Posts

Showing posts from August, 2016

သုံးနိုင်ငံခေတ်(၃၅)

Image
အခန်း(၃၅) "လျူဘေ့"(Liu Bei) သည် နန်ကျန်းတွင် ပြင်ပလောကနှင့်အဆက်အသွယ်ဖြတ်ထားသောသူနှင့်တွေ့ဆုံခြင်း။ "ရှန်ဖူ"(Shan Fu) သည် ရှင်းရဲ့တွင် အရှင်သခင်နှင့်တွေ့ခြင်း။ “ချိုက်မောက်”(Cai Mao)သည် မြို့ထဲသို့ပြန်ဝင်ခါနီးတွင် "ကျောက်ယွင်"(Zhao Yun) နှင့်စစ်သည်သုံးရာတို့သည် မြို့ထဲမှထွက်လာသည်ကိုတွေ့လိုက်သည်။ စားသောက်ပွဲတွင် သူ၏သခင်ပျောက်နေသည့်အပြင် စစ်သားအချို့တို့အပြင်ထွက်သွားသည်ကိုမြင်လိုက်သည့် "ကျောက်ယွင်"(Zhao Yun) သည် စိတ်ပူပြီးထွက်လာခြင်းဖြစ်သည်။ “ချိုက်မောက်”(Cai Mao)နှင့်မြို့အနီးတွင် တွေ့သော် "ကျောက်ယွင်"(Zhao Yun)  မှ "ကျုပ်သခင် ဘယ်မှာလဲ" ဟု မေးသည်။ “ချိုက်မောက်”(Cai Mao): "သူ စားသောက်ပွဲကနေရုတ်တရတ်ထွက်သွားတယ်၊ ဘယ်သွားလည်းတော့မသိဘူး" ထိုအခါ "ကျောက်ယွင်"(Zhao Yun) သည် အလျင်စလိုမပြုမူသည်နှင့် "လျူဘေ့"(Liu Bei) ထွက်သွားသောအရပ်သို့သွားရာ တံတားမရှိ၊ ဖြတ်သန်းစရာကုန်းမြေမရှိသောမြစ်ကိုတွေ့လိုက်သည်။ သို့နှင့် နောက်ပြန်လှည့်လာပြီး “ချိုက်မောက်”(Cai Mao)အား "ခင်ဗျား ကျုပ်သခင်ကို ဘာလုပ်လိုက်လဲ&

သုံးနိုင်ငံခေတ်(၃၄)

Image
အခန်း(၃၄) ကန့်လန့်ကာနောက်ကွယ်မှ ချိုက်အမျိုးသမီးက လျှို့ဝှက်ချက်ကို ကြားသိခြင်း၊ တဲ့လူ(Dilu)မြင်းက ထန်(Tan) ရေစီးကြောင်းကို ဖြတ်၍ သူ၏သခင်ကို သယ်ဆောင်သွားခြင်း။ ထိုရွှေရောင်အလင်းရောင်ထွက်နေသောနေရာကို တူးကြရာ ကြေးညိုငှက်ရုပ်ကို တွေ့လေသည်။ “ချောင်ချောင်း”(Cao Cao) က သူ၏အဖော်ကို အဓိပ္ပာယ်ပြန်ခိုင်းရာ “ရွှင်ယို”(Xun You) က “ရွှန်း (Shun) မင်းမြတ် မမွေးခင်က သူ့မယ်တော်က ကျောက်စိမ်းငှက်ကို အိပ်မက်မက်တယ်ဆိုတာကို အရှင်မှတ်မိပါသလား ၊ ဒါကြောင့် ကောင်းမွန်တဲ့ နိမိတ်ပဲဖြစ်ပါတယ်။” ဟုဆိုလေသည်။   “ချောင်ချောင်း”(Cao Cao) လည်းလွန်စွာကျေနပ်ပြီး ချက်ချင်းပင် မျှော်စင်တစ်ခုဆောက်လုပ်စေသည်။ Zhang မြစ်ကမ်းတွင် ကြေးညိုငှက်မျှော်စင်ကို တစ်နှစ်အတွင်းဆောက်လုပ်စေလေသည်။ “ချောင်ချောင်း”(Cao Cao) ၏သားအငယ် “ချောင်ကျီ”(Cao Zhi) က “မျှော်စင်တစ်ခုဆောက်ရင် ဘေးတစ်ဖက်တစ်ချက်စီကနေ တစ်ခုစီထပ်ဆောက်သင့်တယ်။ အလယ်က အမြင့်ဆုံးမျှော်စင်ကို ကြေးညိုငှက်မျှော်စင်လို့ နာမည်ပေးပြီး ဘေးမျှော်စင်တွေက ကျောက်စိမ်းနဂါးမျှော်စင်နဲ့ ရွှေရောင်ဖီးနစ်မျှော်စင်လို့ ခေါ်မယ်။ ပြီးရင် သူတို့ကို မိုးပျံတံတားတွေနဲ့ ဆက်သွယ်လိုက်ရင် သိပ်ကို နန်းဆန်သွ

Qin's Moon S1 MM Sub

Image
Ep 1 (89 MB) Ep 2 (93 MB) Ep 3 (83 MB) Ep 4 (85 MB) Ep 5 (95 MB) Ep 6 (108 MB) Ep 7 (109 MB) Ep 8 (88 MB) Ep 9 (90 MB) Ep 10 (102 MB) <<To Read Review>>

သုံးနိုင်ငံခေတ်(၃၃)

Image
အခန်း(၃၃) ရဲရင့်သောသူရဲကောင်း "ချောင်ဖီး"(Cao Pi) သည် ကျန်းအမျိုးသမီးနှင့် လက်ထပ်ခြင်း။ "ကောကျား"(Guo Jia) ၏နောက်ဆုံးစာ။ "ချောင်ဖီး"(Cao Pi) သည် ယွမ်မိသားစုနန်းတော်အတွင်းဝင်သွားသောအခါ အမျိုးသမီးနှစ်ဦးကိုတွေ့သော် ဓားကိုနှိမ့်လိုက်ပြီး "မင်းက ဘယ်သူလဲ" ဟု မေးသည်။ အမျိုးသမီးနှစ်ဦးအနက်မှ အသက်ကြီးသောသူမှ "ကျွန်မက သေသွားတဲ့ယွမ်ရှောက်ရဲ့ ဒုတိယဇနီး လျူပါ။ ဒါကတော့ သူ့သား ယွမ်ရှီး(Yuan Xi) ရဲ့ဇနီးပါ။ သူက ကျန်းမျိုးရိုးဖြစ်ပါတယ်၊ သူ့အမျိုးသား ယိုကျိုးပြည်နယ်ကိုသွားဖို့အမိန့်ထုတ်ခံရတဲ့အချိန်မှာ သူ့အိမ်သူအိမ်သားတွေက အဝေးကြီးကိုမသွားခိုင်းတာနဲ့ ဒီမှာနေခဲ့တာပါ" ဟု ပြောလေသည်။ "ချောင်ဖီး"(Cao Pi) သည် ကျန်းအမျိုးသမီးကို အနီးသို့ဆွဲကပ်လိုက်ကာ သေချာကြည့်လေသည်။ ထိုအမျိုးသမီး၏ ဆံပင်တို့မှာ ရှုပ်ပွနေကာ မျက်နှာတွင်လည်း ဖုန်မှုန့်တို့ကပ်နေပြီး မျက်ရည်တို့လည်း ကျနေသည်။ "ချောင်ဖီး"(Cao Pi) သည် သူ၏အင်္ကျီဖြင့် မျက်ရည်တို့၊ ဖုန်တို့ကိုသုတ်လိုက်ရာ ချစ်ဖွယ်ကောင်းသော၊ ကျောက်စိမ်းကဲ့သို့ကြည်လင်သောအသားအရည်၊ ပန်းကဲ့သို့နူးညံ့သောအသားအရည်ရှိသည့်