Posts

Showing posts with the label Winter 2018

Violet Evergarden

Image
Violet Evergarden --------- IMDB rate - 8.4 Myanimelist rate - 8.4 Genre - Fantasy, Drama, Sci-fi, Military ဖြစ်နိုင်ရင်တော့ Rating တွေထည့်ရေးဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် KyoAni ရဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီးတော့ ခံစားချက်နဲ့ သေသပ်လှပတဲ့ ရုပ်ပုံရေးဆွဲမှုတွေကို မကြည့်မိရင် နှမြောစရာကောင်းမှာစိုးလို့ Rating ပါ ရေးပေးလိုက်တာပါ။ ပြောရရင်တော့ ဒီလိုရှိပါတယ်။ ⬇️      Violet Evergarden ဟာ ဂျပန်စိတ်ကူးယဉ်ဝတ္ထုတိုတစ်ခုဖြစ်ပြီး စာရေးဆရာမ Kana Akatsuki ရေးသား၍၊ ပုံဖော်ဆရာ Takase Akiko ဆိုသူက ဇာတ်လမ်းရဲ့ တစ်ချို့တစ်နေရာတွေကို သရုပ်ဖော်ရေးဆွဲပေးထားပါတယ်။ ဝတ္ထုရဲ့ကျောရိုးကတော့ Auto Memories Doll (Jidoushuki Ningyou) အလုပ်ကို လုပ်တဲ့မိန်းကလေးတစ်ယောက်ရဲ့အကြောင်းကို အဓိကပုံဖော်ရေးသားထားတဲ့ ဇာတ်အိမ်စုလေးတစ်ခုဖြစ်ပါတယ်။ (ဝတ္ထုဖတ်ပြီး anime တောင်မကြည့်ရဲတဲ့ဘဝရောက်နေပါကြောင်း)      ဒီဝတ္ထုတိုလေးဟာ ၂၀၁၄ ခုနှစ် Kyōtō Animation ရဲ့ (၅)ကြိမ်မြောက် Grand Prize (ဝတ္ထု၊ ဇာတ်ညွှန်း၊ သရုပ်ဖော်ပန်းချီ) ကိုဆွတ်ခူးခဲ့တဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ ဒီဝတ္ထု...