Posts

Showing posts from October, 2016

သုံးနိုင်ငံခေတ်(၄၂)

Image
အခန်း(၄၂) လုံတောင်ကုန်းတံတားဝယ် "ကျန်းဖေး"(Zhang Fei) ၏ဟစ်အော်သံကြောင့် အောင်နိုင်ခဲ့ခြင်း။ စစ်ရှုံးသူ "လျူဘေ့"(Liu Bei) သည် ဟန်ကျင်းသို့သွားခြင်း။ "ကျုံးကျင့်"(Zhong Jin) သည် သူ၏ပုဆိန်ဖြင့် "ကျောက်ယွင်"(Zhao Yun) ကိုတိုက်မည်ပြုသည်။ သို့သော်လည်း "ကျောက်ယွင်"(Zhao Yun) မှ ပြန်တိုက်ရာ "ကျုံးကျင့်"(Zhong Jin) မြင်းပေါ်မှပြုတ်ကျသွားသည်။ "ကျုံးရှန်"(Zhong Shen) သည် "ကျောက်ယွင်"(Zhao Yun) ၏အနောက်မှ လိုက်ရာ အနီးသို့ရောက်သောအခါ "ကျောက်ယွင်"(Zhao Yun) သည် သူ၏သံချပ်ကာမှ အလင်းပြန်သောရန်သူ၏ပုံရိပ်ကိုမြင်လိုက်သည်။ ထိုအခါ "ကျောက်ယွင်"(Zhao Yun) သည် နောက်သို့လှည့်လိုက်ရာ မြင်းအချင်းချင်း ထိပ်တိုက်တွေ့လေသည်။ "ကျောက်ယွင်"(Zhao Yun) သည် ဘယ်ဘက်လက်တွင် လှံကိုကိုင်ကာ ရန်သူ၏တိုက်ကွက်ကိုခုခံပြီး ညာဘက်လက်ရှိ "အပြာရောင်ဓား" ဖြင့် ရန်သူကိုခုတ်လိုက်ရာ "ကျုံးရှန်"(Zhong Shen) ခေါင်းပြတ်ပြီး မြင်းပေါ်မှ ပြုတ်ကျသွားသည်။  "ကျုံးရှန်"(Zhong Shen) ၏ နောက်လိုက်တို့လည်း ထွက်ပြေးသ

Code Geass MM Sub

Image
Episode 1 Episode 2 Episode 3 Episode 4

သုံးနိုင်ငံခေတ်(၄၁)

Image
အခန်း(၄၁) "လျူဘေ့"(Liu Bei) သည် လူတို့ကို ဦးဆောင်ကာမြစ်ကိုဖြတ်ကူးခြင်း၊ "ကျောက်ယွင်"(Zhao Yun) သည် တန်းရန်တွင် သခင်လေးကိုကယ်တင်ခြင်း။ "ကျန်းဖေး"(Zhang Fei) သည် "ရွှီချူ"(Xu Chu) နှင့်တိုက်ခိုက်လေသည်။ သို့သော်လည်း မကြာမီပင် "ရွှီချူ"(Xu Chu) ထွက်ပြေးသွားသဖြင့် "ကျန်းဖေး"(Zhang Fei) သည် "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) ရှိရာသွားသည်။ ထိုသူသုံးဦးတို့သည် "မီဖန်"(Mi Fang) နှင့် "လျူဖုန်း"(Liu Feng) တို့ပြင်ဆင်ထားသောသင်္ဘောဖြင့် မြစ်ကိုဖြတ်ပြီးနောက် ဖန်ချန်သို့ချီတက်ကြသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် သင်္ဘောတို့ကို မီးရှို့ဖျက်စီးခဲ့စေသည်။ "ချောင်ရန်"(Cao Ren) သည် ရှင်းရဲ့တွင် စခန်းချပြီးနောက် "ချောင်ဟုန်"(Cao Hong) သည် "ချောင်ချောင်း"(Cao Cao) ထံသွားကာ စစ်ရှုံးနှိမ့်သည့်သတင်းကို တင်ပြသည်။ "ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ကာ "တော်တော်အတင့်ရဲတဲ့ ကျူးကဲလျန့်(Zhuge Liang) ပဲ" ဟုဆိုသည်။ ထို့နောက် ဖန်ချန်ကိုအဘက်

I Shall Seal the Heavens (Novel)

Image
ဒီဝတ္ထုကတော့ Er Gen ဆိုတဲ့စာရေးဆရာရေးခဲ့ပြီးတော့ xianxia အမျိုးအစားပါ။ Xianxia(仙俠) ဆိုတဲ့ စာလုံးမှာ xian(仙) က immortal လို့အဓိပ္ပာယ်ရပြီး xia(俠) ကတော့ သူရဲကောင်းလို့ အဓိပ္ပာယ်ရပါတယ်။ Xianxia အမျိုးအစားတွေမှာ တာအိုဝါဒတို့၊ ဗုဒ္ဓဝါဒတို့နဲ့ဆက်စပ်နေတတ်ပြီး စိတ်ကူးယဉ်ဆန်ဆန်ဇာတ်လမ်းမျိုးလို့တောင်ဆိုနိုင်ပါတယ်။ Xianxia ဝတ္ထုအများစုမှာ အဓိကဇာတ်လိုက်က Immortal လမ်းကိုလျှောက်ကြပြီး အဲ့လို immortal လမ်းပေါ်ရောက်အောင်ကြိုးစားတဲ့လူတွေကို cultivator လို့ခေါ်ပါတယ်။ ဒီဝတ္ထုကတော့ xianxia အမျိုးအစားတွေထဲက နာမည်အကြီးဆုံးဝတ္ထုတစ်ခုဖြစ်ပြီး အတွဲဆယ်တွဲနဲ့ အခန်းပေါင်း ၁၆၁၄ ခန်းရှိပါတယ်။ Zhao ဆိုတဲ့တိုင်းပြည်ငယ်လေးက Yunjie မြို့လေးမှာ Meng Hao ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။ သူဟာ နန်းတွင်းစာမေးပွဲတွေကို သုံးကြိမ်သုံးခါဖြေခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ တစ်ရက်မှာတော့ သူ့ကိုအစေခံအဖြစ်ခိုင်းစေဖို့အတွက် ဂိုဏ်းတစ်ခုကမိန်းကလေးတစ်ယောက်ရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။ အဲ့ဂိုဏ်းဟာ "Immortal" လမ်းစဉ်လိုက်ကြတဲ့ "cultivator" ဂိုဏ်းဖြစ်ပါတယ်။ သူတို့ဟာ အစေခံအဖြစ်ဖမ်းခေါ်လာတဲ့လူတွေကို ကျင့်စဉ်စာအုပ်ပေးပြီး အဲ့

Chuunibyou demo Koi ga Shitai! MM Sub

Image
Ep 1 Ep 2

သုံးနိုင်ငံခေတ်(၄၀)

Image
အခန်း(၄၀) ချိုက်အမျိုးသမီးသည် ကျင်ကျိုးကို လက်နက်ချစေခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) သည် ရှင်းရဲ့ကို မီးရှို့စေခြင်း။ "လျူဘေ့"(Liu Bei) သည် "ချောင်ချောင်း"(Cao Cao) အား မည်သို့တွန်းလှန်ရမည်ကို သူ၏အကြံပေးအားမေးရာ "ကျူးကဲလျန့်"(Zhuge Liang) မှ "ရှင်းရဲ့က မြို့ငယ်လေးဆိုတော့ ဒီမှာ ရေရှည်စခန်းချဖို့မသင့်တော်ဘူး။ လျူပြောင်း(Liu Biao) က နေမကောင်းဖြစ်ပြီး ကျန်းမာရေးဆိုးရွားနေပြီ။ ဒါကြောင့် သူ့ပြည်နယ်ကိုသိမ်းပြီးတော့ ချောင်ချောင်း(Cao Cao) ကို ခုခံဖို့လုပ်ရမယ်" ဟု ပြောသည်။ "ခင်ဗျားပြောတဲ့အကြံက ကောင်းပါတယ်။ ဒါပေမယ့် လျူပြောင်း(Liu Biao) က ကျုပ်ကိုကောင်းကောင်းဆက်ဆံခဲ့တာ သူ့အပေါ် အဲ့လိုဘယ်လုပ်နိုင်ပါ့မလဲ" "သခင်ကြီး ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးမချရင် နောင်တစ်ချိန်မှာ နောင်တရလိမ့်မယ်" "မကောင်းတာလုပ်တာထက် သေသွားတာက ပိုကောင်းတယ်" "နောက်မှပဲ ထပ်ဆွေးနွေးတာပေါ့" "ရှဟိုတွန်း"(Xiahou Dun) သည် မြို့တော်သို့ရောက်သော် သူ့ကိုယ်သူ ကြိုးချည်နှောင်ကာ သူ့သခင်ထံသွားပြီး သူ့အား သေဒဏ်ပေးရန်ပြောသည