) သည် ကျားမုန့်ခံတပ်ကိုတိုက်ခိုက်ခြင်း။ "လျူဘေ့"(Liu Bei) သည် ယီကျိုးပြည်နယ်ကိုရယူခြင်း။ "ရန်ဖူ"(Yan Pu) သည် "လျူကျန်း"(Liu Zhang) ကိုကူညီရန် ကန့်ကွက်လေ၏။ သို့သော် "မာချောင်း"(Ma Chao) မှထကာ ပြောလေသည်။ "ကျွန်တော်က သခင်ကြီးရဲ့အကူအညီကိုရခဲ့တာ အဲ့ကျေးဇူးကိုပြန်မဆပ်နိုင်သေးဘူး။ ဒါကြောင့် ကျွန်တော့်ကို ကျားမုန့်ခံတပ်ကိုချီတက်ခွင့်ပေးပြီး လျူဘေ့(Liu Bei) ကို ဖမ်းပါရစေ။ ဒီလိုဆိုရင် လျူကျန်း(Liu Zhang) ဟာလည်း မြို့နယ်နှစ်ဆယ်ကိုဆုံးရှုံးပြီး အဲ့နယ်တွေက သခင်ကြီးရဲ့ပိုင်ဆိုင်မှုဖြစ်လာလိမ့်မယ်။ ထိုစကားကိုကြားသောအခါ "ကျန်းလု"(Zhang Lu) မှာ ဝမ်းမြောက်သွားပြီး စစ်ကူပို့မည်ဖြစ်ကြောင်း "ဟွမ်ချွမ်"(Huang Quan) ကိုပြောကာ ပြန်လွှတ်လိုက်သည်။ ထို့နောက် "မာချောင်း"(Ma Chao) အား တပ်သားနှစ်သောင်းပေးကာ ချီတက်စေသည်။ "ဖန်တဲ"(Pang De) မှာ မမာမကျန်းဖြစ်နေသောကြောင့် စစ်ချီတက်ရာတွင် မလိုက်ပဲ ဟန်ကျုံးတွင်ကျန်ရစ်ခဲ့သည်။ "ရန်ပေါ်"(Yang Bo) ကို တပ်ဖွဲ့ကြီးကြပ်ရေးအရာရှိအဖြစ်ခန့်အပ်လို

Kaichou wa Maid-sama!

Image
Kaichou wa Maid-sama! Type : TV Total Episode : 26 Art Type : Comedy, Romance, School, Shoujo Duration : 24 min. per ep. Rating: PG-13 - Teens 13 or older ဇာတ်လမ်းအကျဉ်း ကျောင်းသားကောင်စီရဲ့ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌဖြစ်ရတာ မလွယ်ပါဘူး။ အထူးသဖြင့် ကိုယ့်ရဲ့ကျောင်းဟာ ယောက်ျားလေးအထက်တန်းကျောင်းကနေ မိန်းကလေးတွေနဲ့ ယှဉ်တွဲပညာသင်ကြားရေးကို ကူးပြောင်းတဲ့အခါမှာပေါ့။ "နတ်ဆိုးဥက္ကဋ္ဌ" ဆိုတဲ့ နာမည်ပြောင်နဲ့ လိုက်ဖက်စွာပဲ ယောက်ျားလေးတွေအတွက်တော့ စည်းကမ်းနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ပုံစံနဲ့ အာယူဇာဝါ မီဆာကီဟာ သူမကျွမ်းကျင်ပိုင်နိုင်တဲ့ အာအီကီဒိုနည်းစနစ်ကိုအသုံးပြီး အကျင့်ပျက်လုယက်ဖျက်ဆီးတတ်တဲ့ ယောက်ျားလေးတွေကိုတရားစီရင်ပြီး ဆဲအိကာအထက်တန်းကျောင်းမှ မိန်းကလေးတွေကို မကြောက်မရွံ့ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်။ အပြစ်ပြောစရာမရှိဘူးလို့ထင်ရတဲ့အာယူဇာဝါမှာ အကြွေးဆပ်နိုင်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ သူမရဲ့မိသားစုကိုကူညီနိုင်အောင် အိမ်ဖော်ကဖေးမှာအချိန်ပိုင်းအလုပ်ဝင်လုပ်နေရတဲ့ အရှက်ရဖွယ်လျှို့ဝှက်ချက်ရှိတယ်။ အဖွဲ့ဝင်ကျောင်းသားတွေနဲ့ ခြောက်ပြစ်ကင်းသဲလဲစင်တဲ့ ကျောင်းသူတစ်ယောက်ရဲ့ပုံရိပ