Posts

Showing posts from May, 2015

Yokai ပုံပြင်များ (၁၀)

Image
ပထမဆုံး ပြောချင်တာကတော့ ဟိုးအစကနေ အခုထိ ရေးလာခဲ့တာတွေကို ဖတ်ရှူပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ :D နောင်မှာ အခွင့်အခါသင့်ရင် yokai အကြောင်းတွေကို ရေးကောင်းရေးအုံးမှာဖြစ်ပေမယ့် လောလောဆယ်မှာတော့ ဒီမှာ Nurarihyon အကြောင်းနဲ့ပဲ နိဂုံးချုပ်ထားပါရစေ။ Nurarihyon ကို yokai တွေရဲ့ အကြီးအကဲ ၊ Yokai ပေါင်း တစ်ရာ (သို့) Hyakki Yagyō ရဲ့ခေါင်းဆောင်၊ ဒါမှမဟုတ် ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ ဝိညာဉ်တွေရဲ့ အရှင်သခင် စသည်ဖြင့် ခေါ်ဝေါ်ကြပါတယ်။ Nurarihyon ဟာ Seto ပင်လယ်ထဲမှာ ကျက်စားခဲ့တဲ့ ပင်လယ်နေသတ္တဝါတစ်မျိုးကနေ အခြေခံပြီး ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။ Nurarihyon ရဲ့ အဓိပ္ပာယ် Nurarihyon ကို hiragana နဲ့ပဲ ぬらりひょん ဆိုပြီး ပေါင်းကြပါတယ်။ အဲ့ဒါက ဘာမှ ရေရေရာရာ အဓိပ္ပာယ်မရှိပါဘူး။ နောက်ပိုင်းမှာတော့ kanji နဲ့ 滑 (namera; slippery; ချောတယ်၊ ချော်တယ်) ဆိုတဲ့ စာလုံးနဲ့ 瓢 (hyo; gourd; ဘူးသီး) ဆိုတဲ့ စာလုံးနှစ်ခုကို ပေါင်းပြီး ရေးကြပါတယ်။  “Hyon” က "ပင်လယ်ပေါ်မှာ ပေါလော ပေါ်နေတယ်"  ဆိုတဲ့ တခြား အဓိပ္ပာယ်လဲရှိပါတယ်။ ဒါမှမဟုတ်လဲ "Hyon" ဘူးသီး ဆိုတာဟာ Nurarihyon ရဲ့ ထူးခြားတဲ့ ခေါင်းပုံစံကို တင်စာြး

Yokai ပုံပြင်များ (၉)

Image
ဒီမှာတော့ Tsuchigumo ဆိုတဲ့ yokai အကြောင်း ပြောပါမယ်။ Tsuchigumo (土蜘蛛) ကို တိုက်ရိုက်ဘာသာ ပြန်လိုက်ရင်တော့ "အမှိုက်ပင့်ကူ" လို့ အဓိပ္ပာယ်ရပါသတဲ့။ Tsuchigumo ဆိုတဲ့ စာလုံးကို yokai အတွက်အပြင် ဂျပန်ဧကရာဇ်ရဲ့ ဩဇာအာဏာကို ဖီဆန်တဲ့ clan တွေကိုလဲ အဲ့လို ခေါ်တယ်လို့ ဆိုပါတယ်။ ၁။ သမိုင်းထဲက Tsuchigumo Edo ခေတ်မှာ နာမည်ကြီးခဲ့တဲ့ သမိုင်းသုတေသီ Motoori Norinaga ရဲ့ အဆိုအရ tsuchigumo ဟာ ရှေးခေတ်ဂျပန်ပြည်မှာ ဥပဒေကို မလိုက်နာတဲ့သူတွေကို ခေါ်တယ်လို့ ဆိုပါတယ်။ ဘုရင်ရဲ့ အာဏာကို ဖီဆန်သူတွေ၊ သူပုန်တွေ၊ ဓားပြတွေ၊ ဘုရင်ကို အထွတ်အမြတ် မထားတဲ့ clan တွေကို tsuchigumo လို့ ခေါ်တတ်ပါတယ်တဲ့။ တစ်ချို့ကတော့ tsuchigumo ဆိုတာ "မြေကြီးထဲမှာ ပုန်းအောင်းနေသူ" လို့ အဓိပ္ပာယ်ရတဲ့ tsuchigomori (土隠) ကနေ ဆင်းသက်လာတယ်လို့ ဆိုကြပြီး သူပုန်တွေ၊ ဓားပြတွေဟာလဲ ဘုရင့် ဩဇာသက်ရောက်မှုနည်းတဲ့ တောတောင်တွေ၊ ဂူတွေထဲမှာ ပုန်းခိုတတ်တဲ့အတွက် သူတို့ကို အဲ့လို ခေါ်တယ်လို့ ဆိုပါတယ်။ သမိုင်းမှာတော့ tsuchigumo ဆိုတဲ့ ဝေါဟာရကို yokai အတွက်ပဲ အရင် သုံးခဲ့လေသလား၊ clan တွေကို ခေါ်ရာမှာပဲ သုံးခဲ့တာလားဆိုတာတော့ ဘယ်သူဘယ်ဝါမှ အတပ် မြေ