Posts

Showing posts from February, 2014

Bakuman

Image
ဒီ anime ရဲ့ manga ကို ရေးတဲ့ သူဟာ Death Note ကို ရေးခဲ့တဲ့ Tsugumi Ohba နဲ့ Takeshi Obata တို့ပဲ ဖြစ်ပါတယ်။ Death Note manga ရဲ့ အောင်မြင်မှု ရပြီး နောက်ပိုင်းမှာ fan တွေဟာ ဒီ mangaka နှစ်ယောက် ပေါင်းပြီး manga တစ်ခု လုပ်ကြအုံးမယ်လို့ မျှော်လင့်ထားပေမဲ့လဲ ဒီ manga ဟာ Death Note ဇာတ်လမ်းပုံစံ Thriller type ကို သွေဖယ်ပြီး ဒီလို ပုံစံ manga(Shounen, romance genre) မျိုး ရေးလိမ့်မယ်လို့ ထင်မထားခဲ့ကြပါဘူး။ ဇာတ်လမ်းကို ပြောရင်တော့ Mashiro Moritaka ဟာ ငယ်ငယ်ကတည်းက ပုံဆွဲတာ ဝါသနာပါခဲ့ပါတယ်။ သူ့ ဦးလေးဟာ mangaka တစ်ယောက်ဖြစ်တဲ့ အတွက် သူ့ဦးလေးကို ငယ်ငယ်တည်းက အားကျခဲ့သူလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဦးလေးဟာ manga ကို တအားဆွဲပြီး သေဆုံးခဲ့ပြီး နောက်မှာတော့ Mashiro ဟာ ရည်မှန်းချက်မရှိပဲ ဖြစ်နေခဲ့ပါတယ်။ နောက်တော့ သူနဲ့ အတန်းတူ ဖြစ်တဲ့ Takagi Akito ဟာ သူ ပုံဆွဲတာကို တွေ့ပြီး သူနဲ့ အတူ Mashiro ကို manga ရေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲ့ဒါနဲ့ သူတို့ နှစ်ယောက်ဟာ manga လောက ထဲကို ဝင်ရောက်လာပါတယ်။ နောက်ပြီး ဒါက romance genre လဲ ဖြစ်တဲ့ အတွက် တစ်ဖက်မှာတော့ Mashiro ကြိုက်နေတာကတော့ Azuki Miho ဖြစ်ပါတယ်။ Miho

Gintama

Image
Gintama က Samurai, Comedy, Parody genre အမျိုးအစားထဲမှာ ပါပါတယ်။ Samurai anime ဆိုပြီး ပုံမှန် Samurai anime တွေလို  ဂျပန် အလယ်ခေတ် သမိုင်းကြောင်းကိုပြ၊ အချင်းချင်းတိုက်တာ ခိုက်တာတွေကို စိတ်ဝင်စားအောင် ပြထားတယ်လို့ ထင်ရင် မှားသွားပါလိမ့်မယ်။ ဒီ anime မှာ ဂျပန်နိုင်ငံရဲ့ Edo ခေတ်နဲ့ ကမ္ဘာကြီးကို ဂြိုဟ်သားတွေ ကျူးကျော်လာတာကို ရောသမ မွှေပြီး ရိုက်ထားတာဖြစ်ပါတယ်။ ဒီ anime ရဲ့ အဓိက ဇာတ်ကောင်ကတော့ အရင် Samurai ဖြစ်ခဲ့တဲ့ သစ်သားဓားကိုသာ အမြဲကိုင်ထားတဲ့ Sakata Gintoki ပဲ ဖြစ်ပါတယ်။ Amento လို့ ခေါ်တဲ့ ဂြိုဟ်သားတွေ ကျူးကျော်လာပြီးနောက် လက်နက်အင်အား မမျှတာကြောင့် Bakufu (Shogun) အစိုးရက လက်နက်ချခဲ့ပြီး ဂျပန်မှာ Amento တွေ လွှမ်းမိုးနေတဲ့ အချိန်ဆိုလဲ မမှားပါဘူး။ အဲ့ အချိန်မှာ Sakata Gintoki ဟာ Yorozuya လို့ခေါ်တဲ့ အခကြေးငွေယူပြီး အလုပ်လုပ်ပေးတဲ့ အဖွဲ့လေးကို ဖွဲ့ထားပါတယ်။ အဲ့ အဖွဲ့မှာပါတာကတော့ Gintoki ရယ်၊ လူ အစား မျက်မှန်ကိုသာ ပို ဦးစားပေး ခံရတဲ့ Shinpachi ရယ်၊ တရုတ် မိန်းကလေး ပုံစံနဲ့ Kagura ရယ်တို့ အပြင် ခွေးလေး ဖြစ်တဲ့ Sadaharu တို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီ anime က parody လဲ ဖြစ်တဲ့ အတွက်