Posts

Showing posts from July, 2017

My Daoist Life (4)

ကျွန်တော့်ရဲ့တာအိုဝါဒီဘဝ ( My Daoist Life ) အခန်း(၄) ဆရာမ အသစ် ကျွန်တော်လုပ်လိုက်မိတဲ့ကိစ္စကြောင့် ကျွန်တော် ကျောင်းကနေ အထုတ်ခံရမတတ် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့်လည်း အဘိုးရဲ့စကားကြောင့် နောက်ဆုံးမှာ ကျောင်းအုပ်ကြီးက အလျှော့ပေးခဲ့ရတယ်။ အဲ့အချိန်တုန်းက ကျောင်းအုပ်ကြီး Han က ကျွန်တော့်ကို Ba Jiao မူလတန်းကျောင်းကထုတ်ဖို့စိတ်တင်းထားပြီးပြီလို့ပြောတယ်။ အဘိုးက သူ့ကိုတစ်ခွန်းပဲပြောလိုက်တယ်။ "ဒီရွာမှာ ကျုပ်မြေးက ဘယ်လိုလူဆိုတာ မသိတဲ့လူမရှိဘူး။ တစ်ခုခုဖြစ်တဲ့အချိန်မှ ခင်ဗျားနောင်တမရနဲ့" အဲ့အချိန်မှာ ကျောင်းအုပ်ကြီးက ကြက်သီးတွေထပြီး ကျွန်တော့်ကို အဲ့မူလတန်းကျောင်းမှာပဲ ဆက်နေခွင့်ပေးလိုက်တယ်။ ကျောင်းသားတွေကတော့ ဘာမှမဖြစ်ပါဘူး။ မမျှော်လင့်တာက ဆရာမ Gao Dao Ying ဟာ တစ်လတောင်မပြည့်သေးပဲ ခွင့်ယူသွားခဲ့တယ်။ အဲ့အချိန်ကစပြီး ဘာသာစကားအချိန်ဆိုရင် ကျောင်းအုပ်ကြီး Han ကိုယ်တိုင်လာသင်ပေးတယ်။ ကျောင်းအုပ်ကြီးက သူ့အချိန်အတွင်းမှာ ကျွန်တော် အခန်းထဲမှာနေချင်လည်းနေ၊ ထွက်ချင်လည်းထွက်ခွင့်ရှိတယ်လို့ပြောတယ်။ သူ့ရဲ့တစ်ခုတည်းသောတောင်းဆိုချက်ကတော့ စာသင်ခန်းအတွင်းမှာ ထူးဆန်းတဲ့အရာတွေ မဖြစ်ဖို့ပါပဲ

သုံးနိုင်ငံခေတ်(၆၀)

Image
အခန်း(၆၀) "ကျန်းစုန့်"(Zhang Song) မှ အခြေအနေကိုပြောင်းလဲနိုင်လိုက်ခြင်း။ "ဖန်ထုံ"(Pang Tong) မှ ရှူပြည်နယ်ကိုသိမ်းရန်အကြံပေးခြင်း။ ရှေ့တစ်ခန်းတွင် စကားပြောသူမှာ ယီကျိုး "ကျန်းစုန့်"(Zhang Song) ဖြစ်သည်။ သူ့တွင် မြင်းလှည်းမောင်းသူတို့ကိုအုပ်ချုပ်ရသောရာထူးသေးလေးရှိသည်။ သူသည် နာဖူးပြင်ကျယ်ပြီး ပေါက်တူးကဲ့သို့ငေါ်ထွက်နေသော နားထင်ရှိသော ချွန်သောခေါင်းရှိသောသူဖြစ်သည်။ နှာခေါင်းပြားပြီး သွားခေါ်လေ၏။ လူမှာ အရပ်ပုသော်လည်း ခေါင်းလောင်းကဲ့သို့သော ကြီးမားသည့်အသံကိုပိုင်ဆိုင်သူဖြစ်သည်။ နယ်စားမှ "ခင်ဗျားက ဒီအန္တရာယ်ကလွတ်မြောက်နိုင်တဲ့အကြံဆိုတာ ဘာကိုဆိုလိုတာလဲ" ဟုမေးသည်။ "ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ချောင်ချောင်း(Cao Cao) ရဲ့အကူအညီကိုယူသင့်တယ်။ သူက တစ်တိုင်းပြည်လုံးနီးပါးကိုရှင်းနိုင်ခဲ့ပြီလေ။ ပထမ လွီပု(Lu Bu) ကိုအနိုင်ယူခဲ့တယ်၊ နောက်တော့ ယွမ်တွေကိုတိုက်ပြီး လတ်တလောတုန်းက မာချောင်း(Ma Chao) ကိုအောင်နိုင်ခဲ့တယ်။ အချုံးပြောရရင်တော့ သူက ဘယ်သူမှမယှဉ်နိုင်တဲ့လူတစ်ယောက်ပဲ။ ဒါကြောင့် သခင်ကြီးက ကျွန်တော့်ကို လက်ဆောင်တွေနဲ့အတူမြို့တော်ကိုလွှတ်လို