Posts

Showing posts from July, 2014

Sarutobi Hiruzen

Image
Sarutobi Hiruzen ဟာ Konohagakure ရဲ့ သုံးယောက်မြောက် Hokage ဖြစ်ပါတယ်။ 1st Hokage နဲ့ 2nd Hokage တို့ရဲ့ ပညာတွေကို ရထားတဲ့ သူဖြစ်ပါတယ်။ သူက အစွမ်းထက်တဲ့ ninja တစ်ဦးဖြစ်ပြီး Sage of Six Paths နဲ့ Hashirama တို့လို "Shinobi တွေရဲ့ နတ်ဘုရား" God of Shinobi - 忍の神, Shinobi no Kami ဆိုပြီး တင်စား ခေါ်ဝေါ်ခံရသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Hokage တွေထဲမှာ သက်တမ်းအရှည်ဆုံး နေခဲ့တဲ့ Hokage ပါ။ Background Sarutobi clan က Sarutobi Sasuke ရဲ့ သားဖြစ်ပြီး ငယ်ငယ်ကထဲက Ninja Skills တွေမှာ ပါရမီရှိသူ ဆိုပြီး အသိအမှတ်ပြု ခံထားရပါတယ်။ Danzō Shimura နဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ပြီး Danzo ကတော့ သူ့ကို ပြိုင်ဘက်ဆိုပြီး သဘော ထားခဲ့ပါတယ်။ First Shinobi War မှာ 2nd Hokage ဖြစ်တဲ့ Tobirama သေဆုံးခဲ့ပြီး သူ မသေခင်မှာ Hiruzen ကို Hokage ရာထူး လွှဲခဲ့ပါတယ်။ Second Shinobi War မတိုင်ခင်မှာ Hiruzen ဟာ Sannin 3 ယောက် ဖြစ်တဲ့ Jiraiya ၊ Orochimaru နဲ့ Tsunade တို့ရဲ့ ဆရာ ဖြစ်လာပါတယ်။ နှစ်ပေါင်းများစွာ Hokage ရာထူးနဲ့ အုပ်ချုပ်ပြီးနောက် Third Shinobi War အပြီးမှာ Iwagakure နဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်

Lelouch vi Britannia

Image
Lelouch vi Britannia ကတော့ Code Geass ထဲက အဓိက ဇာတ်ကောင် တစ်ဖြစ်လဲ လူဆိုးဇာတ်ကောင်လဲ ဖြစ်ပါတယ်။ သူဟာ  Holy Britannian Empire ရဲ့ 11 ယောက်မြောက် မင်းသား ဖြစ်ပြီး Britannia ဧကရာဇ် Charles zi Britannia လဲ ဖြစ်ပါတယ်။ Lelouch ဟာ C.C နဲ့ တွေ့ပြီးနောက်မှာ Geass အစွမ်းကို ရခဲ့ပါတယ်။ အဲ့နောက်မှာတော့ သူဟာ Zero ဆိုတဲ့ နာမည်နဲ့ Britannia ကို တော်လှန်တဲ့  Black Knights ဆိုတဲ့ အဖွဲ့ရဲ့  ခေါင်းဆောင် ဖြစ်လာပါတယ်။ Personality Lelouch ဟာ တည်ငြိမ်ပြီး နည်းနည်း မောက်မာတတ်တဲ့ ဉာဏ်ကောင်းတဲ့ character ဖြစ်ပါတယ်။ သူဟာ ကျောင်းမှာတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ သူတစ်ယောက်လို နေပါတယ်။ အဲ့ဒါဟာ သူ့ရဲ့ ဗီဇကို ဖုံးထားတဲ့ မျက်နာဖုံး တစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ Zero အနေနဲ့ Black Knights ကို ခေါင်းဆောင်တဲ့ အချိန်တွေမှာ ဆိုရင် အင်မတန် သွေးအေးပြီး သူ့ပန်းတိုင်အတွက်သာ ဆိုရင် ဘယ်သူ့ကိုပဲ စတေးရ ရ, ဂရုမစိုက်တဲ့လူပဲ ဖြစ်ပါတယ်။ သူ့ကို တခြားသူတွေက တကိုယ်ကောင်းဆန်တယ် ဆိုပြီး ဝေဖန်တာ မကြာခဏ ခံရပါတယ်။ ဒါပေမဲ့လဲ သူဟာ တစ်ချို့သူတွေ အပေါ်မှာတော့ ကောင်းခဲ့ပါတယ်။ သူ့ညီမ Nunnally အတွက်တော့

Kingdom

Image
ဒီ anime ကတော့ season 2 ခု ထွက်ထားပြီး စုစုပေါင်း 77 episodes ရှိပါတယ်။ တရုတ်နိုင်ငံ Warring States Period ကို နောက်ခံထားတာ ဖြစ်ပြီး genre က တော့ Historical ၊ Shounen genre ဖြစ်ပါတယ်။ Story ဇာတ်လမ်းကတော့ Qin ပြည်နယ်ရဲ့ နယ်စွန်နယ်ဖျား ရွာလေးတစ်ရွာမှာ Hyou နဲ့ Xin ဆိုတဲ့ ကျွန် နှစ်ယောက်ဟာ သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်။ သူတို့အိပ်မက် ဟာ စစ်သူကြီး ဖြစ်ဖို့ ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ နန်းတွင်းက အမတ်တစ်ယောက်ဟာ Hyou ကို နန်းတော်ထဲမှာ အမှုထမ်းဖို့ဆိုပြီး ခေါ်သွားပါတယ်။ အဲ့နောက် Hyou နဲ့ Xin ဟာ မတွေ့ဖြစ်ကြပဲ ကာလ အတန်ကြာပြီးနောက်မှာ Hyou က ဒဏ်ရာတွေနဲ့ ရွာကို ပြန်ရောက်လာပါတယ်။ Hyou က အဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီးနောက် Xin ဟာ Hyou ကို နန်းတော်ထဲ ခေါ်သွားခဲ့တဲ့ အကြောင်း အရင်းကို သိသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ Xin ဘာဆက်လုပ်မလဲ ဆိုတာတော့............ Art art ကတော့ တခြား anime တွေနဲ့ ယှဉ်ရင် သိပ်မကောင်းဘူးလို့ ထင်မိပါတယ်၊ နောက်ထွက်မဲ့ ဟာတွေမှာ တော့ art ပိုကောင်းဖို့ မျှော်လင့်ပါတယ်။ Sound အဲ့ဒါလဲ မဆိုးပါဘူး။ Main Character ဖြစ်တဲ့ Xin ရဲ့ Seiyuu ဟာ Bleach ထဲက Ichigo ရဲ့ seiyuu ပဲလို့ ဆိုပါတယ

Warring States Period & Qin Dynasty

Image
တရုတ်နိုင်ငံ ကျိုးမင်းဆက် (Zhou Dynasty) (1045-256 BC) တည်ထောင်ပြီး နှစ် 300 အကြာ၊ 771 BC လောက်မှာ ကျိုးမင်းဆက် ဘုရင်ရဲ့ အာဏာဟာ ယုတ်လျော့လာပြီး နယ်စားတွေရဲ့ အရှိန်အဝါဟာ ပိုကြီးလာခဲ့ပါတယ်။ နောက်ပိုင်း 475 BC လောက်မှာတော့ ကျိုးမင်းဆက် ရဲ့ ဘုရင်ဟာ ရုပ်သေးဘုရင်သာ ဖြစ်ခဲ့ပြီး နိုင်ငံ အတွင်းမှာ အဓိက အင်အား ခုနှစ်ပြည်နယ် ကွဲသွားခဲ့ပါတယ်။ အဲ့ခေတ်ကိုတော့ စစ်ပွဲခေတ် (Warring States period - 战国时代 Zhànguó Shídài) လို့ ခေါ်ပြီး 221 BC အထိ ကြာမြင့်ခဲ့ပါတယ်။ အဲ့ ပြည်နယ် 7 ခုကတော့ Yan ၊ Qi ၊ Wei ၊ Zhao ၊ Han ၊ Chu နဲ့ Qin တို့ပဲ ဖြစ်ပါတယ်။ အဲ့ ပြည်နယ်တွေထဲက Qin ဟာ အင်အားကြီးလာပြီး နောက်ပိုင်းမှာတော့ နည်းဗျူဟာ သုံးဆယ့်ခြောက်မျိုး ( Thirty-Six Stratagems ) ထဲက တစ်ခုဖြစ်တဲ့ "အဝေးက သူကို မဟာမိတ်ဖွဲ့၊ အနီးကို တိုက်"("allying with distant states and attacking nearby ones") ဆိုတဲ့ နည်းဗျူဟာနဲ့ တစ်နိုင်ငံလုံးကို သိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ Qin ပြည်နယ်၏ ဘုရင် ငါးပါး 1. King Zhaoxiang (306–251 BC) သူဟာ Zhao ဘုရင် King Wuling ရဲ့ အကူအညီနဲ့ နန်းတက်ခဲ့ပြီး သူ့လက်ထက်မှာ Qin ပြည်နယ်ဟ