Posts

Showing posts from February, 2015

Madan no Ou to Vanadis

Image
Madan no Ou to Vanadis (King of the Magic Arrow and the Vanadis) ဒီ anime ကိုတော့  Tsukasa Kawaguchi ဟာ 2011 April မှာ Light Novel အနေနဲ့ စတင်ရေးသားခဲ့တာ ဖြစ်ပြီး volume ကိုးခုအထိ ထွက်ထားပါတယ်။ 2011 October လမှာတော့ Nobuhiko Yanai ဟာ manga အနေနဲ့ စတင်ရေးဆွဲခဲ့ပြီး 2014 မှသာ anime အနေနဲ့ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ အပိုင်း 13 ပိုင်းသာ ရှိပြီး Genre ကတော့ Fantasy, Adventure, Ecchi, Harem genre ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဥရောပတိုက် အလယ်ခေတ်ရဲ့ စစ်ပွဲကာလကို အခြေခံထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ဇာတ်လိုက် ဖြစ်တဲ့ Tigre ဟာ ဘုရင်ရဲ့ အမိန့်ကြောင့် တိုက်ပွဲတစ်ခုမှာ စစ်ထွက်တိုက်ခဲ့ရပြီး စစ်ရှုံးသွားပြီးနောက် ရန်သူရဲ့ သုံ့ပန်းအဖြစ်နဲ့ အဖမ်းခံခဲ့ရပါတယ်။ ရန်သူရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Eleonora Viltaria ဟာ Tigre ရဲ့ မြှားပစ်စွမ်းရည်ကို သဘောကျသွားခဲ့ပြီး Tigre ကို သူတို့တိုင်းပြည်မှာ အမှုထမ်းဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် Tigre ဟာ ငြင်းခဲ့ပါတယ်။ အဲ့နောက်မှာတော့ Tigre ဟာ အကြောင်းအမျိုးမျိုးကြောင့် Eleonora Viltaria ရဲ့ စစ်တပ်ကို ငှားရမ်းခဲ့ပြီး Tigre ရဲ့ ရန်သူတွေနဲ့ ရင်ဆိုင်တဲ့ တိုက်ပွဲတွေ စခဲ့ပါတယ

Eiichiro Oda

Image
One Piece ရဲ့ mangaka အဖြစ် လူသိများတဲ့ Eiichiro Oda ဟာ January 1, 1975 မှာ ဂျပန်နိုင်ငံ Kumamoto မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ ဇနီး နာမည်ကတော့ Chiaki Inaba ဖြစ်ပါတယ်။ ငယ်ဘဝ Oda ဟာ ငယ်စဉ်ကတည်းက ပင်လယ်ဓားပြ Vikings တွေကို ကြိုက်နှစ်သက်ခဲ့ပြီး manga ရေးဆွဲမယ့် Mangaka တစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒလဲ ရှိခဲ့ပါတယ်။ သူဟာ Yudetamago ရဲ့ အကျော်ကြားဆုံး နပန်း manga ဖြစ်တဲ့ Kinnikuman အတွက် Pandaman ဆိုတဲ့ ဇာတ်ကောင်ကို ရေးဆွဲပြီး ပေးပို့ခဲ့ဖူးပါတယ်။ အဲ့ Pandaman ဇာတ်ကောင်ကို သူ့ရဲ့ One Piece manga ထဲမှာ တစ်ခါတစ်ရံ ထည့်သုံးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Easter Egg ပုံတွေ၊ ပန်ဒါပုံတွေကို သူ့ manga ထဲမှာ ထည့်သုံးတယ်လို့ လူသိများပါတယ်။ ဒါ့အပြင် Oda ဟာ Dr. Slump နဲ့ Dragon Ball တို့ကို ဖန်တီးခဲ့တဲ့ mangaka ဖြစ်တဲ့  Akira Toriyama ကို လေးစားခဲ့သူ တစ်ဦးဖြစ်ပါတယ်။ Oda ဟာ ငယ်ငယ်က ဘောလုံးကန်တာကို ဝါသနာပါပြီး ကျောင်းမှာ သူ့သူငယ်ချင်းတွေက သူ့ကို Odacchi ဆိုပြီး နာမည်ပြောင် ပေးထားကြပါတယ်။ One Piece ရဲ့ သုံးခုမြောက် movie ဖြစ်တဲ့ "Chopper's Kingdom on the Island of Strange An

Gokusen

Image
ဒီဟာကတော့ ဟိုးအရင် ငယ်ငယ်လေးထဲက ဆရာမလုပ်ချင်တဲ့ Yamaguchi Kumiko အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ Manga နဲ့ anime အပြင် live action သုံးခုနဲ့ movie တစ်ခုရှိတဲ့ အင်မတန် နာမည်ကြီးခဲ့တဲ့ "school-life" J-drama တွေထဲက တစ်ခုဖြစ်ပါတယ်။ ရုတ်တရတ်ကြည့်လိုက်မယ်ဆိုရင် ဒီဟာက သူ့အရင်ဖြစ်တဲ့ GTO (Great Teacher Onizuka) ကို တုပြီး Female version လုပ်တယ်လို့ ထင်နိုင်ပေမယ့် ဒါက စိတ်ဝင်စားဖို့ ကောင်းတဲ့အပြင် သူ့ဟာနဲ့ သူလဲ စွဲဆောင်မှုရှိပါတယ်။ ဒီဟာရဲ့ ဇာတ်လမ်းအကျဉ်းကတော့ Yamaguchi Kumiko ဟာ Yakuza Boss ရဲ့ တစ်ဦးတည်းသောမြေးဖြစ်ပြီး Yakuza အရိုက်အရာကို ဆက်ခံရမယ့်သူဆိုလဲ မမှားပါဘူး။ ဒါပေမယ့် သူဟာ ဆရာမလုပ်ချင်လွန်းတဲ့ အတွက် သူ့ရဲ့ Yakuza နောက်ကြောင်းကို လျှို့ဝှက်ပြီး ကျောင်းတစ်ကျောင်းမှာ ဆရာမလုပ်ရာကနေစပါတယ်။ သူ အတန်းပိုင်အဖြစ် ကိုင်ရတဲ့ အတန်းဟာလဲ အရမ်းဆိုးတဲ့ ကျောင်းသားတွေသာရှိတဲ့ အတန်းဖြစ်ပါတယ်။ အဲ့မှာ ကျောင်းသားတွေကို သူနဲ့ရင်းနှီးလာအောင်၊ ပြောင်းလဲလာအောင် ဘယ်လို ပြုပြင်မလဲဆိုတာကို ဟာသနဲ့ နှောပြီး ပြထားတာကို တွေ့ရပါလိမ့်မယ်။ သူ့ကို ကျောင်းသားတွေက Yankumi ဆိုပြီး nickname ပေးထားပါတယ်...... ေ