Posts

Showing posts from January, 2015

Qin's Moon - History Facts

Image
Qin's Moon မှာ ပါတဲ့ character တွေ အဖွဲ့တွေက အဲ့ Qin ခေတ်မှာ တကယ်ရှိခဲ့တဲ့ လူတွေ နာမည်တွေကို ယူထားတာ ဖြစ်ပါတယ်။ Hundred schools of Thought (တွေးခေါ်ပညာရပ် ဆိုင်ရာ ကျောင်းပေါင်း တစ်ရာ) Qin's Moon ကို ကြည့်ကြတဲ့ တချို့လူတွေက ဒီ Qin's Moon ထဲမှာ ပါတဲ့ ကျောင်းတွေဟာ အပြင်မှာ မရှိခဲ့ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် အဲ့ကျောင်းတွေဟာ အမှန်တကယ်ရှိခဲ့ပါတယ်။ Qin ခေတ်ရဲ့ အရှေ့ခေတ်ဖြစ်တဲ့ Zhou ခေတ်မှာ အတွေးအခေါ်နဲ့ ဆိုင်တဲ့ ပညာရပ်တွေ ထွန်းကားခဲ့ပြီး ထင်ရှားကျော်ကြားခဲ့တဲ့ တွေးခေါ်ပညာရှင်တွေ အများကြီး ပေါ်ထွန်းခဲ့ပါတယ်။ အဲ့ တွေးခေါ်ပညာရှင်တွေဟာ တပည့်တပန်းတွေ မွေးပြီး အဲ့ပညာရပ်တွေကို သင်ယူဖို့ ကျောင်းတွေ ထောင်ခဲ့တယ်။ အဲ့ထဲက ထင်ရှားတဲ့ ကျောင်းအချို့ကတော့ - 1. Mohism (မိုတီဝါဒ) 2. Confucianism (ကွန်ဖြူးရှပ်ဝါဒ) 3. Legalism ( ဥပဒေပညာရပ်) 4. Taoism (တာအိုဝါဒ) 5. Logicians (ယုတ္တိဗေဒ ပညာရှင်) 6. Agriculturalism (စိုက်ပျိုးရေး ပညာ) 7. Military (စစ်မက်ရေးရာ ဝါဒ) နဲ့ 8. Yin and Yang School (ယင်း ယန် ကျောင်း) တို့ပဲ ဖြစ်တယ်။ (စကားချပ် - အဲ့ အထဲမှာ အချို့ တွေးခေါ်ပညာရှင် အကြောင်းတွေဟာ

Qin's Moon

Image
သင်ဟာ anime genre တွေထဲမှာ Historical genre ကို ကြိုက်တဲ့ သူ တစ်ယောက်လား? ဒါမှမဟုတ် သင်ဟာ (Wuxia series) တရုတ်သိုင်းကားတွေကို စွဲစွဲမြဲမြဲ ကြိုက်နှစ်သက်တဲ့ လူလား? အဲ့လိုဆိုရင်တော့ Qin's Moon ဟာ သင် ကြည့်သင့်တဲ့ တရုတ် 3 D animation ဖြစ်ပါတယ်။ Qin's Moon ဟာ ထိုင်ဝမ် စာရေးဆရာ တစ်ယောက်ရေးခဲ့တဲ့ ဝတ္ထုကို အခြေခံထားတာ ဖြစ်ပြီး တရုတ်ပြည်ရဲ့ ပထမဆုံးသော Wuxia 3D animation ဖြစ်ပါတယ်။ 2007 ခုနှစ်မှာ စတင် ထုတ်လွှင့်ခဲ့ပြီး ဇာတ်လမ်းရဲ့ တရုတ်နာမည်ကတော့ 秦时明月; (pinyin: qín shí míng yuè) ဖြစ်ပြီး "Qin ခေတ်၏ တောက်ပသော လဝန်း" လို့ အဓိပ္ပာယ်ရပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ကတော့ သူရဲကောင်း ဖြစ်ချင်တဲ့ Tian Ming ဆိုတဲ့ ကောင်လေးဖြစ်ပြီး သူ့အကြောင်းကို သိုင်းအကြောင်းတွေ ၊ ဒဏ္ဍာရီ ပုံပြင်တွေ ၊ သမိုင်းရာဇဝင်တွေနဲ့ ရောယှက်ပြီး ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပါတယ်။ နောက်ပြီး ဒီဇာတ်လမ်းမှာ အဲ့ Qin ခေတ်မှာ ထင်ရှားခဲ့တဲ့ လူတွေ (ဥပမာ - Qin Shi Huang ၊ Jing Ke ၊ Zhang Liang ) အပြင် အဲ့ခေတ်မှာ ရှိခဲ့တဲ့ အတွေးအခေါ်ပညာရပ်ကျောင်းတွေ၊ ဝါဒတွေ (Mohism မော့ဝါဒ၊ Confucianism ကွန်ဖြူးရှပ်ဝါဒ၊ Taoism တာအိုဝါဒ) စတာတွေ