Posts

Showing posts from September, 2019

သုံးနိုင်ငံခေတ်(၈၉)

Image
အခန်း(၈၉) ဝူရှန်သခင်သည် စတုတ္ထအကြိမ်ပရိယာယ်သုံးခြင်း။  မန်ဘုရင်သည် ပဉ္စမအကြိမ်အဖမ်းခံရခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) ၏လှည်းယာဉ်ကို မြင်းသည်တော်အချို့ကသာ စောင့်ကြပ်နေခဲ့သည်။ ရေစီးနှေးသော အနောက်ဘက်မြစ်အကြောင်းကို ကြားသိပြီးနောက် လှေသင်္ဘောတို့မရှိသောအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ ကိုယ်ရံတော်တပ်တို့ကို သစ်တို့အားခုတ်လှဲစေကာ ဖောင်တို့ပြုလုပ်စေသည်။ ထိုသို့ပြုလုပ်ခဲ့သော်လည်း ဖောင်တို့မှာ ရေထဲနစ်သွားခဲ့သည်။ ထို့ကြောင့် "ကျူးကဲလျန့်"(Zhuge Liang) မှ "လုခိုင်"(Lu Kai) ဘက်သို့လှည့်ကာ "ဒီနားမှာ ဝါးပင်တွေအများကြီးရှိတဲ့တောင်တစ်တောင်ရှိတယ်။ ဒါ့အပြင် အဲ့ဝါးတွေက လုံးပတ်တော်တော်ကြီးတယ်လို့ပြောတယ်။ အဲ့ဒါတွေကိုသုံးပြီးတော့ တံတားလုပ်ပြီး တပ်ဖွဲ့တွေကိုဖြတ်ခိုင်းရမယ်" ထို့ကြောင့် တပ်သားသုံးသောင်းကိုတောင်ပေါ်သို့လွှတ်ပြီး ဝါးပင်ပေါင်းထောင်ပေါင်းများစွာကိုခုတ်လှဲစေကာ မြစ်ပေါ်တွင် ပေါ်နေစေခဲ့သည်။ ထို့နောက် မြစ်ကြောင်းအကျဉ်းဆုံးနေရာတွင် အထွာတစ်ရာခန့်ရှည်သော တံတားထိုးခဲ့သည်။ ပြီးနောက် တပ်မကြီးကို မြစ်အောက်ဖျားပိုင်းသို့ချီတက်စေကာ မြစ်ကမ်းတလျှောက်စခန်းချထ