Posts

Showing posts from July, 2016

သုံးနိုင်ငံခေတ်(၃၁)

Image
အခန်း(၃၁) "ချောင်ချောင်း"(Cao Cao) သည် ချန်းထင်တွင် "ယွမ်ရှောက်"(Yuan Shao) ကို အောင်နိုင်လိုက်ခြင်း။ "လျူဘေ့"(Liu Bei) သည် ကျင်ကျိုးရှိ "လျူပြောင်း"(Liu Biao) ထံ ခိုလှုံရခြင်း။ "ချောင်ချောင်း"(Cao Cao) သည် ထွက်ပြေးသွားသော "ယွမ်ရှောက်"(Yuan Shao) ကို အခွင့်ကောင်းယူကာ လိုက်တိုက်လေသည်။ "ယွမ်ရှောက်"(Yuan Shao) သည် ခမောက်မရှိ၊ အဝတ်အစားမသပ်မရပ်ဖြင့် နောက်လိုက်အနည်းငယ်နှင့်အတူ ထွက်ပြေးရာ လီရန်၏မြောက်ဘက်နားသို့ရောက်လေသည်။ ထိုနေရာတွင် သူ့၏စစ်သူကြီးတစ်ဦးဖြစ်သော "ကျန်းရီချွီ"(Jiang Yiqu) နှင့်တွေ့ရာ အဖြစ်အပျက်တို့ကိုကြားပြီးနောက် ထိုစစ်သူကြီးသည် တစ်ကွဲတစ်ပြားဖြစ်နေသော စစ်သားတို့ကိုစုစည်းစေသည်။ ခေါင်းဆောင်မသေသေးဟူသော သတင်းကိုကြားသည့်စစ်သားတို့သည် ပုရွက်ဆိတ်တို့ပမာ တဖွဲဖွဲရောက်လာကြသည်။ မကြာမီပင် "ယွမ်ရှောက်"(Yuan Shao) တွင် ကျိကျိုးသို့ချီတက်နိုင်လောက်သည့်တပ်အင်အားရှိလာသည်။ ထိုစစ်တပ်ကြီးသည် စစ်ချီတက်ပြီး ဟွမ်တောင်ကုန်းတွင် စခန်းချထားလေသည်။ ထိုညတွင် "ယွမ်ရှောက်"(Yuan Shao) သည် နောင်တရသည့်လေသြံ

သုံးနိုင်ငံခေတ်(၃၀)

Image
အခန်း (၃၀) “ယွမ်ရှောက်”(Yuan Shao) သည် အကြံဉာဏ်များကို လျစ်လျူရှုသဖြင့် ခေါင်းဆောင်များနှင့် ရိက္ခာများကို ဆုံးရှုံးရခြင်း ၊ “ချောင်ချောင်း”(Cao Cao) သည် ဗျူဟာသုံး၍ ကျိကျိုး တွင် အောင်မြင်ခြင်း။ “ယွမ်ရှောက်”(Yuan Shao) က ကျိကျိုး ကိုတိုက်ရန် အဆောတလျင်ပြင်ဆင်နေသည်ကို ကြားသော် “ရှဟိုတွန်း”(Xiahou Dun) သည် မြို့တော်သို့ စာရေးပြီး စစ်ကူတောင်းသည်။ “ချောင်ချောင်း”(Cao Cao) က စစ်သည် ၇ သောင်းကို ဦးဆောင်ကာ ချီတက်သည်။ မြို့တော်ကို ကာကွယ်ရန် “ရွှင်ယွီ”(Xun Yu) ကို ထားခဲ့သည်။ “ယွမ်ရှောက်”(Yuan Shao) စစ်တပ်စတင်ချီတက်စဉ်မှာပင် “တျန်းဖုန်း”(Tian Feng) သည် အကျဉ်းကျနေရာမှ “အရှင် ၊ တပ်လုံးကျွတ် လျင်လျင်မြန်မြန်တိုက်တာက ငါတို့တပ်တွေကို ကပ်ဆိုက်စေလိမ့်မယ်။ အခုချိန်က ကောင်းကင်က သတ်မှတ်ပေးတာကို စောင့်ဆိုင်းဖို့ အသင့်ဆုံးပါပဲ။ ” ဟုဆိုကာ စစ်ချီခြင်းကို ပြင်းထန်စွာ ကန့်ကွက်လေသည်။ "ဖုန်းကျီ"(Peng Ji)က “ဘာလို့ ဒီ “တျန်းဖုန်း”(Tian Feng) က နိမိတ်မကောင်းတဲ့စကားတွေပြောနေရတာလဲ။ အရှင်က လူသားဆန်မှုနဲ့ တရားမျှတမှုအတွက် စစ်တိုက်နေတာ။ ” ဟု ဆိုလေသည်။ “ယွမ်ရှောက်”(Yuan Shao) သည် ဒေါသထွက်ကာ “တျန်းဖုန်း