Posts

Showing posts from March, 2016

သုံးနိုင်ငံခေတ်(၈)

Image
အခန်း(၈) ဝမ်ယွင်(Wang Yun) ၏ မဟာစီမံကိန်း "ခွိုင်လျန်"(Kuai Liang) ပြောသည်မှာ  ဤသို့ဖြစ်သည်။ "အခု စွန်းကျန့်(Sun Jian) က သေသွားခဲ့ပြီ။ သူ့သားတွေကလည်း ငယ်ငယ်လေးတွေရှိသေးတယ်။ ဒီအခွင့်အရေးကို အသုံးချပြီးတော့ ချန်ဆားကို ဝင်တိုက်သင့်တယ်။ အခုအချိန်မှာ အလောင်းကို ပြန်ပေးပြီး ငြိမ်းချမ်းရေးယူလိုက်ရင် ရန်သူကို အင်အားကြီးအောင် အချိန်ပေးလိုက်သလိုပဲ။ နောင်အချိန်မှာ အဲ့ရန်သူက ကျင်ကျိုးကို ပြန်လာတိုက်လိမ့်မယ်" "ငါက ဘာလို့ ဟွမ်ကျူ(Huang Zu) ကို လက်လွတ်ခံရမှာတုန်း" "ပြည်နယ်တစ်ခုရဖို့အတွက် စစ်ရှုံးပြီး သုံ့ပန်းဖြစ်သွားတဲ့ စစ်သူကြီးကို လက်လွတ်ခံလိုက်ပါလား" "ဒါပေမယ့် သူက ငါ့အတွက် ခင်မင်ရင်းနှီးရတဲ့သူငယ်ချင်း မိတ်ဆွေလေ၊ အဲ့လိုလုပ်တာ မှားတယ်" သို့နှင့်ပင် "စွန်းကျန့်"(Sun Jian) ၏အလောင်းကို တစ်ဖက်သို့ ပြန်ပို့ပေးခဲ့ပြီး နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးယူခဲ့လေသည်။ "စွန်းကျန့်"(Sun Jian) ကို ချွဲ့မြေပြန့်တွင် မြှုပ်နှံခဲ့သည်။ ဈာပနအခမ်းအနားပြီးသော် "စွန်းချဲ့"(Sun Ce) သည် စစ်တပ်ကို ဦးဆောင်ကာ အိမ်သို့ ပြန်လေသည်။ "

Kuroko no Basket

Image
Genre - Sports, Shounen, Comedy, School Episodes - 75 (3 Seasons) Kuroko no Basket manga ကို Tadatoshi Fujimaki က ရေးသားခဲ့ပြီး 2008 ကနေ 2014 အထိ အပတ်စဉ် Shounen Jump မဂ္ဂဇင်းမှာ ပါဝင်ခဲ့ပါတယ်။ 2012 မှာ anime အနေနဲ့ စတင်ထွက်ရှိခဲ့ပါတယ်။ Manga မှာ ပါတဲ့ Kuroko's Basketball: Extra Game ဆိုတဲ့ အပိုင်းကိုတော့ 2017 မှာ movie အနေနဲ့ ပြမယ်လို့ ဆိုပါတယ်။ Teikou အလယ်တန်းကျောင်းဟာ basketball မှာ နာမည်ကြီးခဲ့ပြီးတော့ အဲ့အသင်းက အမြဲကစားတဲ့ ကျောင်းသားတွေကို "Generation of Miracles" လို့တောင် တင်စားပြီးခေါ်ကြပါတယ်။ အဲ့ကျောင်းသားတွေက အလယ်တန်းပြီးတော့ အထက်တန်းကျောင်းအသီးကို သွားကြပါတယ်။ ဒါပေမယ့် "Generation of Miracles" ထဲမှာ လူမသိသူမသိ ကစားသမားတစ်ဦးရှိနေခဲ့ပါတယ်။ အဲ့ကျောင်းသားကတော့ Kuroko ဖြစ်ပြီး သူဟာ Seirin အထက်တန်းကျောင်းကို ပြောင်းခဲ့ပါတယ်။ အဲ့ကျောင်းမှာ Kuroko ဟာ basketball မှာ ပါရမီပါတယ်လို့ဆိုနိုင်တဲ့ Kagami Taiga နဲ့တွေ့ခဲ့ပြီးတော့ သူတို့နှစ်ဦးနဲ့ အခြား Seirin က အဖွဲ့ဝင်တွေဟာ တစ်နိုင်ငံလုံးအထက်တန်းအဆင့်ပထမဆိုတာကို ရဖို့အတွက် ကျိုးစားကြပါတယ်။ Kuroko no Basket က

Ano Hana - The Flower We Saw That Day

Image
Anohana ဟာ အပိုင်းဆယ့်တစ်ပိုင်းရှိတဲ့ anime အနေနဲ့ 2011 မှာ ထွက်ရှိခဲ့ပြီး 2012 မှာ manga ထွက်ခဲ့ပါတယ်။ ဒါ့အပြင် anime ရုပ်ရှင်အနေနဲ့လည်း ထွက်ခဲ့ပြီး ဝတ္ထုလည်း ထွက်ခဲ့ပါသေးတယ်။ 2013 မှာတော့ PSP မှာ visual novel game အနေနဲ့ ထွက်ရှိခဲ့ပါတယ်။ 2015 မှာတော့ live-action ပါ ထပ်ထွက်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ မူလတန်းအရွယ် သူငယ်ချင်းခြောက်ဦးဟာ  အမြဲတမ်းအတူတူ၊ တသွားသွားတလာလာရှိခဲ့ကြပြီး သူတို့ထဲက တစ်ယောက်ဖြစ်တဲ့ Menma သေဆုံးပြီးနောက်ပိုင်းမှာတော့ သူငယ်ချင်းတွေဟာ အဆက်အသွယ်မလုပ်ကြတော့ပဲ ကွဲကွာသွားကြပါတယ်။ သူတို့ထဲက ခေါင်းဆောင်ဖြစ်တဲ့ Jinta ဟာ အပြင်လောကနဲ့လည်း မဆက်ဆံ၊ အထက်တန်းကျောင်းလည်း မသွားတော့ပဲ အိမ်တွင်းပုန်းဖြစ်နေခဲ့တယ်။ နွေရာသီရဲ့ ရက်တစ်ရက်မှာတော့ သူဟာ Menma ရဲ့ ဝိညာဉ်ကို မြင်ခဲ့တယ်။ ဝိညာဉ်က ငယ်ငယ်ကပုံစံမဟုတ်ပဲ သူတို့အသက်ကြီးသလိုပဲ ကြီးသွားတဲ့ ဝိညာဉ်ပဲဖြစ်ပါတယ်။ Menma ဟာ ဆန္ဒတစ်ခုရှိခဲ့ပြီး အဲ့ဆန္ဒကို ဖြည့်ဆည်းနိုင်မှသာ နောက်ဘဝကို ကူးပြောင်းနိုင်မယ်လို့ ဆိုပါတယ်။  စစချင်းကတော့ Jinta က Menma ကို မြင်တာဟာ သူ့စိတ်စွဲလို့ လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တကယ်မြင်တာဖြစ်မှန်းသိသွားပါတယ်။ ဒီလိုန

သုံးနိုင်ငံခေတ်(၇)

Image
အခန်း(၇) ယွမ်ရှောက်(Yuan Shao) နှင့် ကုန်းစွန်းကျန့်(Gongsun Zan) တို့ စစ်ဖြစ်ခြင်း။ စွန်းကျန့်(Sun Jian) သည် လျူပြောင်း(Liu Biao) ကို တိုက်ခြင်း။ "စွန်းကျန့်"(Sun Jian) သည် အိမ်ပြန်ရာလမ်းဝယ် ရန်သူတို့၏ ဝန်းရံခြင်းခံခဲ့ရသည်ကို ရှေ့တစ်ခန်းတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ "စွန်းကျန့်"(Sun Jian) သည် စစ်သားထက်ဝက်ခန့်ဆုံးရှုံးခဲ့သော်လည်း စစ်သူကြီးများဖြစ်သော "ချန်ဖူ"(Cheng Pu)၊ "ဟွမ်ကိုင်"(Huang Gai) နှင့် "ဟန်တန်"(Han Dang) တို့၏ အကူအညီဖြင့် လွတ်မြောက်လာခဲ့သည်။ သို့နှင့် "စွန်းကျန့်"(Sun Jian) သည် ရန်စီမြစ်ကြီး၏ အရှေ့တောင်ဘက်တွင်ရှိသော သူ၏မြို့ဖြစ်သည့် ချန်ဆားသို့ ပြန်ရောက်သွားသည်။ ထိုအချိန်မှစကာ "စွန်းကျန့်"(Sun Jian) နှင့် "လျူပြောင်း"(Liu Biao) တို့သည် ပေါ်ပေါ်ထင်ထင်ပင် ရန်သူများ ဖြစ်ခဲ့ကြ၏။ "ယွမ်ရှောက်"(Yuan Shao) သည် ဟဲနေတွင် ရှိနေခဲ့၏။ သူ့စစ်သားတို့အတွက် အစားအစာလိုအပ်သဖြင့် ကျိကျိုးနယ်စား "ဟန်ဖူ"(Han Fu) ထံမှ ချေးငှားလေသည်။ ထိုအခါ "ယွမ်ရှောက်"(Yuan Shao) ၏ အကြံပေးဖြစ်သော &quo

သုံးနိုင်ငံခေတ်(၆)

Image
အခန်း(၆) မြို့တော်ကို မီးရှို့ခြင်း။ "စွန်းကျန့်"(Sun Jian) ၏ သစ္စာပျက်ပြားခြင်း "ကျန်းဖေး"(Zhang Fei) သည် ရန်သူ့နောက်သို့ တရကြမ်းလိုက်သွားသော်လည်း ရန်သူ့ခံတပ်နားအရောက်တွင် ရန်သူတို့က အပေါ်မှ မြားဖြင့်ပစ်ခြင်း၊ ကျောက်တုံးတို့တွန်းချခြင်းတို့ ကြောင့် ခံတပ်ကို မထိုးဖောက်နိုင်ပဲ ပြန်လှည့်ခဲ့ရသည်။ ခေါင်းဆောင်ရှစ်ဦးတို့သည် စခန်းသို့ပြန်ရောက်ကြသောအခါ ညီနောင်သုံးဦးတို့၏ စွမ်းဆောင်မှုကို ဂုဏ်ပြုကြ၏။ ထို့နောက် စစ်ပွဲအောင်မြင်မှုသတင်းကို "ယွမ်ရှောက်"(Yuan Shao) ထံ သတင်းပို့လိုက်ရာ "ယွမ်ရှောက်"(Yuan Shao) က "စွန်းကျန့်"(Sun Jian) အား ချက်ချင်းပင် စစ်ချီစေသည်။ ထိုအခါ "စွန်းကျန့်"(Sun Jian) သည် "ချန်ဖူ"(Cheng Fu) နှင့် "ဟွမ်ကိုင်"(Huang Gai) တို့နှင့်အတူ "ယွမ်စု"(Yuan Shu) ၏ စစ်စခန်းသို့သွားလေသည်။ ထိုသို့ရောက်သော် "စွန်းကျန့်"(Sun Jian) သည် တုတ်ဖြင့် မြေကြီးကို ထုလိုက်ကာ "တုန်ကျိုး(Dong Zhuo) နဲ့ ကျုပ်နဲ့က ဘာကိုယ်ရေးကိုယ်တာရန်ညှိုးမှ မရှိခဲ့ဘူး။ ဒါတောင် ကျုပ်က အသက်ကို စွန့်ပြီး စစ်တိုက်ရတာ၊